ယဉ်ကျေးမှုအမွေ မြဲခိုင်တည်တံ့စေ


Ministry of Information/ Naypyitaw / October 08, 2024
image_latest


အင်္ဂလိပ်ဘာသာတွင် Civilization ဟူသော ဝေါဟာရနှင့် Culture ဟူသော ဝေါဟာရတို့ကို မြန်မာပြန်ဆိုရာ၌ “ယဉ်ကျေးမှုဟူ၍သာ ယေဘုယျအားဖြင့် ပြန်ဆိုလေ့ရှိကြသည်။ ပိုမို၍နီးစပ်သော အနက် အဓိပ္ပာယ်အရမူCivilization သည် သမိုင်းကာလ ခေတ်အဆက်ဆက် ထွန်းကားခဲ့သည့် ယဉ်ကျေးမှုကြီးများကို အဓိကရည်ညွှန်းခြင်းဖြစ်ပြီး Culture ကမူ သမိုင်းခေတ်များထဲမှ လူမှုဓလေ့စရိုက်များ၊ ခေတ်ပြိုင်ကာလ လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု မတူကွဲပြားသည့် လူမှုစရိုက်များကို ဆိုလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် အစောဆုံးသော မြို့ပြများထူထောင်ခဲ့သည့်နိုင်ငံဖြစ်ပြီး ရှည်လျားခိုင်မာသည့် သမိုင်းစဉ်တစ်လျှောက် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုများစွာ ထွန်းကားခဲ့သည့်နိုင်ငံဖြစ်သည်။ သမိုင်းခေတ်အဆက်ဆက် ကျန်ရှိခဲ့သည့်ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များစွာတို့ကို နိုင်ငံအနှံ့ဒေသအများအပြားတို့တွင် တွေ့ရှိနိုင်သည်။ သမိုင်းမတင်မီခေတ်မှစ၍ ယဉ်ကျေးမှုခေတ်အဆက်ဆက်မှ ကျောက်လက်နက်ပစ္စည်းကိရိယာများ၊ အဆောက်အအုံများ၊ ကုန်ထုတ်ကိရိယာများ၊ လူ့အသုံးအဆောင်များ၊ လက်နက်အမျိုးမျိုး၊ တူရိယာအမျိုးမျိုး၊ လှေလှည်းယာဉ်အမျိုးမျိုး စသည့်ထိတွေ့ကိုင်တွယ်နိုင်သော အရာများမှာ ဒြပ်ရှိယဉ်ကျေးမှုပစ္စည်းများဖြစ်ကြပြီး ပြောဆိုသည့်စကား၊ ယုံကြည်ကိုးကွယ်မှု၊ အတွေးအခေါ်၊ ဓလေ့ထုံးစံ၊ ရိုးရာပွဲတော်များ၊ အနုသုခုမပညာရပ်များ၊ အစားအသောက်များ၊ လက်မှုပညာများ စသည်ဖြင့် နာမ်သဘောဆောင်သည့် ယဉ်ကျေးမှုများမှာ ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်သည်။

