လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အခမ်းအနား ဒုတိယနေ့ ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / January 15, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၄

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဒုတိယနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၁) ကျောက်စိမ်းခန်းမ၌ ယနေ့ဆက်လက်ကျင်းပသည်။

အဆိုပါ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အလွှာအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးမှ လူငယ်ကိုယ်စားလှယ်များ၊ နယ်စပ်ဒေသများမှ တိုင်းရင်းသားလူငယ်များ၊ အခြားဖိတ်ကြားထားသည့် လူငယ်ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

ဖိုရမ်တွင် လူငယ်ပညာရှင်များက ဆွေးနွေးပွဲတက်ရောက်လာသူများအား ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးဆိုင်ရာ အကြံဉာဏ်များဖော်ထုတ်ခြင်း၊ ပဋိပက္ခများလျှော့ချရပ်တန့်နိုင်စေရေးအတွက် လူငယ်များပါဝင်ဆောင်ရွက်နိုင်ရန် ဆွေးနွေးဖော်ထုတ်ခြင်း၊ လူငယ်နှင့်ခေတ်မီတိုးတက်သော နိုင်ငံရေးအမြင်၊ မျိုးချစ်စိတ်ကိုအခြေခံသော ပြည်ထောင်စုစိတ်ဓာတ်၊ ယနေ့ခေတ်လူငယ်များ၏ စိတ်ပါဝင်စားမှုနှင့်ကိုက်ညီသော လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု၊ အားကစားဆိုင်ရာ ဦးစားပေးအစီအစဉ်များအား ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ချိတ်ဆက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေး၊ ဒေသအလိုက် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးခြင်း၊ လူငယ်စွန့်ဦးတီထွင်မှုနှင့် နည်းပညာအခွင့်အလမ်းများ၊ လူငယ်စီးပွားရေးလုပ်ငန်းများစတင်ရန် ပံ့ပိုးရမည့်ကိစ္စများ၊ လူငယ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်း၊ သတင်းအချက်အလက်နည်းပညာ သက်ရောက်မှုများ (IT) ၊ ဉာဏ်ရည်တုနည်းပညာ (AI) မှန်ကန်အကျိုးရှိရှိ အသုံးပြုနိုင်ရေးနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် လူမှုသဟဇာတဖြစ်ရေးအသုံးပြုမှု၊ ဆိုက်ဘာ (Cyber) ၊ Online Security ၊ လူမှုကွန်ရက် (Social Media) နှင့် ကွန်ရက်အဖွဲ့များ စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြသည်။

ထိုသို့ လူငယ်များ အဖွဲ့လိုက်သတ်မှတ်ခေါင်းစဉ်များဖြင့်စုဖွဲ့ ဆွေးနွေးနေမှုကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့က လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယင်းနောက် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အခမ်းအနားသို့ တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များသည် အဖွဲ့လေးဖွဲ့ခွဲ၍ လက်နက်ကိုင်ပဋိပက္ခ များရပ်တန့်ရေး၊ နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ပါဝင်မှုနှင့် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ခြင်း၊ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် အားကစား၊ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ စွန့်ဦးတီထွင်မှုနှင့် နည်းပညာအခြေပြု စီးပွားရေး၊ လူငယ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ သတင်းအချက်အလက်နည်းပညာ သက်ရောက်မှုများ (IT)၊ ဉာဏ်ရည်တုနည်းပညာ (AI) စနစ် ထူထောင်ရေး၊ ဆိုက်ဘာ (Cyber) ၊ Online Security ၊ လူမှုကွန်ရက် (Social Media) နှင့် ကွန်ရက်အဖွဲ့များ၊ ထိရောက်သော သတင်းမှန်ပြန်ကြားရေးခေါင်းစဉ်များဖြင့် ဆွေးနွေးအဖြေရှာကြသည်။

မွန်းလွဲပိုင်းတွင် အဖွဲ့လိုက် ဆွေးနွေးဖော်ထုတ်ချက်များအား စုစည်းတင်ပြကြရာ ယင်းဖော်ထုတ်ချက်များအပေါ် ပညာရှင်များက ပြန်လည်အကြံပြုဆွေးနွေးကြပြီး လျှပ်တစ်ပြက် ပြိုင်ပွဲများပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသော ပန်းချီရေးဆွဲပုံဖော်ခြင်းများနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲတို့ကိုပြုလုပ်ကာ ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ အုပ်စုအလိုက် ကွန်ရက်ဖွဲ့ဆောင်ရွက်ရန် လုပ်ငန်းစီမံချက်များပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးအတွက် လူငယ်များ၏ဆောင်ရွက်ချက်များ အရေးကြီးမှုကို ပေါ်လွင်စေရေး၊ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ရွေးကောက်ပွဲအလွန်ကာလတွင် လူငယ်များ၏ လက်တွေ့ကျသော အခန်းကဏ္ဍကိုဖော်ထုတ်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက် တစ်ရပ်ရေးဆွဲနိုင်ရေးတို့ကို လူငယ်များ၏ အကြံပြုချက်များဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ဇန်နဝါရီ ၁၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3411 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download