မွန်မြတ်သောစိတ်ထားဖြင့် ကူညီ ပြန်လည်ထူထောင်တည်ဆောက်မည်


Ministry of Information/ Naypyitaw / May 15, 2025
image_latest


၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ပြန်လည်ထူထောင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းမှန်ကန်စွာဖြင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အဆိုပါအိမ်ဆောက်ပစ္စည်းများ ရောင်းချပေးခြင်းအစီအစဉ်ကို မေလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ရောင်းချလျက်ရှိသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် မတ်လ ၂၈ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ ကောက်ယူထားသောစာရင်းများအရ ထိခိုက်ပျက်စီးခဲ့မှုများမှာ နေအိမ်အဆောက်အအုံပေါင်း ၆၅၀၉၆ လုံး၊ စာသင်ကျောင်းပေါင်း ၂၅၁၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းပေါင်း ၄၃၁၇ ကျောင်း၊ ဘုရားစေတီ စုစုပေါင်း ၆၀၂၇ ဆူ၊ ဆေးရုံ/ဆေးခန်းပေါင်း ၃၅၀၊ ရထားလမ်း ၃၈ ခု၊ လမ်း များ ၂၆၉ ခု၊ အမြန် (လမ်းပိုင်း) ၂၀၃ ခု၊ ဆည်တမံပေါင်း ၅၈၆ ခုနှင့် တံတားစုစုပေါင်း အစင်း ၁၇၀ တို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါထိခိုက်ပျက်စီးဆုံးရှုံးမှုများအနက် အများပြည်သူပိုင်အဆောက်အအုံများကို နိုင်ငံတော်အစိုးရက နိုင်ငံတော်ဘဏ္ဍာငွေ၊ နိုင်ငံတော်ပိုင်ပစ္စည်းများဖြင့် အလျင်အမြန် ပြန်လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိသလို ငလျင်ဒဏ်သင့် ပုဂ္ဂလိကပိုင်ပြည်သူများကလည်း မိမိတို့နေအိမ်တွင် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရန်အတွက် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းအများအလိုက် တတ်နိုင်သမျှ ပြန်လည်ပြင်ဆင်ခြင်း၊ တည်ဆောက်ခြင်းတို့ကို ဆောလျင်စွာ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ပြန်လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို ပြုလုပ်ကြရာတွင် ပြင်ပမှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဝယ်ယူကြရာ၌ ပေါက်ဈေးအတိုင်း မှန်မှန်ကန်ကန် ရောင်းချကြသူများရှိသလို ဖြစ်ပေါ်ခဲ့သောအခြေအနေအပေါ် အမြတ်ထုတ်လိုကြသော ဝိသမလောဘသားများက မတန်တဆဈေးနှုန်းမြှင့်တင်မှုများ၊ အရည်အသွေးမပြည့်ဝ မမှန်ကန်ရောင်းချမှုများအတွက် အခက်အခဲများနှင့် စိုးရိမ်ပူပန်မှုများ ဖြစ်ကြရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူတို့၏ အခက်အခဲများကို တတ်နိုင်သမျှ ဖြေရှင်းပေးလျက်ရှိသလို တစ်ဖက်တွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချခြင်းအစီအစဉ်ကို ဖော်ဆောင်ပေးလျက်ရှိသဖြင့် အများပြည်သူများ စိတ်ချမ်းသာ အဆင်ပြေကြသည်။

အဆိုပါအစီအစဉ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် သံ၊ သံမဏိလုပ်ငန်းရှင်များအသင်းတို့ ဦးဆောင်မှုဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဆိုင်ရာ ကုမ္ပဏီ ၆၁ ခုက ပြခန်းပေါင်း ၇၄ ခုဖြင့် ဖွင့်လှစ်ပြသရောင်းချပေးလျက်ရှိသည်။ ငလျင်ဒဏ်သင့်အဆောက်အအုံများကို SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နေထိုင်နိုင်မည့် အဆောက်အအုံများ၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့်အန္တရာယ်ရှိ အဆောက်အအုံများ၊ အသစ်တည်ဆောက်ရမည့်အဆောက်အအုံများရှိပြီး စနစ်တကျ ဆောင်ရွက် လျက်ရှိသည်။

မန္တလေးငလျင်ကြီး လှုပ်ခတ်မှုအပြီးတွင် မြန်မာနိုင်ငံအတွင်းရှိ ဘိလပ်မြေဈေးကွက် မတည်ငြိမ်မှုဖြစ်ပေါ်ခဲ့သည်။ ငလျင်ဒဏ်သင့်ဒေသတွင်သာမက အခြားဒေသများ၌ပါ ဘိလပ်မြေဈေးနှုန်းများ အဆမတန်မြင့်တက်သွားပြီး ကုန်ပစ္စည်းများ ပြတ်လပ်သည်အထိ ပြည်သူများ အခက်အခဲများဖြစ်ကြရသည်။ နေပြည်တော်တွင် ပြုလုပ်သည့်ပွဲတော်ဈေးရက်တွင် စက်ရုံဈေးနှုန်းအတိုင်း ဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၁၉၅၀၀ နှုန်းဖြင့် တစ်ရက်လျှင် ဘိလပ်မြေအိတ်တစ်သောင်း ရောင်းချပေးလျက်ရှိသည်။ လူတစ်ဦးလျှင် အိတ် ၂၀ အထိ ရောင်းချပေးသည့်အပြင် အခြားသံနှင့် သံမဏိပစ္စည်းများကိုလည်း ဈေးကွက်ဈေးနှုန်းထက် လျှော့ချရောင်းချပေးလျက်ရှိသည်။

အရောင်းပြခန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို သက်သာစွာ ဝယ်ယူနိုင်သည့်အပြင် ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ရေးနည်းပညာများကိုလည်း လေ့လာနိုင်အောင် စီစဉ်ထားသည်။ ထို့ပြင် ငလျင်နှင့်ပတ်သက်၍ ရေရှည်တွင် ကာကွယ်နိုင်အောင် အဆင့်မြင့်နည်းပညာများ၊ စနစ်တကျသုံးစွဲနိုင်သည့် အင်ဂျင်နီယာစနစ်များကိုလည်း ပြခန်းများတွင် လာရောက်လေ့လာနိုင်သည်။ ငလျင်ဒဏ်သင့်ပြည်သူများ လိုအပ်သည်များကို အဆင်ပြေစွာဝယ်ယူနိုင်ရန်အတွက် လူတစ်ဦးချင်းအလိုက် ဆောင်ရွက်ပေးလျက်ရှိသလို အခြားတစ်ဖက်တွင် ပျက်စီးသွားသည့် စေတီဘုရားများ၊ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်သောပစ္စည်းများကို စက်ရုံထုတ်အထူးဈေးနှုန်းများဖြင့် စေတနာရှင်၊ အလှူရှင်များအား ရောင်းချပေးလျက်ရှိရာ မွန်မြတ်သောစိတ်ထား ကူညီမှုများဖြင့် ပြန်လည်ထူထောင်တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download