လူ့စွမ်းအားအရင်းအမြစ်အင်အားဖြင့် နိုင်ငံတော်အနာဂတ်ကို ဖော်ဆောင်
လူ့စွမ်းအားအရင်းအမြစ်အင်အားဖြင့် နိုင်ငံတော်အနာဂတ်ကို ဖော်ဆောင်
Ministry of Information/ Naypyitaw / May 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲအခမ်းအနားကို မေလ ၅ ရက်နေ့က နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ ဩဝါဒအမှာစကားပြောကြားရာတွင် “နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ၏အင်အားများဖြင့် တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ လူငယ်တိုင်းသည် နိုင်ငံကို ဦးဆောင်နိုင်သူမဖြစ်သော်လည်း လူငယ်အားလုံးသည် နိုင်ငံတော်၏ အနာဂတ်ကို အကောင်အထည်ဖော်ကြမည့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များပင် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
လူငယ်လူရွယ်များသည် နိုင်ငံတော်၏ အနာဂတ်၊ နိုင်ငံတော်၏ အဓိကအင်အားစုများဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာ ပြည့်ဝရန်လိုအပ်သကဲ့သို့ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များရှိပြီး နိုင်ငံ့အကျိုး၊ အများအကျိုးကို သယ်ပိုးထမ်းရွက်မည့်သူများ ဖြစ်ကြရမည်ဖြစ်သည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မိမိတို့နိုင်ငံ၏ ကောင်းမြတ်သည့် အစဉ်အလာများနှင့် ဓလေ့ထုံးစံများ၊ သမိုင်းကြောင်းများ၊ သဘာဝတောတောင်ရေမြေများ၊ သယံဇာတအရင်းအမြစ်များကို တန်ဖိုးထားပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်က လူငယ်လူရွယ်များကို နယ်ပယ်ပေါင်းစုံ၌ ပြုစုပျိုးထောင်ရာတွင် နှစ်စဉ်နှစ်တိုင်း ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်၊ ကင်းထောက်လူငယ်၊ လူရည်ချွန်မောင်မယ်စသည်ဖြင့် နယ်ပယ်အသီးသီးတွင် နှစ်ပေါင်းများစွာ မွေးထုတ်ပေးလျက်ရှိသည်။ အချို့နှစ်များတွင် ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း အလားတူ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ကာ ကျန်းမာသန်စွမ်းပြီး အကျင့် စာရိတ္တကောင်းမွန်သည့်၊ ထူးချွန်ထက်မြက်ပြီး ဗလငါးတန်ပြည့်ဝသည့် လူကောင်း၊ လူတော်များ၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများမှတစ်ဆင့် နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သည့် ပညာတတ်လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။
ထို့အပြင် ကျောင်းသား ကျောင်းသူအချင်းချင်း လူရည်ချွန်ရွေးချယ်ခံရသူများကို အားကျအတုယူလိုစိတ်၊ မိမိကိုယ်တိုင် လူရည်ချွန်ဖြစ်အောင် ကြိုးစားလိုစိတ်များနှင့် ကောင်းမွန်သောယှဉ်ပြိုင်မှုများဖြင့် အဘက်ဘက်၌ လေ့လာသင်ယူလိုစိတ်များကို မြှင့်တင်ပေးခြင်းလည်းဖြစ်သည်။ ထိုသို့ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေသည့် လူရည်ချွန်စီမံကိန်းသည် ဆယ်စုနှစ်များစွာ သန္ဓေတည်ဖွံ့ဖြိုးလာခဲ့ပြီး နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်ပေးရာ အစဉ်အလာကောင်းသည့် ပညာရေးစီမံကိန်းတစ်ခုလည်းဖြစ်သည်။ လူရည်ချွန်အဖြစ် ရွေးချယ်ခံရသူများသည် ခေတ်အဆက်ဆက်တွင် နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းရွက်ခဲ့သကဲ့သို့ ယခုအချိန်တွင်လည်း နိုင်ငံ့တာဝန်များကို အဆင့်မြင့်စွာ ထမ်းဆောင်နေကြသူများလည်းရှိသည်။ ယခုအစိုးရအဖွဲ့အသီးသီး၌ လူရည်ချွန် ရွေးချယ်ခံရသူ ၁၂ ဦး ပါဝင်နေသည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ်တွေ့မြင်ရသည်။
မြန်မာနိုင်ငံကို ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေးအတွက် ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ များစွာလိုအပ်သည်။ ထို့ကြောင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်အစိုးရနှင့်အတူ မိဘအုပ်ထိန်းသူများ၊ ဆရာ ဆရာမများအပါအဝင် တာဝန်ရှိသူများနှင့် နိုင်ငံသားအားလုံးက တစိုက်မတ်မတ် အလေးထားဆောင်ရွက်ကြရန်လိုသည်။ ၂၁ ရာစု အသိပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် ဘဝတစ်သက်တာ လေ့လာသင်ယူနေရန်၊ စွမ်းဆောင်ရည်ပြည့်ဝနေရန်လိုသည်။ မိမိကိုယ်တိုင်အစဉ်အမြဲလေ့လာသင်ယူနေရန်နှင့် ပြင်ပ ဗဟုသုတများနှင့် အသိပညာအမျိုးမျိုးအတွက် စာအုပ်၊ စာပေများကို လေ့လာဖတ်ရှု နေကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ လူငယ်တိုင်းသည် နိုင်ငံကို ဦးဆောင်နိုင်သူမဖြစ်သော်လည်း လူငယ်အားလုံးသည် နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ထုဆစ်အကောင်အထည်ဖော်ကြမည့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြသောကြောင့် ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားအားထုတ်ပြီး အမျိုးသားအကျိုးစီးပွားတိုးတက်မြင့်မားရေးအတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ နိုင်ငံတကာအသိုက်အဝန်းတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ခံ့ညားထည်ဝါစွာ ရပ်တည်နိုင်ရေး အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ကြရန်၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်များနှင့် စည်းလုံးညီညွတ်ပြီး အနာဂတ်နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper - 3518 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