မျက်မှောက်ကမ္ဘာတွင် သတင်းနည်းပညာများ တိုးတက်ပြောင်းလဲလာခြင်း၊ ရုပ်ဝတ္ထုဆိုင်ရာတိုးတက်မှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေခြင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းခေါ် ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန်ပတ်သက်ဆက်နွှယ်မှုကြီးမားလာခြင်း စသည့်အကြောင်းများကြောင့် နိုင်ငံတိုင်း၊ လူမျိုးတိုင်းတို့မှာ မိမိတို့၏ ဝိသေသလက္ခဏာများကို ခိုင်မာစွာထိန်းသိမ်းရန် လိုအပ်လာသည်။ အထူးသဖြင့် ပြောင်းလွယ်၊ ပျောက်လွယ်သော ပင်ကိုသဘာဝရှိ သည့် ဒြပ်မဲ့ယဉ်ကျေးမှုများကို ပိုမို၍ထိန်းသိမ်းရန် အရေးကြီးလာသည်။ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းသည် နိုင်ငံတိုင်း၊ လူမျိုးတိုင်း၏ အမျိုးသားရေးတာဝန်ဖြစ်သည်နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန်မှာလည်း မြန်မာလူမျိုးတိုင်း၏ တာဝန်ပင်ဖြစ်သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အနုသုခုမပညာရပ်များ၏ အစောဆုံးတွေ့ရှိရသည့်မှတ်တမ်းသည် အရှေ့တောင်အာရှတွင် အစောဆုံးမြို့ပြနိုင်ငံများ ထူထောင်ခဲ့သည့် ပျူခေတ်တွင်စတင်ခဲ့ခြင်းဖြစ်ပြီး တင့်တယ်လှပခြင်း၊ သာယာနာပျော်ဖွယ်ကောင်းခြင်း၊ အနုပညာရသများ ဖော်ကျူးနိုင်ခြင်း စသည့်ဂုဏ်ရည်တို့ကြောင့် ယဉ်ကျေးမှုအစဉ်အလာကြီးမားသည့် အိမ်နီးချင်းနိုင်ငံကြီး၌ပင် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်ခံခဲ့ရသည့် သမိုင်းရှိခဲ့သည်။ မြန်မာ့ရေမြေတောတောင်သဘာဝ၊ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ၊ မြန်မာ့ထီးဟန်နန်းဟန်များ၊ မြန်မာတို့၏ ကိုးကွယ်ယုံကြည်မှု၊ မြန်မာတို့၏ လောကအမြင်စသည်တို့မှ ထင်ဟပ်ပေါ်ထွန်းလာသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များမှာ ခေတ်အဆက်ဆက်တွင် ကိုယ်ပိုင်ဟန်ပန်၊ ကိုယ်ပိုင်ဝိသေသ လက္ခဏာများဖြင့် အခိုင်အမာရပ်တည်ခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံနှင့်လူမျိုးတို့ လွတ်လပ်ရေးဆုံးရှုံးခဲ့ရပြီးသည့်နောက်ပိုင်းတွင် တိုင်းတစ်ပါးယဉ်ကျေးမှုတို့ ထိုးဖောက်လွှမ်းမိုးမှု ခံခဲ့ရသည်။ နည်းပညာများနှင့် ရုပ်ဝတ္ထုပစ္စည်းများ အလျင်အမြန် တိုးတက်ထွန်းကားလာနေသည့် ယနေ့ခေတ်တွင်မူ ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်သည့် အဆို၊ အက၊ အရေး၊ အတီး အနုပညာရပ်များမှာ အလျင်အမြန် တိမ်မြုပ်ပျောက်ကွယ်သွားမည့် အန္တရာယ်ကျရောက်နေပြီဖြစ်ရာ စဉ်ဆက်မပြတ် ဖော်ထုတ်ထိန်းသိမ်းနိုင်မှသာလျှင် ရေရှည်တည်တံ့ နိုင်မည်ဖြစ်သည်။

(၂၅) ကြိမ်မြောက် ငွေရတု မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးကျင်းပရန် ရက်သတ္တတစ်ပတ်ခန့်သာ ကျန်ရှိတော့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဝါသနာရှင်၊ ပညာရှင်များနှင့် မျိုးဆက်သစ်များမှာ အဆင့်အမြင့်ဆုံးသော ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်ဆင်နွှဲနိုင်ရန် အားခဲပြင်ဆင်နေကြပြီဖြစ်သည်။ ပြိုင်ပွဲကြီးတွင် အဘက်ဘက်မှ ပါဝင်ကြသူအားလုံးက မိမိတို့ သီဆို၊ ကခုန်၊ ရေးသား၊ တီးမှုတ် ဆောင်ရွက်သမျှအားလုံးသည် အမျိုးသားယဉ်ကျေးမှုအမွေ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပိုမိုမြင့်မားအောင် မြှင့်တင်ရေးဟူသော အမျိုးသားရေးတာဝန်ကြီးကို ထမ်းဆောင်နေခြင်းအဖြစ် အလေးအနက် ခံယူဆောင်ရွက်ကြရပါမည့်အကြောင်း။       ။

Newspaper - 3020 items

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 17, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download