မြန်မာနိုင်ငံ ရေဘေးဒဏ်သင့်ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် AHA Centre တို့မှ ပေးပို့သည့် လူသားချင်းစာနာမှုအကူအညီပစ္စည်းများ မြန်မာနိုင်ငံအစိုးရသို့ လွှဲပြောင်းပေးအပ်


Ministry of Information/ Naypyitaw / September 18, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၇

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့် ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရမှ ပေးပို့သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများသည် ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံအစိုးရသို့ လွှဲပြောင်းပေးအပ်သည်။

လူသားချင်း စာနာထောက်ထားမှုအကူအညီများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

လွှဲပြောင်းပေးအပ်

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Shri Abhay Thakur က လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

အိန္ဒိယလေတပ် သယ်ယူပို့ဆောင်ရေးလေယာဉ် IL-76 ဖြင့်ပေးပို့လာသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများတွင် ခြင်ထောင်အလုံး ၁၀၀၀၊ အသင့်စားအစားအစာထုပ် (MRE) အထုပ် ၃၀၀၀၊ မီးဖိုချောင် သုံးပစ္စည်းအစုံ ၅၀၀၊ ဆိုလာမီးအိမ် ၁၀၀၀ ခန့်၊ မီးစက်နှစ်လုံး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ (Hygiene Kits) အစုံ ၄၀၀၀၊ ယာယီတဲ ၁၅ လုံး၊ ရေသန့်စင်ရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် ကလိုရင်းဆေးပြား၊ ပိုးသတ်ဆေး၊ Bleaching pow-der နှင့် ဆေးဝါးပစ္စည်းများ စုစုပေါင်းပစ္စည်းတန်ချိန် ၃၀ ကျော် ပါရှိသည်။

ထပ်မံရောက်ရှိမည်

အလားတူ အစားအစာ၊ အဝတ်အထည်၊ ဆေးဝါး၊ တာပေါ်လင်နှင့် ယာယီတဲများ သယ်ဆောင်လာသော အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ထပ်မံရောက်ရှိမည်ဖြစ်သည်။

ထို့ပြင် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေးညှိနှိုင်းမှုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre) မှ ထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၃၃၇၁၄၈ ဒသမ ၉၅ ခန့်မှန်းတန်ဖိုးရှိ မိသားစုသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မိသားစုသုံးမိုးကာတဲများ၊ တာပေါ်လင်၊ Shelter Repair Kit ၊ ရေသန့်စက်များနှင့် အခြားအရေးပေါ်သုံးပစ္စည်းများပါဝင်သော စုစုပေါင်းအလေးချိန် ၅၉၃၆၀ ကီလိုဂရမ်ရှိ ပစ္စည်းများကို မြန်မာအမျိုးသားလေကြောင်း လိုင်း (MNA)၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) တို့ဖြင့် သယ်ဆောင်လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ဆိုက်ရောက်ခဲ့သည်။

အမြန်ဆုံးပို့ဆောင်သွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးဒဏ်သင့်သူများအတွက် အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး “မူ” ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရောက်ရှိလာသော ကယ်ဆယ်ရေးပစ္စည်းများကို ရေဘေးသင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3473 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download