ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ (၃၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ (၃၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / October 27, 2025
နေပြည်တော် အောက်တိုဘာ ၂၆
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ (၃၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းရှိ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ကျရာအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စိုက်ပျိုးရေးကဏ္ဍသည် မိမိတို့နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားဖြစ်သကဲ့သို့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် အားလုံးပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါကြောင်း၊ နိုင်ငံတော်ကဦးစားပေးဆောင်ရွက်လျက်ရှိသော စိုက်ပျိုးသီးနှံများ၏ ထုတ်လုပ်နိုင်စွမ်းအားများ မြှင့်တင်ရန် မျိုး၊ မြေ၊ ရေ၊ နည်းပညာများကိုမှန်ကန် စေရေး၊ မြေဆီလွှာနှင့် ရေအသုံးပြုမှုများ စနစ်တကျ ရှိစေရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာစေရေး၊ အစားအစာသိပ္ပံနှင့် နည်းပညာများကတစ်ဆင့် တန်ဖိုးမြှင့်ထွက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးတို့အတွက် ကျရာအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း။
စဉ်ဆက်မပြတ်လေ့လာ
ထို့အပြင် Artificial Intelligence(AI) ဉာဏ်ရည်တုနည်းပညာအပါအဝင် ခေတ်နှင့်လျော်ညီသော နည်းပညာရပ်များကိုလည်း အကျွမ်းတဝင်အသုံးပြုနိုင်ကြစေရန် စဉ်ဆက်မပြတ်လေ့လာကြပြီး သီးနှံအထွက်နှုန်းများ၊ မိုးလေဝသကြိုတင်ခန့်မှန်းချက်များ၊ တိကျသေချာသော စိုက်နည်းစနစ်များ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ၊ ဓာတ်မြေဩဇာအသုံးပြုမှုများ စသည်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများတွင် အကျိုးရှိစွာအသုံးပြုနိုင်ရေးကိုလည်း ကြိုးပမ်းသွားကြရန်ဖြစ်ပါကြောင်း။
ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်
တောင်သူလယ်သမားများအပါအဝင် ပြည်သူလူထုအလွှာစုံနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ဝန်ဆောင်မှုပေးကြရမည့် စိုက်ပျိုးရေးပညာရှင်များအနေဖြင့် မှန်ကန်သမာသမတ်ကျသော အတွေးအခေါ်အယူအဆများ ရှိကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိပြီး နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်နှင့်စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေလိုသောစေတနာများ ကိန်းအောင်း ၍ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ပါဝင်နိုင်သည့်အခန်းကဏ္ဍမှ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်လုပ်ဆောင်ကြရန်တိုက်တွန်းပါကြောင်းပြောကြားပြီး စိုက်ပျိုးရေးတက္ကသိုလ်ပထမနှစ်မှ နောက်ဆုံးနှစ်အထိတန်းစဉ် ပေါင်း အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်သည်။
ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခချုပ်က စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ၂၉၅ ဦး၊ စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့ရ ၄၄ ဦး၊ စိုက်ပျိုးရေး ပါရဂူဘွဲ့ရ ကိုးဦး၊ စိုက်ပျိုးရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ရ ခုနစ်ဦးတို့အား သက်ဆိုင်ရာဘွဲ့လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3330 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
