ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ Napalkov Cancer Centre မှ Professor Dr. Moiseyenko ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လာရောက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ Napalkov Cancer Centre မှ Professor Dr. Moiseyenko ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လာရောက်
Ministry of Information/ Naypyitaw / October 15, 2025

နေပြည်တော် အောက်တိုဘာ ၁၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ Napalkov Cancer Centre မှ ကင်ဆာရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဗလာဒီမာမိုရီ ဆေးယန်ကိုနှင့် အဖွဲ့သည် အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေး နှင့် သက်ဆိုင်ရာဘာသာရပ်အသီးသီးမှ ပါမောက္ခများ နှင့် အထူးကုဆရာဝန်ကြီးများက ကြိုဆိုခဲ့သည်။
ရှေးဦးစွာ ၂၀၂၄ ခုနှစ် ဇွန်လတွင် စိန့်ပီတာစဘတ် မြို့ Napalkov Cancer Centre ၌ မျက်လုံးကြွက်သား ကင်ဆာကို ခွဲစိတ်ကုသမှုခံယူခဲ့သော ပုသိမ်မြို့နေ (၂၂) နှစ်အရွယ် အမျိုးသားလူနာအား တွေ့ဆုံခဲ့ပြီး ရောဂါတိုးတက်မှု အခြေအနေများအား ကြည့်ရှုရာ ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးမှ ပါမောက္ခအထူးကုဆရာ ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုပါ လူနာမှာကျန်းမာရေးကောင်းမွန် တိုးတက်လျက်ရှိ သည်။ ထို့နောက် အထွေထွေခွဲစိတ်ကုဌာန၊ ကင်ဆာဆေးကုဌာနနှင့် ဓာတ်ရောင်ခြည်ကုဌာနများမှ ကင်ဆာရောဂါ ခံစားနေရသော သံဃာတော် တစ်ပါး အပါအဝင် လူနာခုနစ်ဦးကို ကြည့်ရှုစစ်ဆေး၍ လူနာများအတွက် ပိုမိုသင့်တော်ကောင်းမွန်သည့် ကုထုံးများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခအထူးကုဆရာဝန်ကြီးနှင့် ဆွေးနွေးတိုင်ပင်ကြသည်။ ဆက်လက်၍ ခုနစ်ထပ်ဆောင်သစ် အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးက ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ လူနာများအား ကုသပေးနေမှု အခြေ အနေ၊ ပါမောက္ခ/ ဌာနမှူး(ကင်ဆာဆေးကု) ဒေါက်တာ ဖြူဖြူသိမ့်က ကင်ဆာဝေဒနာ ရှင်များအား ဆေးကုသပေးနေမှု အခြေအနေ၊ ပါမောက္ခ/ဌာနမှူး (ဓာတ်ရောင်ခြည်) ဒေါက်တာ မိုးလှိုင်က ဒဂုံဆိပ်ကမ်း မြို့နယ်ရှိအမျိုးသားကင်ဆာကုဌာန အပါအဝင်ရောင်ခြည်ဖြင့် ကုသပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် Professor Dr. Moiseyenko က“Why We Cannot Cure Cancer: The Role of Chemotherapy and Immunotherapy in Solid Tumors” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Dr. Tatiana Sharabura – က“Stereotactic Body Radiotherapy” ခေါင်းစဉ်ကို Video Conferencing ဖြင့်လည်း ကောင်း ဆေးပညာနှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ် ရာ ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊ ဆေး တက္ကသိုလ်-၁ ရန်ကုန်၊ ပါမောက္ခချုပ် ဒေါက်တာ ခင်အောင်ထွန်း၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် ပါမောက္ခ(ဌာနကြီးမှူး) ပါမောက္ခ ဒေါက်တာမင်းဇော်ဦး နှင့် တက်ရောက်လာသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မင်္ဂလာဒုံ၊ ခုတင် ၅၀၀ အထူးကုဆေးရုံကြီးနှင့် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးများမှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာ ဝန်ကြီး/ငယ်များ၊ လက်ထောက်အထူးကုများနှင့် ဘွဲ့လွန်ကျောင်းသား စုစုပေါင်း ၁၂၀ တက်ရောက်၍ နှစ်နိုင်ငံကြား ကင်ဆာရောဂါဆိုင်ရာ ဆေးပညာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်
Newspaper - 3318 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။
