ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှ ထင်ရှားကျော်ကြားသော အနုပညာရှင်များ၏ နှစ်သစ်ဆုတောင်းစကားသံများ


Ministry of Information/ Naypyitaw / April 17, 2026
image_latest


အလင်္ကာကျော်စွာစည်သူ အကယ်ဒမီကြည်စိုးထွန်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး)

ရွက်ဟောင်းများကြွေ၍ ရွက်သစ်များဝေပြီး နှစ်ဟောင်းကုန်လို့ နှစ်သစ်သို့ရောက်ခဲ့ပါပြီ။ အဟောင်းအသစ်အဖြစ်အပျက် နိယာမအတိုင်းနှစ်သစ်ကူးချိန်ကို ရောက်လာတဲ့အခါ အမုန်းစကားများပပျောက်ပြီး ချစ်ခြင်းမေတ္တာတရားများထွန်းကားကြပါစေ။

အပြဲအကွဲများပပျောက်ပြီး စည်းလုံးညီညွတ်ခြင်းများ ထွန်းကားကြပါစေ။ မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံသားအပေါင်းလက်တွဲဆောင်ရွက်နိုင်ကြပါစေ။

နှစ်ပေါင်း(၁၀၆) နှစ်တိုင်အောင် ညီညီညွတ်ညွတ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ရုပ်ရှင်ချစ်ပြည်သူများကို ဖျော်ဖြေပညာပေးနိုင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောကကြီး အဓွန့်ရှည်ကြာပါစေကြောင်း မြန်မာ့နှစ်သစ်အခါသမယမှာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ဦးလွင်မြင့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး)

နှစ်ဟောင်းကုန်လို့ နှစ်သစ်အခါပြန်ဆုံကြတဲ့ မင်္ဂလာရှိတဲ့ နှစ်သစ်မှာအေးချမ်းတဲ့အတာရေနဲ့အတူ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံး၊ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအပူကင်းလို့ အေးချမ်းသာယာကြပါစေ။ လောဘ၊ ဒေါသ၊ မာန်မာနတွေနဲ့ အမုန်းတရားတွေကင်းစင်ပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာပဏာမဆုတောင်းမေတ္တာပို့သပါတယ်။

မင်္ဂလာရှိတဲ့ နှစ်သစ်အချိန်အခါမှာ ကမ္ဘာသူကမ္ဘာသားအားလုံးနဲ့အတူ နိုင်ငံသူနိုင်ငံသားအားလုံး အနုပညာရှင်လောကသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ကောင်းခြင်းမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံပြီး နိုင်ငံတော်အတွက် အားသစ်၊ မာန်သစ်ဖြင့် အားလုံးပါဝင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ တိုင်းရင်းသားညီအစ်ကိုအားလုံး နိုင်ငံတော်၊ ပြည်သူနှင့်အတူ ချစ်ခြင်းမေတ္တာများပြည့်ဝပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာလည်း ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နိုင်ကြပါစေ။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်ဆွေမျိုးသားရင်းများဖြစ်ကြတဲ့ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ စာပေစတဲ့ ပညာရှင်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး မိမိတို့၏ အနုပညာစွမ်းအားဖြင့် နိုင်ငံနှင့်အများ ပြည်သူအတွက် လက်တွဲဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်။

အလင်္ကာကျော်စွာ ဦးအောင်တင်ဝင်း(နာယက၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို))

မြန်မာ့နှစ်သစ်ကူးအခါသမယ မင်္ဂလာအချိန်အခါမှာ ပြည်သူပြည်သားအပေါင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်း ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ လန်းဖြာကြပါစေ၊ ဝမ်းသာကြပါစေလို့ မေတ္တာများပို့သပါတယ်။ ကျွန်တော်တို့ အနုပညာရှင်များကလည်း ပြည်သူကိုချစ်ပြီး ပြည်သူကလည်း အနုပညာရှင်များကို ချစ်ခင်မြတ်နိုးတဲ့အတွက် မေတ္တာအသွားအပြန်အထားမှန်ကြပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း နှစ်သစ်မေတ္တာပို့သအပ်ပါတယ်။

အကယ်ဒမီ ဦးအောင်လွင် (ရုပ်ရှင်သရုပ်ဆောင်)

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်ကိုကူးပြောင်းတဲ့ မြန်မာ့နှစ်သစ်အခါသမယမှာ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းနဲ့ ကမ္ဘာသူကမ္ဘာသားအပေါင်း ရင်ဆိုင်နေရတဲ့ အခက်အခဲများ ကင်းလွတ်ကြပါစေ။ စားဝတ်နေရေး အဆင်ပြေကြပါစေ။ နှစ်သစ်မင်္ဂလာမှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ရုပ်ရှင်လောကသားတွေထဲမှာ အသက်ကြီးတဲ့ အနုပညာရှင်များဟာ အခက်အခဲများရှိကြပါတယ်။ ဒါကြောင့် ရုပ်ရှင်အစည်းအရုံးက တတ်အားသရွေ့ ဆန်၊ ဆီ၊ ဆား လှူဒါန်းနေတာကြောင့် နှစ်ဆန်းမှာ လှူဒါန်းဖို့ ရည်ရွယ်ထားပါတယ်။ ရုပ်ရှင်လောကသားများ အလုပ်အကိုင်အခွင့်အလမ်းများပွင့်လန်းပြီး ပြည့်စုံကြပါစေ၊ ကမ္ဘာသူကမ္ဘာသားအပေါင်းနှင့် မြန်မာပြည်သူအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ ဆုမွန်ကောင်းပို့သပါတယ်။

