မြန်မာရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲကြီးတွင် ကရင်ပြည်နယ်ကိုယ်စားပြုအောင်ပွဲရပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆို


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 25, 2024


ဘားအံ အောက်တိုဘာ ၂၅

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲကြီးသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကရင်ပြည်နယ်ကိုယ်စားပြု အောင်ပွဲရပြိုင်ပွဲဝင်များသည် အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့သို့ပြန်လည်ရောက်ရှိလာရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။

ထို့နောက် ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ဇွဲကပင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအဆင့်ပြိုင်ပွဲကြီးတွင် ဆုတံဆိပ်(၃၀)ဆွတ်ခူးကာ ပြည်နယ်၏ဂုဏ်ကိုဆောင်နိုင်ခဲ့ကြသည့်အတွက် ပြိုင်ပွဲဝင်များ နှင့်ကြီးကြပ်အုပ်ချုပ်သူများအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ဆုရရှိကြသည့်ပြိုင်ပွဲဝင်များအား (၆၉)နှစ် မြောက်ကရင်ပြည်နယ်နေ့တွင် ထိုက်ထိုက်တန်တန်ဂုဏ်ပြုဆုများဆက်လက်ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ယခုပြိုင်ပွဲမှ အားနည်းချက်၊ အားသာချက်များကိုသုံးသပ်၍ နောင်လာမည့်နှစ်တွင် ပြည်နယ်ဂုဏ်ဆောင်ရွှေတံဆိပ်ဆုရှင်များ ပိုမို ပေါ်ထွန်းလာရေးအားလုံးကြိုးပမ်းဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲအတွေ့အကြုံများနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြ၍ ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး ကရင်ပြည်နယ်ကိုယ်စားပြုအောင်ပွဲရပြိုင်ပွဲ ဝင်များနှင့် အခမ်းအနားသို့တက်ရောက်လာ သူများအား ဂုဏ်ပြုညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲကြီးသို့ ကရင်ပြည်နယ်အနေဖြင့် ပြိုင်ပွဲဝင် ၁၅၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၆)ဆု၊ ငွေတံဆိပ်(၁၂)ဆု၊ ကြေးတံဆိပ်(၉) ဆု၊ နှစ်သိမ့်ဆု(၁)ဆု၊ ဂုဏ်ပြုဆု(၂)ဆု စုစုပေါင်းဆုတံဆိပ်(၃၀)ဆွတ်ခူးရရှိခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိ သူများက ဆုရရှိခဲ့ကြသည့် အနုသုခုမ အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် ကြီးကြပ်အုပ်ချုပ်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၆/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် (၅/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးတင်ပြကြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြ ကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲများက တင်ပြဆွေးနွေးချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

Newspaper - 2965 items

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အောက်တိုဘာ ၂၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download