လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်


Ministry of Information/ Naypyitaw / February 22, 2026
image_latest


၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့်သဝဏ်လွှာတွင် “ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား နှစ်ပေါင်းထောင်ချီ၍ ဖြစ်တည်လာခဲ့သည့် သံယောဇဉ်နှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိကြသည့် ပြည်တွင်း၊ ပြည်ပအဖျက်အင်အားစုတို့၏ အချင်းချင်းမုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးမှုများ၊ ကျဉ်းမြောင်းသော လူမျိုးရေးအယူဝါဒ သွတ်သွင်းနေမှုများကို အထူးသတိပြုကာကွယ်ကြရန် လိုအပ်ပါသည်” ဟု ဖော်ပြထားသည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ နေရာဒေသအချို့အပါအဝင် နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံတော်ကိုပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းသည် နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားလှသည်ကို သတိပြုဖို့လိုသည်။ ယနေ့ကြုံတွေ့နေရသော အကြမ်းဖက်လုပ်ရပ်များသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလဒ် ပယ်ဖျက်ခံရသည့်အပေါ်တွင် အမှန်ကိုအမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မနည်းဖြင့် လိုချင်တပ်မက်သည့်ဆန္ဒကြောင့် ဖြစ်ပေါ်လာသည့် သွေးထိုးလှုံ့ဆော်မှုများမှ စတင်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကလည်း ဖြစ်ပေါ်လာသည့် မတည်မငြိမ်ဖြစ်မှုကို အခွင့်ကောင်းယူကာ တည်ငြိမ်အေးချမ်းလျက်ရှိသောဒေသများကို အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးပြီး နယ်မြေနှင့်အာဏာချဲ့ထွင်ရန် လုပ်ဆောင်လာခဲ့သည်။

ထိုဖြစ်စဉ်များကြောင့် နယ်မြေဒေသအချို့၌ အပြစ်မဲ့ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များသာမက ပြည်သူပိုင်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်ဆုံးရှုံးနစ်နာခဲ့ရသကဲ့သို့ တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့လျက်ရှိသည်ကို အားလုံးမြင်တွေ့ကြားသိနေရသည်။ ထိခိုက်ပျက်စီးဆုံးရှုံးမှုမှန်သမျှသည် နိုင်ငံတော်၏ တန်ဖိုးမဖြတ်နိုင်သောအရင်းအမြစ်များနှင့် အခြေခံအဆောက်အအုံများဖြစ်သည်။ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဝန်ထမ်းများနှင့် ပြည်သူများ၏ ဒုက္ခအခက်အခဲများမှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ရရှိနေသည့်အချိန်တွင် ယခုကဲ့သို့ မဆင်မခြင်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးကာ နိုင်ငံတော်၏အင်အားကို လျော့ပါးစေပြီး ရှေ့သို့မတက်နိုင်သည့်အပြင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် အကုန်အကျများစွာနှင့် အချိန်များစွာရယူတည်ဆောက်အကောင်အထည်ဖော်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူအတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေသည့် အကြမ်းဖက်သောင်းကျန်းမှုများပပျောက်ပြီး ဒေသအားလုံး တည်ငြိမ်အေးချမ်းမှုရရှိစေရေးအတွက် တိုင်းရင်းသားပြည်သူအချင်းချင်း စိတ်ဝမ်း မကွဲပြားဘဲ နိုင်ငံတော်နှင့် ပြည်သူအကျိုးကို ဦးစားပေးဆောင်ရွက်ကြရမည် ဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်ကို တပ်မတော်က ခေတ္တထိန်းသိမ်းရယူသည့်အချိန်မှစ၍ ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်ခဲ့သည်။ ပြည်သူအားလုံးလိုလားသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဦးတည်ချက်(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော်ပြီး နိုင်ငံတော်အကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်း၍ တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကောင်းကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် NCA ပါသဘောတူညီချက်များအတိုင်း အကောင်အထည်ဖော်လျက်ရှိသည်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အမျိုးမျိုးကို ဥပဒေဘောင်အတွင်းဝင်ရောက်လာရန် တံခါးဖွင့်ပေးထား သည်။

သို့ဖြစ်ရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် တိုင်းရင်းသားပြည်သူများ လုံခြုံစိတ်ချစေရေးအတွက် အရေးကြီးသည့်အလျောက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း။ ။

Newspaper - 3449 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download