လယ်ယာသုံးစက်ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / February 11, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၀

လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပလျက်ရှိသည့် နေပြည်တော်ရင်ပြင် ကွပ်ကဲရေးရုံး၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီအသီးသီးမှ အဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က MSME များ ထုတ်လုပ်မှုလုပ်ငန်းစဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောကုန်ကြမ်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော မြေနေရာရရှိရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် စိုက်နည်းစနစ်များ မှန်ကန်မှသာအထွက်နှုန်း တိုးတက်မည်ဖြစ်၍ နည်းပညာများကိုလည်း မျှဝေဖြန့်ဝေပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများအား ပြည်ပမှ တင်သွင်းရမှုကို လျှော့ချနိုင်ရန်အတွက် သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ရရှိလာသည့် နည်းပညာများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ယခုပြပွဲတွင် ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများ၏ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီးဖြစ်၍ အားနည်းချက်များကို ပြုပြင်ဖြည့်ဆည်းဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက စပါးများစိုက်ပျိုးရာတွင် ကြဲပက်သည့်စနစ်နှင့် အစေ့ချ စိုက်ပျိုးသည့်စနစ်တို့သည် အထွက်နှုန်း တူညီမှုမရှိပါကြောင်း၊ ထို့ကြောင့် အထွက်နှုန်းပိုမို ကောင်းမွန်သည့် အစေ့ချစိုက်ပျိုးသည့်စနစ်၊ ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပေါင်းနုတ် ပေါင်းရှင်း စက်ပစ္စည်းကိရိယာများကိုလည်း သုတေသနပြု၍ စမ်းသပ်တီထွင်ထုတ်လုပ်နိုင်ရေး စီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သီးနှံများ လေလွင့်ဆုံးရှုံးမှု နည်းပါးစေရေးအတွက် အချိန်မီရိတ်သိမ်းနိုင်ရေးအတွက်ကိုလည်း စီမံဆောင်ရွက်ထားရှိရမည် ဖြစ်ကြောင်း၊ လက်ဆွဲမျိုးစေ့ချစက်အသုံးပြု၍ စိုက်ပျိုး ပါက သတ်မှတ်ထားသည့် ပမာဏအတိုင်း အသုံးပြုနိုင်ရေး ချိန်ညှိဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာသုံးစက်ကိရိယာများကို အသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီစိုက်ပျိုးရိတ်သိမ်းနိုင်၍ လေလွင့်မှုမရှိသဖြင့် အထွက်နှုန်းတိုးတက်လာပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ထုတ်ကုန်ပစ္စည်းများ အမြောက်အမြား ထုတ်လုပ် နိုင်ရေးအတွက် အခြေခံဖြစ်သည့် ဒီဇိုင်းပုံစံများကို စနစ်တကျရေးဆွဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် ဆောင်ရွက်လျှင် အောင်မြင်တိုးတက် မည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများသည် လက်တွေ့နယ်ပယ်တွင် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ခြင်း၊ သုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံး ပြုနိုင်ခြင်း၊ ထိုက်သင့်သည့် ကာလတစ်ခုအထိ အသုံးပြုနိုင်ရန် လိုအပ်ခြင်း၊ စက်အရန်ပစ္စည်း လွယ်ကူစွာရရှိ ရန်လိုအပ်ခြင်း၊ ဈေးနှုန်းသက်သာခြင်း စသည်တို့နှင့် ပြည့်စုံရမည်ဖြစ်ကြောင်း၊ လယ်ယာသုံးစက်ပစ္စည်း ကိရိယာများ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ် နိုင်ရေးအတွက် လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ယခုကျင်းပသည့် MSME ထုတ်ကုန် ပြပွဲနှင့်ဈေးရောင်းပွဲတော်သည် သာမန်ထုတ်ကုန် ပစ္စည်းပြသရောင်းချခြင်းမဟုတ်ဘဲ နိုင်ငံတော် အကြီးအကဲ၏ ချမှတ်ထားသည့်မူဝါဒကို အကောင် အထည်ဖော်လက်တွေ့ပြသသည့် အမျိုးသားအဆင့် ပြပွဲတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရေးအခြေခံစက်မှု လုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့်ထွက်ကုန်များကို အသုံးပြု၍ ထုတ်လုပ်မှု နည်းစဉ်များဖြင့် ပေါင်းစပ်ပြီး တန်ဖိုးမြင့်ထုတ်ကုန် များဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုး ရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အရည်အသွေးပြည့်မီသည့် လယ်ယာသုံးပစ္စည်း များ ထုတ်လုပ်ပေးရန်လိုအပ်ကြောင်း၊ ပြည်တွင်း၌ လယ်ယာသုံးစက်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများအား ပြည်တွင်း၌ ထုတ်လုပ်နိုင်လျှင် သွင်းကုန်အစားထိုးနိုင်ခြင်း၊ ထုတ်လုပ်မှုအချိန် တိုတောင်းခြင်း၊ စက်အရန်ပစ္စည်းများ လိုအပ်သည့် အချိန်တွင်ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့် လယ်ယာသုံးစက်ပစ္စည်း ကိရိယာများအရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင် ရေးအတွက် ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်းနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌများ၊ လုပ်ငန်းရှင်များက တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လယ်ယာသုံးစက်ပစ္စည်း ကိရိယာများ ထုတ်လုပ်နေမှု၊ စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။                         

သတင်းစဉ်

Newspaper - 3455 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download