ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / November 22, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်‌မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဒုတိယဝန်ကြီး ဦးသန့်စင်လွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး / ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ အမျိုးသားစီမံကိန်းနှင့် နှစ်အလိုက် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာန၏ ကဏ္ဍအလိုက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) ကို လုပ်ငန်းစဉ်၊ မျှော်မှန်းချက်၊ စာရင်းအင်းတိကျမှန်ကန်ရေးကိစ္စရပ်များ ထည့်သွင်း၍ ပြင်ဆင်ရေးဆွဲဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဒို့တာဝန်အရေး ၃ ပါး၊ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်ကို အခြေခံ၍ ဆောင်ရွက်ကြရန်လိုကြောင်း။

 စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro- Based Industries) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဦးစားပေးဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးကြရန်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ကောင်းတစ်ရပ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့်စပ်လျဉ်း၍ ဒေသတွင်း အဖွဲ့အစည်းများဖြစ်သော အာဆီယံ၊ GMS ၊ ACMECS အဖွဲ့အစည်းများနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးဖြင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် မိတ်ဖက်နိုင်ငံများ ရှာဖွေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးကို အထောက်အကူပြုမည့် အလားအလာရှိသော မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတကာအကူအညီ ထောက်ပံ့မှုများနှင့် စပ်လျဉ်း၍ ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက စီးပွားရေးအသိုက်အဝန်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ယုံကြည်အားကိုးရသည့် ဌာနအဖွဲ့အစည်းတစ်ခုဖြစ်စေရန်အတွက် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ လျင်မြန်လွယ်ကူချောမွေ့စေရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ နိုင်ငံတကာနှင့် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာစေရေးဆောင်ရွက်မည့် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုမျှော်မှန်းချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ခြုံငုံသုံးသပ်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3357 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download