အလင်္ကာကျော်စွာ အကယ်ဒမီ ပန်းချီစိုးမိုး (ရုပ်ရှင် ဒါရိုက်တာ)

မြန်မာ့နှစ်သစ်ကူးနှင့်အတူ အေးမြသော အတာရေပက်ဖျန်းရင်း စိတ်သစ်ကိုယ်သစ်ဖြင့် ကျန်းမာ၊ ချမ်းသာ၊ ဝမ်းသာစရာအပေါင်းနှင့် ပြည့်စုံပြီးကောင်းမွန်သော လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝပါစေ၊ ဘေးဒုက္ခအပေါင်းမှ ကင်းဝေးပြီး သာသနာ၊ ဘာသာနှင့် နိုင်ငံ၏ကောင်းကျိုးများကို ဆောင်ရွက်နိုင်ကြပါစေကြောင်း ပဏာမဆုမွန်ကောင်း တောင်းအပ်ပါတယ်။ အများဆန္ဒနှင့်အညီ မြန်မာတစ်နိုင်ငံလုံး ရွေးကောက်ပွဲကြီး အောင်မြင်အေးချမ်းစွာ ပြီးစီးခဲ့ပြီးတော့ လွှတ်တော်အဆင့်ဆင့်၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတအပါအဝင် အစဉ်နုပျိုနေသော တပ်မတော်ကြီးနှင့် ဝန်ကြီးအဖွဲ့များ၊ အုပ်ချုပ်မှုအဆင့်ဆင့်တို့ကို အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာအကြီးအကဲများ၏ သမ္မတကြီးအပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ နေ့စဉ်ပေးပို့မှုအပေါ် ဝမ်းသာပီတိဖြစ်မိပါတယ်။ တိုင်းရင်းသား မိဘညီအစ်ကိုအပေါင်းနှင့် ပြည်သူများ တောင့်တမျှော်မှန်းခဲ့သည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဖြောင့်တန်းစွာ ချီတက်နိုင်ရန် တရားသတိ၊ ပညာအသိအမြင်၊ ဖြူစင်သော ဆန္ဒများဖြင့် အထောက်အပံ့ပြုစေပြီး အဖျက်ကိုရှောင်၊ အပြုကိုဆောင်ပြီး ခေတ်မီတိုးတက်သော နိုင်ငံသစ်ဆီသို့ ချီတက်ကြပါစို့ဟု စေတနာမေတ္တာများစွာဖြင့် ဆန္ဒပြုပါတယ်။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြကုန်သော တိုင်းရင်းသားအပေါင်းနှင့် နိုင်ငံသားအပေါင်း ကောင်းမွန်သော လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ၊ ကမ္ဘာသူကမ္ဘာသားအပေါင်း ငြိမ်းချမ်းကြပါစေကြောင်း နှစ်သစ်ဆုတောင်း ပို့သအပ်ပါတယ်။

အကယ်ဒမီ ဒေါ်နွဲ့နွဲ့စန်း (ရုပ်ရှင်သရုပ်ဆောင်)

ဒီအချိန်မှာ ကမ္ဘာကြီးတောင့်တနေမှာက အေးချမ်းသာယာမှုပါပဲ၊ ဒါကြောင့်ကပ်ကြီးသုံးပါးမှ ကင်းလွတ်ကြပါစေ။ မြန်မာ့နှစ်သစ် အခါသမယမှစပြီး မြန်မာပြည်ကြီး အေးချမ်းပြီလို့ ယူဆပါတယ်။ ပြည်သူပြည်သားများနဲ့ ရုပ်ရှင်လောကသားအပေါင်း အကျပ်အတည်းအပေါင်းမှ လွတ်ကင်းချမ်းသာပြီး စီးပွားဥစ္စာများ ဒီရေအလားတိုးတက်ကြပါစေ။ ကမ္ဘာသူကမ္ဘာသား၊ မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ ပြီးပြည့်စုံပြီး နှစ်သစ်မင်္ဂလာမှာ လူသစ်၊ စိတ်သစ်နဲ့ နိုင်ငံအကျိုး၊ လူမျိုးအကျိုးကို ထမ်းပိုးဆောင်ရွက်နိုင်ကြပါစေလို့ နှစ်သစ်ဆုမွန်စကားပါးအပ်ပါတယ်။

သတင်း-သစ္စာ(MNA)

ဓာတ်ပုံ-ဇွဲမာန်

Newspaper - 3500 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download