လျှပ်စစ်သုံးမော်တော်ယာဉ်များ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)၊ သီလဝါဆိပ်ကမ်း (MITT) နှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း
လျှပ်စစ်သုံးမော်တော်ယာဉ်များ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)၊ သီလဝါဆိပ်ကမ်း (MITT) နှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း
Ministry of Planning and Finance/ Yangon, Dry Port (KM) & Yangon, Myanmar International Terminals Thilawa (MITT) & Myanmar Industrial Port (MIP) / February 07, 2025
လျှပ်စစ်သုံးမော်တော်ယာဉ်များ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)၊ သီလဝါဆိပ်ကမ်း (MITT) နှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ရောက်ရှိ
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K MOTORS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: MG, MG5 (STANDARD)၊ 2023 MDL၊ C/O: CHINA – (30) U သည် ၂၂-၁၂-၂၀၂၄ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိခဲ့ပါသည်။ DONGFENG MOTOR CORPORATION LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: DONGFENG NAMMI 01၊ 2024 MDL ၊ C/O: CHINA – (28) U သည် ၂၃-၁-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ ရောက်ရှိခဲ့ပါသည်။ GODLEN MANDALAR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: BYD DOLPHIN MINI၊ 2024 MDL၊ C/O: CHINA – (13) U သည် လည်းကောင်း၊ BRAND NEW HATCHBACK (LHD)၊ BRAND NAME: BYD DOLPHIN၊ 2024 MDL၊ C/O: CHINA – (8) U သည် လည်းကောင်း၊ BRAND NEW HATCHBACK (LHD)၊ BRAND NAME: BYD DOLPHIN၊ 2024 MDL၊ C/O: CHINA – (2) U နှင့် BRAND NEW HATCHBACK (LHD)၊ BRAND NAME: BYD DOLPHIN MINI၊ 2024 MDL၊ C/O: CHINA – (2) U တို့သည် ၈-၁၂-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ အသီးသီး ရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၃၀) စီး အား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၈) စီးအား သီလဝါဆိပ်ကမ်း (MITT) ၌လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၅) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌ လည်းကောင်း စုစုပေါင်းလျှပ်စစ်သုံးမော်တော်ယာဉ် (၈၃) စီးအား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော် ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန် ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၆-၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါသည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားပါ ကြောင်း သတင်းရရှိပါသည်။
သတင်းစဥ်
Newspaper - 3103 items

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။
