လေဘာပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
လေဘာပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
Ministry of Information/ Naypyitaw / November 16, 2025
နေပြည်တော် နိုဝင်ဘာ ၁၅
လေဘာပါတီ ဥက္ကဋ္ဌ ဦးမြင့်သန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
“လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ အလုပ်သမား၊ လယ်သမား၊ ပြည်သူလူထုတစ်ရပ်လုံး ခင်ဗျား”
ဒီကနေ့ ဤရုပ်မြင်သံကြားမှတစ်ဆင့် မေတ္တာဖြင့် နှုတ်ခွန်းဆက်သခွင့်ရသည့်အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်ကတော့ လေဘာပါတီရဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်း ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ပါတီဟာ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား၊ အခြေခံလူတန်းစားများရဲ့ စစ်မှန်သော ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ဖို့အတွက် အားထုတ်ကြိုးပမ်းနေတာ နှစ်ကာလကြာမြင့်ခဲ့ပါပြီ။ ဒီကနေ့ ဒီနေရာမှရပ်တည်ပြီး ပြောကြားခွင့်ရခြင်းဟာ ကျွန်တော်တို့ လေဘာပါတီအတွက် သမိုင်းဝင်အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။
လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများနဲ့ ပတ်သက်ပြီး ပြောပြရမယ်ဆိုရင် -
“ချစ်ခင်လေးစားရတဲ့ ပြည်သူများ ခင်ဗျား”
ဒီကနေ့ ကျွန်တော်တို့နိုင်ငံဟာ စီးပွားရေး ၊ လူမှုရေး ၊ နိုင်ငံရေး စိန်ခေါ်မှု ပေါင်းစုံနဲ့ လက်ရှိ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် အလုပ်သမားများနဲ့ လယ်သမားများရဲ့ဘဝဟာ ကြမ်းတမ်းခက်ခဲနေဆဲ ဖြစ်ပါတယ်။
လုပ်ခလစာက စားဝတ်နေရေးအတွက် မလုံလောက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှု၊ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုတွေနဲ့ စိုက်ပျိုးစရိတ်ကြီးမြင့်ပြီး သင့်မြတ်တဲ့ကုန်ဈေးနှုန်းနဲ့ သင့်တော်တဲ့ လုပ်ခဝင်ငွေမရရှိမှုတွေဟာ နိုင်ငံရဲ့ကျောရိုးဖြစ်တဲ့ အလုပ်သမားနဲ့ တောင်သူလယ်သမားထု ရင်ဆိုင်နေရတဲ့ အဓိကပြဿနာပါ။ ဒီအခြေခံလူတန်းစားတွေရဲ့ ဘဝလုံခြုံမှုမရှိသရွေ့၊ ကျွန်တော်တို့ရဲ့ နိုင်ငံဟာလည်း စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမှာ မဟုတ်ပါဘူး။
လေဘာပါတီ၏ ရည်မှန်းချက်
ဒါကြောင့် ကျွန်တော်တို့ လေဘာပါတီဟာ အဓိကရည်မှန်းချက် (၃) ရပ်ကို ချမှတ်ထားပါတယ်။
(၁) မျှတသော လုပ်ခလစာ၊ အလုပ်သမားအခွင့်အရေးနှင့် လုံခြုံမှု ရရှိရေး
(၂) လယ်ယာမြေနှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့်တင်နိုင်ရေး
(၃) ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေးစနစ် တည်ဆောက်နိုင်ရေးတို့ ဖြစ်ပါတယ်။
