မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / November 14, 2024
နေပြည်တော် နိုဝင်ဘာ ၁၃
မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကိုယ်စားလှယ်များတက်ရောက်
အစည်းအဝေးသို့ မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဒုတိယဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေးက ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၌ကျင်းပခဲ့သည့် မြူကင်းစင်သောကောင်းကင် (Clear Sky Strategy) မဟာဗျူဟာဆိုင်ရာ ပူးတွဲလုပ်ငန်း စီမံချက်ထုတ်ပြန်ကြေညာခြင်း အခမ်းအနားတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရာတွင် တောမီးလောင်ကျွမ်းမှုထိန်းချုပ်ရေးနှင့် မီးငြှိမ်းသတ်ရေးစနစ်၊ စောင့်ကြည့်ရေးစနစ်၊ စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုစနစ်၊ ဥပဒေများပြဋ္ဌာန်းခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်းတို့ကို နိုင်ငံတကာဥပဒေများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ပေါင်းစပ်ညှိနှိုင်း
မကြာမီကာလအတွင်း ပွင့်လင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တောမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ စစ်ဆေးရေးနှင့် ပညာပေးရေး ဆောင်ရွက်မှုများ၊ လဟာပြင်မီးမရှို့စေရေး ပညာပေးဟောပြောမှုများ၊ အိမ်သုံးနှင့်လယ်ယာသုံး စွန့်ပစ်ပစ္စည်းများအား မီးမရှို့စေရေး၊ စနစ်တကျစွန့်ပစ်နိုင်ရေး၊ အမှိုက်မီးရှို့စက်ဖြင့် စနစ်တကျမီးရှို့နိုင်ရေး ပညာပေးဆောင်ရွက်မှုများနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ဒေသအလိုက် Fire Hotspot စောင့်ကြည့်ခြင်းနှင့် လေထုအရည်အသွေး တိုင်းတာခြင်းများလည်း ပုံမှန်ပြုလုပ်၍ သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းများပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းသူက မကြာမီပွင့်လင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်သည့် အတွက် မြန်မာ-ထိုင်း နယ်စပ်ဒေသတွင်သာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်အောင်မြင်စေရေးအတွက် ကော်မတီဝင် များအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပွင့်ပွင့်လင်းလင်းနှင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ကော်မတီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ မြန်မာနိုင်ငံအတွင်း Fire Hotspot လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များက မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3460 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
