မြို့ပြဒေသများနှင့် မြို့နေပြည်သူလူထု ဖွံ့ဖြိုးတိုးတက်မှုများကိုဖော်ဆောင်
မြို့ပြဒေသများနှင့် မြို့နေပြည်သူလူထု ဖွံ့ဖြိုးတိုးတက်မှုများကိုဖော်ဆောင်
Ministry of Information/ Naypyitaw / November 07, 2025
မြန်မာနိုင်ငံတွင် လူဦးရေနှစ်စဉ်တိုးပွားလာသည့်အလျောက် အထူးသဖြင့် မြို့ပြနေလူဦးရေမှာ တစ်နေ့တခြား များပြားလာသည်ကို တွေ့ရမည်ဖြစ်သည်။ မြို့ကြီးများတွင် လူဦးရေထူထပ်လာသည်နှင့်အတူ မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့နေပြည်သူလူထု နေထိုင်မှုဘဝနှင့် ကျန်းမာစွာနေထိုင်နိုင်ရေးအတွက် နိုင်ငံတော်က စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အားသာချက်၊ အားနည်းချက်များ ကိုထုတ်ဖော်၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် သက်ဆိုင်ရာတို့က ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ “မိမိတို့ တာဝန်ယူထားရသည့်ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်သည်မှန်သမျှကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်မြို့နေပြည်သူလူထုအတွက် ဆောင်ရွက်ပေးရမည့် အချက်များကို လမ်းညွှန်မှာကြားခဲ့သည်။
မြို့ပြသာယာလှပရေးနှင့်ပတ်သက်၍ မြို့ပြတိုးချဲ့တည်ဆောက်ရေး စီမံကိန်းများကို ဒေသဆိုင်ရာအဖွဲ့အစည်းများက အကောင်အထည်ဖော်လျက်ရှိသည်ကို တွေ့ရသည်။ မြို့ကွက်များ တိုးချဲ့ဆောင်ရွက်ခြင်းအတွက် ရေ၊ မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများ ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် အချို့နေရာများတွင် မြေနေရာကို တန်ဖိုးရှိစွာအသုံးချနိုင်ရေး၊ အဆင့်မီအိမ်ရာများ၊ တိုက်ခန်းများ ဆောက်လုပ်ပေးခြင်းသည် မြို့ပြအဆင့်အတန်းကို မြှင့်တင်ရာရောက်ပြီး ပိုမိုအကျိုးရှိမည်ဖြစ်သည်။ မြို့ကွက်သစ်များ ဖော်ဆောင်ထားသည်နှင့်အညီ အမှန်တကယ် အဆောက်အအုံများနှင့် နေထိုင်သူများ ဖြစ်ပေါ်လာရန်၊ မြို့ပြသာယာလှပရေးနှင့် ပတ်သက်၍ ချမှတ်ထားသည့် စည်ပင်သာယာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်ရန်လိုပြီး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်၊ စည်ပင်သာယာရေးဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မိမိတို့ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်သည်များကို တာဝန်ကျေပွန်စွာထမ်းဆောင်သွားရန် လိုအပ်ကြောင်းတို့ကို နိုင်ငံတော်အကြီးအကဲက မှာကြားထားသည်။
မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့်အတူ တည်ဆောက်ထားသည်များကိုလည်း စဉ်ဆက်မပြတ် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားမှသာ မြို့ပြအင်္ဂါရပ်များနှင့်ညီညွတ်သော အဆင့်မြင့်မြို့ပြအဖြစ် အစဉ်တည်တံ့ခိုင်မြဲပြီး ဂုဏ်ယူစရာမြို့ဖြစ်လာမည်ဖြစ်သည်။ မြို့ပြဖွံ့ဖြိုးရေးဖော်ဆောင်မှုနှင့်အတူ မြို့နေပြည်သူလူထုအတွက် အပန်းဖြေအနားယူနိုင်ရန်နေရာများ၊ ပြည်သူလူထုနှင့် သက်ဆိုင်သည့်နေရာများကိုလည်း ဖော်ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူဦးရေသိန်းချီနေထိုင်လျက်ရှိသည့်မြို့များ၌ ပြည်သူလူထု ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကွင်းများ မြှင့်တင်ရေးအတွက် အဆင့်မီအားကစားကွင်းများကိုလည်း တည်ဆောက်ပေးရန် လိုအပ်သည်။
ထို့အပြင် အခြေခံပညာကျောင်းများ၌လည်း သင့်လျော်သည့် အားကစားကွင်းများရှိစေရေး၊ စာသင်ကျောင်းများနှင့်ကိုက်ညီသည့် အခြေခံအဆောက်အအုံများ ပြည့်မီရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုသည်။ တက္ကသိုလ်၊ ကောလိပ်များ၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်မည့်နေရာများ၊ အားကစားပွဲတော်များ ကျင်းပပေးနိုင်မည့်နေရာများကိုလည်း ဖော်ဆောင်ပေးထားရမည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လူဦးရေနေထိုင်မှုများပြားသည့် မြို့နယ်များ၌ မီတာ ၄၀၀ ပြေးလမ်းများပါရှိသော အားကစားကွင်းများကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ခွင့်ပြုပေးထားပြီးဖြစ်သည်။ ထိုမှတစ်ဆင့်မိုးလုံလေလုံအားကစားရုံများ၊ မိုးလုံလေလုံရေကူးကန်များကို ခွင့်ပြုပေးလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အနေဖြင့် ပိုင်ဆိုင်ထားပြီးဖြစ်သည့် အားကစားကွင်းများကို ပျက်စီးမှုမရှိစေရေးနှင့် အဆင့်မီမီကစားနိုင်ရေး ထိန်းသိမ်းထားရမည်ဖြစ်သကဲ့သို့ လိုအပ်သည့် အားကစားကွင်းများကိုလည်း သတ်မှတ်ချက်နှင့်အညီ တင်ပြတောင်းခံသွားရန်လိုကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေ စဉ်ကာလအတွင်း ပြည်သူလူထုအတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ သာယာလှပရေး၊ ပြည်သူလူထုအပန်းဖြေအနားယူနိုင်ရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ အားကစားကွင်းများ အဆင့်မြှင့်တင်ရေးစသည့် မြို့ပြဖွံ့ဖြိုးရေးကိစ္စအဝဝတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများက တိတိကျကျ မှန်မှန်ကန်ကန်ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper - 3341 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