ဒီရည်မှန်းချက်တွေဟာ လူမှုတရားမျှတမှုနဲ့ စီးပွားရေးတန်းတူညီမှုကို အခြေခံတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ရဲ့ မဟာဗျူဟာပဲ ဖြစ်ပါတယ်။
ပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို တင်ပြရမယ်ဆိုရင် -
ပြည်သူလူထုကြီးခင်ဗျား - ကတိစကားသက်သက်မဟုတ်ဘဲ ကျွန်တော်တို့ပါတီဟာ လက်တွေ့ကျတဲ့ မူဝါဒတွေနဲ့ ပြည်သူများရဲ့ဘဝကို တိုးတက်စေရမယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ပါတီရဲ့ နိုင်ငံရေးမူဝါဒသဘောထားကတော့ ပါတီစုံပါဝင်တဲ့ နိုင်ငံသားများ ဦးဆောင်သည့် နိုင်ငံရေးလမ်းစဉ်ကို ကျင့်သုံး နိုင်ရေး ဖြစ်ပါတယ်။
ပါတီရဲ့ လုပ်ငန်းစဉ်များအဖြစ်
* ပြည်သူ/ ပြည်သားအားလုံးနှင့် အလုပ်သမားများဥပဒေအရ၊ ခံစားခွင့်နှင့် ရပိုင်ခွင့်များ ညီတူညီမျှခံစားနိုင်ရေး။
* သက်ကြီးရွယ်အိုများနှင့် အလုပ်အကိုင်မရှိသူများအား နိုင်ငံတော်ရန်ပုံငွေမှ အထောက်အပံ့ပြုနိုင်ရေး။
* ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးနှင့် စီးပွားရေးကဏ္ဍများတွင် ပြည်ထောင်စုဖွား နိုင်ငံသားများ၏ ဦးဆောင်နိုင်ခွင့်နှင့် ဦးစားပေး ရထိုက်ခွင့် ခံစားရရှိနိုင်ရေးနှင့် ပြည်ထောင်စုဖွား နိုင်ငံသားများကို အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးမူဝါဒလမ်းစဉ်များကို သင့်တော်သည့် နည်းလမ်းများဖြင့် ဖော်ထုတ်နိုင်ရေးတို့ ဖြစ်ပါတယ်။
အထူးသဖြင့် အလုပ်သမားအခန်းကဏ္ဍအတွက်
* အနည်းဆုံး လုပ်ခလစာတိုးမြှင့်ခြင်း၊ လက်ရှိကုန်ဈေးနှုန်းအပေါ်မူတည်၍ နေထိုင်စားသောက်နိုင်လောက်သော မျှတသည့် အနည်းဆုံးလုပ်ခလစာ (Minimum Salary) သတ်မှတ်နိုင်ရန် ဥပဒေကြမ်းကို တင်သွင်းပါမယ်။
* အလုပ်သမားသမဂ္ဂများ အားကောင်းစေခြင်း၊ အလုပ်ရှင်/ အလုပ်သမားများအကြား အငြင်းပွားမှုများတွင် အလုပ်သမားများဘက်မှ ရဲရဲဝံ့ဝံ့ရပ်တည်ကာကွယ်ပေးမယ့် လွတ်လပ်သော အလုပ် သမားသမဂ္ဂများကို ဥပဒေအရ အကာအကွယ်ပေးပြီး အားကောင်းလာအောင် ဆောင်ရွက်ပေးပါမယ်။
* လူမှုဖူလုံရေးကဏ္ဍမြှင့်တင်ခြင်းနှင့် အလုပ်သမားများအတွက် ပင်စင်လစာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အလုပ်လက်မဲ့ အကျိုးခံစားခွင့်များကို အာမခံနိုင်မယ့် ခိုင်မာသော လူမှုဖူလုံရေးစနစ်ကို ချဲ့ထွင်ဖော်ဆောင်ပါ့မယ်။
* နိုင်ငံတော်ရဲ့ လူဦးရေ ၇ဝ% ဟာ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေထိုင်သူများ ဖြစ်ပါတယ်။
ဒါကြောင့် လယ်သမားအခန်းကဏ္ဍအတွက် -
* မြေယာလုပ်ပိုင်မှု ခိုင်မာစေခြင်း၊ မြေယာလုပ်ပိုင်မှု အငြင်းပွားမှုတွေကို ဥပဒေအရ မြန်ဆန်စွာဖြေရှင်းပေးပြီး လယ်သမားများလက်ဝယ်ရှိ မြေယာများအတွက် ခိုင်မာသောလုပ်ပိုင်ခွင့်ကို ရရှိနိုင်ရေး အာမခံပါ့မယ်။
