ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဆွေးနွေး


Ministry of Information/ Naypyitaw / November 08, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်မြို့တွင် ကျင်းပလျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့် ညီလာခံ ၂၀၂၅ သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဆက်လက်တက်ရောက်သည်။

နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် ဝန်ကြီးများ အဆင့်ညီလာခံဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Zhang Guoqing က ညီလာခံတက်ရောက်လာကြသည့် ဝန်ကြီးများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများမှ ဝန်ကြီးများက နိုင်ငံအလိုက် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ မိန့်ခွန်းများ ပြောကြားကြသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး နှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာပဋိဉာဉ်ကို ကမ္ဘာလုံးဆိုင်ရာ မူဘောင်များဖြစ်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals- SDGs)နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်တို့နှင့်အညီ ရေးဆွဲထားပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံသည်လည်း အခြားသောအဖွဲ့ဝင် နိုင်ငံများနည်းတူ လိုက်ပါဆောင်ရွက်လျက်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီး တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ လာရောက်ကူညီဆောင်ရွက်ပေးသကဲ့သို့ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် အိမ်ရာများ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများအပါအဝင် ဘက်စုံပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဦးဆောင်ဦးရွက်ပြု၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး၊ ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ဆောင်ရွက်ရာတွင် ခေတ်မီနည်းပညာရပ်များ၊ AI နည်းပညာများ ပိုမိုအသုံးချဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အစည်းအဝေးအပြီးတွင် ဝန်ကြီးများအဆင့် ညီလာခံ၏ ပူးတွဲထုတ်ပြန်ချက်ကို အတည်ပြုထုတ်ပြန်ခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု (Disaster management)၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး (Work Safety) နှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး (Emergency Rescue) ဟူသည့် ခေါင်းစဉ် (၃) ခုဖြင့် ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သည် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး (Emergency Rescue) ခေါင်းစဉ်ဖြင့်ကျင်းပသည့် အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တက်ရောက် မိန့်ခွန်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး (Emergency Rescue) သည် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုတွင် အဓိကကျသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီး၏ အတွေ့အကြုံများကို မျှဝေခွင့်ရရှိသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စနစ်ကျသော ဖွဲ့စည်းမှုတို့ ရှိပြီးဖြစ်၍ မန္တလေးငလျင်ကြီးတွင် ငလျင်လှုပ်ခတ်ပြီး အချိန်တိုအတွင်း နိုင်ငံတော်အကြီးအကဲ၏ ဖိတ်ခေါ်မှုအရ တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ လာရောက်၍ ငလျင်ဘေးသင့်ဒေသများတွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအပါအဝင် ငလျင်ဘေးတုံ့ပြန်ရေးဆောင်ရွက်ချက်များ၊ အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး လေ့ကျင့် ခန်းများတွင် ပါဝင်လေ့ကျင့်ဆောင်ရွက်ခြင်းနှင့် အဆင့်မြင့်နည်းပညာများ အသုံးပြု၍ လုပ်ငန်းများဆောင်ရွက်နေမှုများကို ထည့်သွင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဝန်ကြီးများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ခေါင်းစဉ်များအလိုက် ဆက်လက်ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3342 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download