ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်(၇၅)ကြိမ်မြောက်ဆွမ်းဆန်လောင်းလှူ
ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်(၇၅)ကြိမ်မြောက်ဆွမ်းဆန်လောင်းလှူ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 13, 2024
ဘားအံ - အောက်တိုဘာ (၁၃)
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် သီးတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရေး၊ ပစ္စည်းလေးပါးအဆင်ပြေ စေရေးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်နိုင်စေရေးအတွက် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ရွှေယဉ်မျှော်ပြည်တော်ဧ စေတီတော်၏ (၇၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို အဆိုပါစေတီတော်ရင်ပြင်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်၍ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ရွှေယဉ်မျှော်ပြည်တော်ဧ စေတီတော် အောင်ချမ်းသာမြတ်စွာဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း ကယ်လှူပူဇော်၍ ဩဝါဒဆရာတော်ကြီး များအား သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြကာ ဖူးမြော်ကြည်ညိုကြသည်။
ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်၏ (၇၅) ကြိမ်မြောက် ဆွမ်းဆန်လောင်းလှူပွဲကို အဆိုပါစေတီတော် တည်နေရာမှစတင်၍ ဆွမ်းဆန်တော်ကိုလောင်းလှူကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရှိ စေတနာရှင်၊ အလှူရှင်များက ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်း၊ ရဟန်း၊ သံဃာတော်၊ သာမဏေ ၂၄၅၀ ပါး၊ သီလရှင်ကျောင်း ၁၃ ကျောင်း၊ သီလရှင် ၆၇၆ ပါး စုစုပေါင်း ရဟန်း၊သာမဏေ၊ သီလရှင် ၃၂၁၆ ပါးတို့အား ဆွမ်းဆန် တော်၊ ခေါက်ဆွဲခြောက်အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဆွမ်းဆန်တော်လောင်းလှူပွဲကို သီတင်းကျွတ်လဆန်း ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ (၃)ရက်တိုင်တိုင် ကျင်းပခဲ့ပြီး ယနေ့သည်နောက်ဆုံးနေ့ဖြစ်သည် နှင့်အညီ ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ကြွရောက်ချီးမြှင့်တော်မူကြသည့် ရဟန်း၊သာမဏေ၊သီလရှင်များ၊ ဆွမ်းဆန်တော်လာရောက်လောင်းလှူကြသည့် ဧည့်ပရိတ်သတ်များဖြင့် အထူးစည်ကားလျက်ရှိသည်ကို မြင်တွေ့ခဲ့ရ ကာ ထိုသို့ဆွမ်းဆန်တော်လောင်းလှူနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့် ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲ တော်တွင် ခရစ်ကတ်အားကစားနည်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်မြင်မှုများရရှိနိုင်ရေးအတွက် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မဘောလုံးကွင်းတွင် အခြေခံပညာကျောင်းများ၏ အမျိုးသား/အမျိုးသမီးခရစ်ကတ် အားကစားပြိုင်ပွဲကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက အဆိုပါပြိုင်ပွဲမှ ထူးချွန်အားက စားသမားများကိုရွေးချယ်စခန်းသွင်းလေ့ကျင့်စေ၍ ပြိုင်ပွဲအားဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပါသည်။




Newspaper - 3471 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
