ရွေးကောက်ပွဲပြီးရင် အခြေအနေကောင်းတစ်ခု ပေါ်ထွန်းလာမှာဖြစ်တဲ့အတွက် တိုင်းပြည်အနာဂတ်ကိုကြည့်ပြီး လုပ်ဆောင်နိုင်မယ်ထင်တဲ့ပါတီကို မဲပေးခဲ့ပါတယ်


Ministry of Information/ Naypyitaw / December 29, 2025
image_latest


ကိုရဲမင်းဦး(မဲဆန္ဒရှင်တစ်ဦး)

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်၌ ဒီဇင်ဘာ၂၈ ရက်တွင် စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှစတင်၍ လွတ်လပ်စွာဆန္ဒမဲ လာရောက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်၌ကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်များ၊ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ လေ့လာတွေ့ရှိချက်များနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာစေရန် တာဝန်ရှိသူများ၏ ဆောင်ရွက်ထားရှိမှုများကို သတင်းအဖွဲ့က ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

ကိုရဲမင်းဦး (မဲဆန္ဒရှင်တစ်ဦး)

ဆန္ဒမဲကမပေးလို့မရဘူး။ ပေးကိုပေးရမှာ။ နိုင်ငံသားတစ်ဦးအနေနဲ့ အခွင့်အရေးလည်း မဆုံးရှုံးချင်ဘူး။ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းကို သေသေချာချာ စဉ်းစားပြီးမှပေးခဲ့တာပါ။ ရွေးကောက်ပွဲပြီးရင် အခြေအနေကောင်းတစ်ခု ပေါ်ထွန်းလာမှာ ဖြစ်တဲ့အတွက် တိုင်းပြည်အနာဂတ်ကိုကြည့်ပြီး လုပ်ဆောင်နိုင်မယ်ထင်တဲ့ပါတီကို မဲပေးခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးတာနဲ့ အားလုံးအဆင်ပြေပြီလို့ မြင်ယောင်မိပါတယ်။

မဲဆန္ဒရှင်တစ်ဦး၊ အလုံမြို့နယ်

ကျွန်တော်နှစ်သက်တဲ့ပါတီရဲ့ ကိုယ်စားလှယ်ကို မဲပေးခဲ့တာပါ၊ အီလက်ထရောနစ်မဲပေးစက်နဲ့ ပေးရတာကြောင့် လွယ်ကူချောမွေ့စွာ ဆန္ဒမဲပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ပိုကောင်းဖို့အတွက် ဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ်ကို ရွေးချယ်တာ ပါ။

ဒေါ်သန်းသန်းဌေး(မဲဆန္ဒရှင်တစ်ဦး)

မဲပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်းဟာ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ထားပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှုနဲ့ တိုင်းပြည်အေးချမ်းသာယာအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ပြည်သူအားကိုးနိုင်မယ်ထင်တဲ့ ကိုယ်စားလှယ်လောင်းကိုပဲ မဲပေးခဲ့တာပါ။ မဲပေးရတာအဆင်ပြေပြီး အေးအေးချမ်းချမ်းနဲ့ ဆန္ဒမဲပေးခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ တိုင်းပြည်အေးချမ်းစေချင်ပါပြီ။ ကိုယ်စိုက်တဲ့အပင် ကောင်းမွန်စွာ ရှင်သန်လန်းဆန်းမယ်လို့ ထင်ပါတယ်။

ဒေါက်တာဟေမာဇော် (ဗိုလ်တထောင်မြို့နယ် ကျန်းမာရေးမှူး)

ဗိုလ်တထောင်မြို့နယ်မှာ မဲရုံပေါင်း ၂၉ ရုံ ရှိပါတယ်။ ဆန္ဒမဲပေးကြတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အဖွဲ့လေးဖွဲ့ခွဲပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးပါတယ်။ မဲရုံအတွင်းကို ဝင်လာချိန်ကနေ ပြန်ထွက်သွားတဲ့အချိန်အထိမဲပေးတဲ့ ပြည်သူတွေကျန်းမာရေးပြဿနာ တစ်စုံတစ်ရာမရှိအောင် အရေးပေါ်စောင့်ရှောက်မှုပေးဖို့ အသင့်ထားရှိပါတယ်။ အရေးပေါ်လူနာဖြစ်ပေါ်ခဲ့ရင် ဆေးရုံကို ပို့ဆောင်နိုင်အောင် ပရဟိတလူနာတင်ယာဉ်တစ်စီးကိုလည်း အသင့်ထားရှိပါတယ်။ မဲရုံအမှတ်(၃)မှာ လာရောက်မဲပေးကြတဲ့ ပြည်သူတွေထဲမှာ သွေးပေါင် ချိန်တိုင်းတာ၊ အနည်းငယ်မူးမော်တာတော့ ရှိပါတယ်။ နံနက် ၅ နာရီခွဲကနေ ညနေမဲပေးလို့ ပြီးဆုံးတဲ့အချိန်ထိ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမှာပါ။

ဒေါ်သဲစုဖြိုးမင်းဦး၊ မဲရုံမှူး စောရန်ပိုင်အရှေ့ရပ်ကွက်၊ အလုံမြို့နယ်

အလုံမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၄၃၅ ဦး ရှိပါတယ်။ တိုင်းရင်းသားမှာဆိုရင်လည်း ရခိုင်တိုင်းရင်းသားရေးရာကိုယ်စားလှယ်အတွက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၂၃ ဦး၊ ကရင်တိုင်းသားရေးရာ ကိုယ်စားလှယ်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၂ ဦးရှိပါတယ်။ မဲရုံ အတွင်း မဲရုံအဖွဲ့ဝင်၊ မဲပေးတဲ့ ဆန္ဒပြုစက်၊ ထိန်းချုပ်စက်၊ မဲပေးချက်ဖော်ပြတဲ့စက်၊ မဲပုံးအရေအတွက်၊ မသန်စွမ်းသူတွေအတွက် မဲရုံပရဝဏ်အတွင်းအပြင် လုံခြုံရေးအတွက် စသဖြင့် တာဝန်ရှိသူတွေက အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးထားပါတယ်။

ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)

ဥက္ကဋ္ဌ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ပြည်တွင်းစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ဝင်

ကျွန်တော်တို့ရောက်ခဲ့တဲ့နေရာတွေမှာ ဆန္ဒမဲပေးနေတဲ့သူတွေအားလုံး အေးအေးချမ်းချမ်းနဲ့ လာရောက်မဲပေးတာကို တွေ့ရတယ်။ အချိန်မြင့်လာတာနဲ့အမျှ မဲရုံကို တဖွဲဖွဲလာရောက် ဆန္ဒမဲပေးနေတာတွေ့ရတယ်။ မဲပေးတဲ့အရေအတွက်က သင့်တင့်လျောက်ပတ်တဲ့ အနေအထားတစ်ခုမှာရှိတယ်။ အတော်များများက မဲပေးမှုမှာ အခက်အခဲမရှိဘူး၊ မဲပေးစက်ကို ကောင်းမွန်စွာဆောင်ရွက်ထားတာတွေ့ရတယ်။ ကျွန်တော်တို့ ပြည်သူတွေအားလုံးရဲ့ တူညီတဲ့အချက်က ဒီမိုကရေစီကို မြတ်နိုးကြတယ်၊ ဒီမိုကရေစီကို သွားချင်ကြတယ်၊ ဒီမိုကရေစီစနစ်အောက်မှာ ရှင်သန်လိုကြတယ်။ စဉ်းစားရမယ့်အချက်က ဒီမိုကရေစီကိုသွားမယ်ဆိုရင် ရွေးကောက်ပွဲတွေကို မဖြတ်သန်းဘဲနဲ့ ဒီမိုကရေစီစနစ်ကိုသွားလို့ လုံးဝမရပါဘူး။

ဗိုလ်တထောင်မြို့နယ်က ပြည်သူတွေဟာ မနက်ပိုင်းမှာပဲ ၃၀ ရာခိုင်နှုန်း မဲပေးကြပြီးညနေပိုင်းမှာ အခုထက်ပိုပြီးများလာမှာဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ အပြုသဘောဆောင်တဲ့ အခင်းအကျင်းကို ပြည်သူတွေရဲ့ အပြုသဘောဆောင်တဲ့ အမြင်တွေရှိ နေတယ်ဆိုတာကို ပြသတာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့်ပြည်သူတွေနဲ့ပဲ တည်ဆောက်ရမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ လွှတ်တော်အခင်းအကျင်း၊ အစိုးရသစ်နဲ့သွားမယ်၊ နိုင်ငံရေးအခင်းအကျင်းသစ်တွေရှိလာချိန်မှာ မြန်မာနိုင်ငံရဲ့ပုံရိပ်ဟာ အခုထက်တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာလည်း ယခုထက်များပြားလာမယ်လို့မြင်ပါတယ်။ ဘေးက ကြည့်နေသူတွေရဲ့သဘောထားတွေလည်း ပြောင်းလဲသွားပါလိမ့်မယ်။ ရွေးကောက်ပွဲအလွန်ကာလမှာ မြန်မာနိုင်ငံဟာ ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာမယ်လို့ မျှော်လင့်ပါတယ်။

ဦးညိုအုန်းမြင့် (မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့အကြံပေး)

ဒီမနက်ဆိုရင် မဲရုံခြောက်ရုံကို လေ့လာကြည့်ရှုရာမှာ ဆိုရှယ်မီဒီယာမှာပြောနေတဲ့ တရားမမျှတဘူး စတဲ့ အဲဒါမျိုးကို မတွေ့ရပါဘူး။ နံနက် ၁၁ နာရီခန့်မှာ ဗိုလ်တထောင်မြို့နယ်မှာ မဲပေးနိုင်တဲ့ ရာခိုင်နှုန်းရဲ့ ၃၀ ရာခိုင်နှုန်းမဲပေးခဲ့တာ တွေ့ရပါတယ်။ ဒါဟာ ပြည်သူတွေက တိုင်းပြည်ကိုပြောင်းလဲချင်တယ်၊ အရွေ့တစ်ခုကိုသွားလို၊ မြင်လိုတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ မဲပေးရာမှာလည်း ဘယ်ပါတီကို မဲပေးရမယ်ဆိုတာ သတ်မှတ်ထားတာမရှိတဲ့အတွက် မိမိဆန္ဒအလိုက် မဲပေးတာကိုလည်း တွေ့ရတာဟာ ဒီမိုကရေစီရဲ့အရိပ်အယောင်ပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ကြည့်ရှုနေတာဖြစ်တဲ့အတွက် ပြည်ပ နိုင်ငံအချို့ရဲ့ရွေးကောက်ပွဲဆိုင်ရာ သတင်းအမှားတွေကို ဝေဖန်နေတာထက်စာရင် အနီးကပ်လာကြည့်စေလိုပါတယ်။

အင်တာဗျူး - ငြိမ်းသူ၊ ကျော်ကြီး

Newspaper - 3394 items

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download