ရေကြီးရေလျှံသဘာဝဘေး ကြိုတင်ပြင်ဆင်ကာကွယ်ပေး


Ministry of Information/ Naypyitaw / September 12, 2024
image_latest


ယခုရက်များအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နေသည်။ အချို့အနိမ့်ပိုင်းနေရာများတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ပြီး ပြည်သူများ ရေဘေးအန္တရာယ်များနှင့် ကြုံတွေ့နေသည်။ မြန်မာနိုင်ငံ၌ ရက်များရှည်ကြာမိုးသည်းထန်စွာရွာသွန်းနေသည့် အကြောင်းရင်းသည် အရှေ့ဘက်၌ ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ ဖြတ်ကျော်တိုက်ခတ်လာသည့် အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း ရာဂိနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်များကြောင့် ဖြစ်သည်။

မုန်တိုင်းများတိုက်ခတ်မှုကြောင့် မုန်တိုင်းဖြတ်သန်းသည့်နိုင်ငံများတွင် ထိခိုက်ပျက်စီးမှုများ ပြင်းထန်စွာ ကြုံတွေ့ခဲ့ရပြီး မုန်တိုင်းအရှိန်သက်ရောက်ရာ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင် မိုးကြီးရေလျှံသဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခံစားကြရသည်။ အရှေ့ဘက်မှ တိုက်ခတ်သော တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံနှင့် အခြားမြို့နယ်များတွင် တောင်ကျရေများ၊ ချောင်းရေများ အရှိန်ပြင်းစွာစီးဆင်းလာပြီး မြို့ပေါ်ရပ်ကွက်ကျေးရွာများ၌ ရေဝင်နစ်မြုပ်မှုများဖြစ်ပေါ်ကာ မြို့နေကျေးရွာပြည်သူများအား ရေဘေးလွတ်ရာများသို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် ဇော်ဂျီမြစ်အထက်ပိုင်း ဧရိယာများတွင် မိုးရွာသွန်းမှုများပြားလျက်ရှိပြီး ကျောက်ဆည်မြို့ပေါ်တွင် ရေဝင်နစ်မြုပ်လျက်ရှိရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အားကောင်းသောမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် ပင်လယ်ကမ်းခြေမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားကာ အားလျော့သွားနိုင်သည်။ သို့သော် ၎င်းမုန်တိုင်း၏အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာဒေသအနှံ့အပြားတွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသဌာနက အသိပေးထားသည်။

မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ဦးတည် ရွေ့လျားလာနိုင်မည့် အခြေအနေမရှိသောကြောင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အဝါရောင်အဆင့်ဟု သတ်မှတ်သဖြင့် စိုးရိမ်ဖွယ်ရာမရှိပေ။ သို့သော် မုန်တိုင်းနှစ်ခု၏အရှိန်ကြောင့် မိုးသည်းထန်မှုများ၊ ရေကြီးရေလျှံမှုများ မကြုံစဖူးထူးထူးကဲကဲဖြစ်ပေါ်နေသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုများပါ ဖြစ်ပေါ်လျက်ရှိသည်။ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ရေယာဉ်များအနေဖြင့် လှိုင်းကြီးလှိုင်းထန်မှုများကို သတိပြုရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကြုံတွေ့နိုင်သည့် နိုင်ငံဖြစ်သည်။ အထူးသဖြင့် မုန်တိုင်းအန္တရာယ်နှင့် ရေကြီးရေလျှံမှုအန္တရာယ်များကို မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။ ၂၀၀၈ ခုနှစ်က အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းနာဂစ်တိုက်ခတ်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ အမြောက်အမြားဆုံးရှုံးခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် အင်အားအလွန့်အလွန် ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုနှင့် ကြုံတွေ့ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှု၊ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်မှုတို့ကြောင့် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ဖြတ်ကျော်နိုင်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံသို့ မုန်တိုင်းတိုက်ခတ်ခြင်းမရှိသော်လည်း အရှေ့ဘက်နိုင်ငံများမှ ဖြတ်ကျော်တိုက်ခတ်လာသည့် တိုင်ဖွန်းမုန်တိုင်းရာဂိနှင့် အိန္ဒိယနိုင်ငံဘက်တွင် တိုက်ခတ်သည့်မုန်တိုင်းအရှိန်တို့ကြောင့် မြန်မာနိုင်ငံတွင် မိုးသည်းထန်မှုများ၊ လေပြင်းတိုက်ခတ်မှုများ၊ ရေကြီးရေလျှံရေနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် အဆိုပါသဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်သတိပြု၍ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိတွင် ရေကြီးရေလျှံမှုသဘာဝဘေးအန္တရာယ်များကို နိုင်ငံအတွင်းရှိ အနိမ့်ပိုင်းဒေသများတွင် ကြုံတွေ့လျက်ရှိရာ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ အတူတကွ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အားကောင်းသောမုန်တိုင်းငယ်အရှိန်သည် စက်တင်ဘာလ ၁၂ ရက်နေ့အထိ ရှိမည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူပြည်သူများအနေဖြင့် မြေပြိုခြင်းအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသောပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်များကို ကြိုတင်သတိပြုဆောင်ရွက်ကြရန်နှင့် လေကြောင်းပျံသန်းရေးနှင့် ကမ်းလွန်ပင်လယ်ပြင် ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုသွားလာကြပါရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။      ။

Newspaper - 3211 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download