ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်ရှိ OK ငွေလွှဲဆိုင်ဖွင့်ထားသူ တစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့သူ တရားခံအမျိုးသားခြောက်ဦးကို မူးယစ်ဆေးဝါးများ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်ရှိ OK ငွေလွှဲဆိုင်ဖွင့်ထားသူ တစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့သူ တရားခံအမျိုးသားခြောက်ဦးကို မူးယစ်ဆေးဝါးများ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / December 21, 2024
နေပြည်တော် ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်ရှိ OK ငွေလွှဲ ဆိုင်ဖွင့်ထားသူတစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့သူ တရားခံအမျိုးသားခြောက်ဦးကို မူးယစ်ဆေးဝါးများ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဒီဇင်ဘာ ၁၃ ရက် နံနက် ၆ နာရီ ၅ မိနစ်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမနေ OK ငွေလွှဲဆိုင်ဖွင့်ထားသူ ဦးရန်ထင်ချန်း (၇၈) နှစ် (ဘ) ဦးရန်ကျင်စိုးသည် ၎င်း၏နေအိမ်၌ရှိနေစဉ် နေအိမ်ရှေ့သို့ 4H/9170 CROWN Royal Saloon အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီးရောက်ရှိလာပြီး ယာဉ်ပေါ်မှအမျိုးသားသုံးဦး (စိစစ်ဆဲ) ဆင်းလာကာ ဦးရန်ထင်ချန်းအား ဖမ်းဆီး၍ အဆိုပါမော်တော်ယာဉ်ဖြင့် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းပေးပို့တိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ် ပါဆတ်ရပ်ကွက်ဆင်ဖြူမင်းလမ်းကြားရှိ အိမ်အမှတ် (ပဆ-၁/၂၇၀) နေအိမ်၌ ပြစ်မှုကျူးလွန်သူတရားခံများ ရောက်ရှိခိုအောင်းနေလျက်ရှိကြောင်း သတင်းအရ ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေအိမ်သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။
ထိုသို့ ဝင်ရောက်စီးနင်းရှာဖွေစဉ် အဆိုပါနေအိမ်အတွင်းမှ ပြစ်မှုကျူးလွန် သူတရားခံများက သေနတ်များဖြင့် စတင်ပစ်ခတ်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သူတရားခံများဖြစ်ကြသည့် ကျန်းဘီယင်း (စိစစ်ဆဲ) နှင့် မောင်မောင်ဦး (စိစစ်ဆဲ) တို့ပါ အမျိုးသားခြောက်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်နေရာအား အသေးစိတ်စစ်ဆေးရှာဖွေမှုများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ZORAKI M906-T ပွိုင့် ၃၈၀ အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်လေးတောင့်၊ ကျည်အိမ်တစ်ခု၊ M-16 အမျိုးအစား သေနတ်တစ်လက်၊ ၎င်းကျည် ၁၇ တောင့်၊ ကျည်အိမ်တစ်ခု၊ မော်တော်ယာဉ်နံပါတ် ပြားခြောက်ခု၊ အနက်ရောင်ကျည်ကာ အင်္ကျီနှစ်ထည်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝတ်ဆင်သည့် ယူနီဖောင်းတစ်ထည်၊ ခဲရောင်မိုးကာအင်္ကျီတစ်ထည်၊ အနွေးအင်္ကျီတစ်ထည်၊ ဦးထုပ်သုံးလုံး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားတစ်ခု၊ ယာဉ်မောင်းလိုင်စင်နှစ်ခု၊ ၅ ဒသမ ၅၆ ကျည်ခွံလေးခု၊ ပစ္စတိုကျည်ခွံလေးခု၊ SHN-12 7K-9997 TOYOTA CROWN Royal Saloon အဖြူရောင်မော်တော်ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်းမျိုးစုံသုံးလုံး၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၆၅၀၀၀ တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပြန်ပေးဆွဲ ဖမ်းဆီးခံရသူ ဦးရန်ထင်ချန်းအား ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပြန်ပေးဆွဲဖမ်းဆီးခံရသူ ဦးရန်ထင်ချန်းအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ တရားခံ အမျိုးသားခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးများ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလားတူ ဒုစရိုက်မှုများ ကျူးလွန်နိုင်မှုမရှိစေရေး မိဘပြည်သူများအနေဖြင့် ဒုစရိုက်သမားများ၏ လှုပ်ရှားသွားလာမှုများအား မြင်တွေ့သိရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံ အသိပေး သတင်းပေးပို့ တိုင်ကြားနိုင်ရန် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3019 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download