ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးအား လုပ်ကြံပစ်ခတ်သူ Free Land Attack Force (FLA) အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / December 26, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၆

နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းငွေ (၆၆)နှစ်၊ (ဘ)ဦးလှရွှေသည် ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ရှိနေစဉ် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစန်းငွေတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင်သတင်းပေးမှုများကြောင့် ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်တွင် လုပ်ကြံပစ်ခတ်မှုကျူးလွန်သူများဖြစ်ကြသည့် တရားခံဇော်ဇော်ဗိုလ်(ခ) ထွန်းထွန်းအောင်(၂၉)နှစ်၊ (ဘ)ဦးသိန်းဇော်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်(၂၃)နှစ်၊ (ဘ)ဦးမြင့်တို့အား ၎င်းတို့နေထိုင်ရာ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အမှတ်(၇၈၂)နေအိမ်၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် CZ 2075 RAMI P အမျိုးအစားအနက်ရောင်ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ လုပ်ကြံပစ်ခတ်စဉ်အတွင်း အသုံးပြုစီးနင်းခဲ့သည့် ယာဉ်အမှတ် YGN-8 GG-6136 Fielder အဖြူရောင်အငှားယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ) ငယ်ငယ်တို့၏ ထွက်ဆိုချက်အရ လုပ်ကြံပစ်ခတ်မှုအတွင်း ပါဝင်သူထန်းတပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ ရေတွင်းကုန်း-ဝါးတရာလမ်း၊ “စိုင်းသူအောင် အဆောင်နေကျော်ဇင်ဦး(ခ)ကျောင်းဆရာ (၃၁)နှစ်၊ (ဘ)ဦးမြင့်ဦးအား ယင်းနေ့ ည ၁၀ နာရီခွဲတွင် Glock အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ တရားခံမေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မင်းရဲကျော်စွာ(၅)လမ်း၊ အိမ်အမှတ်(၁)နေ စိုင်းနောင်ထက်(ခ)အာကြီး(၂၇)နှစ်၊ (ဘ)ဦးဇော်ဝင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိုင်းနောင်ထက်(ခ)အာကြီးအား ၎င်းနေထိုင်သည့် အဆောက်အဦပထမထပ်၏ ထပ်ခိုးပေါ်တွင် အနက်ရောင်စက္ကူဘူးအတွင်းထည့်၍ ဝှက်သိမ်းထားသည့် SIG SAUER အမျိုးအစား အနက်ရောင်ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ 9 mm ကျည် ၃၃ တောင့်နှင့် မီးခိုးဗုံး ၂ လုံးတို့နှင့်အတူ ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ တရားခံကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့ ၃ ဦး၏ ထွက်ဆိုချက်များအရ ၎င်းတို့ ၃ ဦးသည် Free Land Attack Force(FLA) အမည်ခံအကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြပြီး ၎င်းအဖွဲ့တွင် အဖွဲ့ဝင် ၁၅ ဦးခန့်ရှိကာ အဖွဲ့ခေါင်းဆောင်မှာ ဖမ်းဆီးရန်ကျန် တရားခံနေမျိုးနွယ်(စိစစ်ဆဲ)ဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သူဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများအား အဖွဲ့ခေါင်းဆောင်ဖြစ်သူ နေမျိုးနွယ်၏ စေခိုင်းချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊

စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းငွေအား သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ရန်အတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် FLA အဖွဲ့ခေါင်းဆောင်နေမျိုးနွယ်မှ တရားခံကျော်ဇင်ဦး(ခ)ကျောင်းဆရာပါ ၃ ဦးတို့အား Telegram မှဆက်သွယ်၍ စေခိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ငှားရမ်းထားသည့် ယာဉ်အမှတ် YGN-8 GG-6136 Fielder အဖြူရောင်အငှားယာဉ်အား ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်မှ မောင်းနှင်၍ ကျော်ဇင်ဦး(ခ)ကျောင်းဆရာနှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့မှ ပစ္စတိုသေနတ် ၁ လက်စီဖြင့် အုပ်ချုပ်ရေးမှူး ဦးစန်းငွေအား ရုံးရှေ့ ၅ ပေအကွာခန့်မှ လုပ်ကြံပစ်ခတ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ လုပ်ကြံပစ်ခတ်ပြီးနောက် တရားခံကျော်ဇင်ဦး(ခ) ကျောင်းဆရာနှင့် ဇော်ဇော်ဗိုလ်(ခ) ထွန်းထွန်းအောင်တို့မှ ပစ္စတိုသေနတ် ၁ လက်စီယူဆောင်သွားခဲ့ကြပြီး မေမြတ်သဉ္ဇာကျော်(ခ) ငယ်ငယ်မှ ၎င်းကိုင်ဆောင်သည့် SIG SAUER အမျိုးအစား အနက်ရောင်ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ 9 mm ကျည် ၃၃ တောင့်တို့အား စိုင်းနောင်ထက်(ခ)အာကြီး၏နေအိမ်တွင် သွားရောက်အပ်နှံသိမ်းဆည်းထားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ဆက်လက်စစ်ဆေးချက်များအရ တရားခံကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ ဇော်ဇော်ဗိုလ်(ခ) ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့ ၃ ဦးသည် FLA အဖွဲ့ခေါင်းဆောင်ဖမ်းဆီးရန်ကျန် တရားခံနေမျိုးနွယ်၏ စေခိုင်းချက်အရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဗညားဒလလမ်းပေါ်ရှိ တာမွေမြို့နယ်လျှပ်စစ်မန်နေဂျာရုံးအား လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ခြင်းနှင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ညပိုင်းတွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ကျိုက္ကဆံလမ်းနှင့် မလွှကုန်းလမ်းထောင့်ရှိ တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ် ကျူးလွန်ခဲ့ကြကြောင်း၊

တရားခံ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်နှင့် ဖမ်းဆီးရန်ကျန်တရားခံ Free Land Attack Force(FLA) အဖွဲ့ ဝင်ဖြစ်သူ အောင်မျိုးအေး(ခ)ဆာကူရာ(စိစစ်ဆဲ) တို့ ၃ ဦးသည် ၂၀၂၃ ခုနှစ်၊ မေလအတွင်း အင်းစိန်ပန်းခြံ၊ လျှပ်စစ်ရုံးရှေ့ခြံစည်းရိုးဘေးတွင် ချိန်ကိုက်မိုင်း ၃ လုံး၊ ဇွန်လအတွင်း တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှေ့ ခြံစည်းရိုးတွင် ချိန်ကိုက်မိုင်း ၁ လုံး၊ ဩဂုတ်လအတွင်း မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်း၊ မင်းဓမ္မလမ်းမီးပွိုင့်အနီးရှိ CCTV ပုံးတွင် ရီမုမိုင်းတစ်လုံးတို့အား အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခဲ့ခြင်း ၃ ကြိမ် ကျူးလွန်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်လုပ်ကြံပစ်ခတ်မှုနှင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုများကျူးလွန်ခဲ့သူ Free Land Attack Force (FLA) အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်ကြသော ကျော်ဇင်ဦး (ခ)ကျောင်းဆရာပါ ၄ ဦးတို့အား ပြစ်မှုများကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် ၃ လက်၊ ကျည်မျိုးစုံ ၅၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မီးခိုးဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ အကြမ်းဖက်မှုပြုလုပ်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဖမ်းဆီးရန်ကျန်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့၊ ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

Newspaper - 3025 items

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download