* စိုက်ပျိုးစရိတ်လျှော့ချရေး၊ ဈေးကွက်ရှာဖွေရေးနှင့် စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများကို ဈေးနှုန်းချိုသာစွာ ရရှိနိုင်ရန် ထောက်ပံ့ပေးပြီး လယ်ယာ ထွက်ကုန်များကို သင့်တင့်သောဈေးနှုန်း ရရှိစေ ရန်အတွက် ပြည်ပဈေးကွက်နဲ့ ချိတ်ဆက်ပေးပါ့မယ်။
* လယ်သမားကြွေးမြီပြဿနာဖြေရှင်းရေးနှင့် ဒုက္ခရောက်နေ သော လယ်သမားများ၏ ကြွေးမြီများကို ဖြေလျှော့ပေးပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသော ရေရှည်ချေးငွေစနစ်ကို စတင်ဖော်ဆောင်ပါ့မယ်။
ချစ်သော အလုပ်သမား၊ လယ်သမား ပြည်သူများတို့ ခင်ဗျား-
ကျွန်တော်တို့ လေဘာပါတီရဲ့ အနာဂတ်မျှော်မှန်းချက်ဟာ “ခေတ်နောက်ကျ ကျန်ရစ်သူ၊ အမြဲတမ်းမျက်ကွယ်ပြုခံနေရသူ၊ စစ်မှန်သော တိုးတက်မှုအသီးအပွင့်ကို မခံစားရသေးသူများ” အတွက် မွေးဖွားလာတဲ့ပါတီဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်သူ့ကိုမှ မမုန်းတီးပါဘူး။ “လူမှုတရားမျှတမှုမရှိခြင်းနဲ့ ဆင်းရဲနွမ်းပါးမှု” ကိုသာ မုန်းတီးပါတယ်။
ကျွန်တော်တို့ လေဘာပါတီဟာ စီးပွားရေးစနစ်တစ်ခုလုံးကို အလုပ်သမားနဲ့ လယ်သမားများရဲ့ အကျိုးစီးပွားအတွက် ဦးတည်တဲ့ မူဝါဒတွေနဲ့ ပြောင်းလဲပစ်မှာပါ။ အလုပ်ကိုလေးစားတဲ့ နိုင်ငံ၊ ချွေးနှဲစာကို တန်ဖိုးထားတဲ့နိုင်ငံကို တည်ဆောက်သွားပါမယ်။ ဒီလိုအပြောင်းအလဲအတွက် ကျွန်တော်တစ်ဦးတည်း၊ တစ်ပါတီတည်းနဲ့ မရပါဘူး။ ပြည်သူအားလုံးရဲ့အား၊ ပြည်သူအားလုံးရဲ့ မဲဆန္ဒလိုအပ်ပါတယ်။
ဒါကြောင့် ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့ ကိုယ်စားလှယ်ကောင်းများကို ရွေးချယ်ကြပါ။ လူမှုဘဝဒုက္ခများကို ဖယ်ရှားနိုင်ရေးအတွက် လေဘာပါတီကို ရဲရဲဝံ့ဝံ့ မဲပေးကြ ပါ။ ဒီမဲဟာ သင်တို့ရဲ့ လုပ်ခလစာကို တိုးတက်စေမယ့် မဲ၊ သင်တို့ရဲ့ မြေယာလုပ်ပိုင်မှုကို လုံခြုံစေမယ့် မဲ၊ သင်တို့ရဲ့ သားသမီးတွေကို ပညာတတ်ဖြစ်စေမယ့် မဲ၊ သင်တို့ရဲ့ မိသားစုဘဝကို ဖွံ့ဖြိုးတိုးတက်စေမယ့် မဲဖြစ်ပါတယ်။ မဲဆန္ဒနယ်မြေအသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင် ကြတဲ့ လေဘာပါတီရဲ့ ကိုယ်စားလှယ်လောင်းများဟာ ပြည်သူ ပြည်သားများထဲက ထွက်ပေါ်လာသူများဖြစ်ပါတယ်။ သူတို့ဟာ သင်တို့ရဲ့အခက်အခဲတွေကို အတူရင်ဆိုင်ဖြေရှင်းပေးသွားမယ့် သူတွေပါ။
ဒါကြောင့်၊ နိဂုံးချုပ်အနေနဲ့ ပြောကြားချင်တာကတော့ -
“ဒီရွေးကောက်ပွဲဟာ သမိုင်းဝင်အခွင့်အရေးပါ။ ဒီအခွင့်အရေးကို လက်လွတ်မခံကြပါနဲ့။ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ကောင်းမွန်တဲ့ လူမှုဘဝတစ်ခုအတွက် ဖော်ဆောင်နိုင်ဖို့ရန် လေဘာပါတီကို မဲပေးကြပါလို့ လေးစားစွာတိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။”
ပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
Newspaper - 3351 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
