လှမ်းစို့တူညီ မဲရုံဆီ
လှမ်းစို့တူညီ မဲရုံဆီ
Ministry of Information/ Naypyitaw / December 23, 2025
ယနေ့မှစ၍ နောက်ငါးရက်အကြာတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၁) မဲပေးကြရတော့မည်။ နိုင်ငံနှင့်ပြည်သူ ပျက်စီးရာပျက်စီးကြောင်းကိုသာ အလိုရှိကြသည့် တိုင်းဖျက်ပြည်ဖျက်အကြမ်းဖက်တို့ မည်မျှခြိမ်းခြောက်နှောင့်ယှက်ဖျက်လို ဖျက်ဆီးပြုကြသည်ဖြစ်စေ သမိုင်းဘီးသည် ရှေ့သို့သာ လည်ပတ်ရွေ့လျားသည်နှင့်အညီ သတ်မှတ်ထားသည့်နေ့ရက်တွင် ရွေးကောက်ပွဲကျင်းပမည်သာဖြစ်သကဲ့သို့ တာဝန်ကျေပွန်သည့် နိုင်ငံသူနိုင်ငံသားတို့၏ စွမ်းပကားဖြင့် ရွေးကောက်ပွဲသည် အောင်မြင်စွာကျင်းပပြီးစီးမည်သာဖြစ်သည်။
လက်ရှိမိမိတို့နိုင်ငံ၏ အခြေအနေမှာ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၅၆ မြို့နယ်မှအပ ကျန်မြို့နယ်များမှာ ရွေးကောက်ပွဲကို အပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံကြမည်ဖြစ်သည်။ လာမည့်ရွေးကောက်ပွဲသည် ယခင်ကျင့်သုံးခဲ့သည့်စနစ်အပြင် စနစ်သစ်တစ်ရပ်ကိုလည်း ပေါင်းစပ်ကျင့်သုံးသွားမည်ဖြစ်ရာ အကျိုးဆက်အနေဖြင့် လွှတ်တော်အပြီး ပေါ်ပေါက်လာမည့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့တွင် အခင်းအကျင်းသစ်များ ပေါ်ထွက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ရွေးကောက်ပွဲစနစ် သစ်အရ တိုင်းရင်းသားလူမျိုးစုပါတီများ ဒေသအလိုက်ကိုယ်စားပြုမှု ပိုမိုရရှိလာခြင်း၊ လူထုအလွှာအသီးသီးကို ကိုယ်စားပြုသော ပါတီငယ်များ ကိုယ်စားလှယ်နေရာများ ပိုမိုရရှိလာခြင်း၊ လွှတ်တော်အတွင်း ပါတီစုံကိုယ်စားပြု ပိုမိုမြင့်မားလာခြင်းစသည့် အကျိုးဆက်များ ထွက်ပေါ်လာမည်ဖြစ်ရာ ပါတီစုံဒီမိုကရေစီ အနှစ်သာရကို ပေါ်လွင်စွာ တွေ့မြင်လာရမည်လည်းဖြစ်သည်။
ပြည်တွင်းလုံခြုံရေးအခြေအနေများမှာလည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်း သူများယာယီအားဖြင့် ထိန်းချုပ်ထားခဲ့သည့် နယ်မြေဒေသများမှာ တပ်မတော်လုံခြုံရေးတပ်ဖွဲ့များ၏ စွန့်လွှတ်စွန့်စားရဲဝံ့စွာ တိုက်ပွဲဝင်မှု၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ တစ်ခဲနက်အားပေး ထောက်ခံမှုတို့ကြောင့် နယ်မြေဒေသတစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ အကြမ်းဖက်သောင်းကျန်း သူအဖွဲ့များမှာ မြို့ရွာများကို ယာယီထိန်းချုပ်ထားစဉ်ကာလအတွင်း နယ်မြေဒေသနှင့် ပြည်သူ့အကျိုးပြု ဘာတစ်ခုမှ ဆောင်ရွက်ပေးခြင်း မရှိခဲ့သည့်အပြင် ဌာနဆိုင်ရာအဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ လူနေအိမ်၊ သာသနိက အဆောက်အအုံများတွင် ဘန်ကာ၊ ကတုတ်ကျင်းများပြုလုပ်၍ စစ်ရေးအတွက် အသုံးပြုခဲ့ကြပြီး တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်၍ ဆုတ်ခွာထွက်ပြေးရသည့်အခါတွင် အများပြည်သူသွားလာသုံးစွဲသည့် လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်ခြင်း၊ စက်ရုံအလုပ်ရုံ ရုံးဌာနများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများကို အဓမ္မယူဆောင်သွားခြင်း စသည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ယင်းလုပ်ရပ်များက ၎င်းတို့၏ အဖွဲ့အစည်းများကို ဒေသခံများ၏ ဆန့်ကျင်မှု ပိုမိုကြီးမားလာစေသည်။
တစ်ဖက်တွင် ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ အကြမ်းဖက်အဖွဲ့အစည်းတို့ နေမြင့်လေအရူးရင့်လေ ဖြစ်လာနေပြီး မပျက်နိုင်သည့် ရွေးကောက်ပွဲကို ပျက်လိုပျက်ငြား ရှိသမျှအားဖြင့် ဖျက်ဆီးရန်ကြိုးစားနေကြသည်။ ၎င်းတို့နှင့် ကံကြမ္မာတူဖြစ်သော ပြည်ပြေး ပြည်ဖျက် မီဒီယာများကလည်း သတင်းတု၊ သတင်းမှားများကို တွင်တွင်ထုတ်လွှင့်ကာ ရွေးကောက်ပွဲကို ပျက်စီးစေဖို့ အားထုတ်ကြိုးပမ်းကြသည်။ ရွေးကောက်ပွဲသည် တရားမျှတမည် မဟုတ်ဟူ၍လည်းကောင်း၊ အတုအယောင်ရွေးကောက်ပွဲဟူ၍ လည်းကောင်း သွားပုပ်လေလွင့် အခြေအမြစ်မဲ့စွာ ပုတ်ခတ်ကြသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ရရှိခဲ့သော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည်တိုက်ယူ၍ ရခဲ့ခြင်းမဟုတ်သောကြောင့် အတုအယောင်လွတ်လပ်ရေးဟု သမုတ်ခဲ့သော ကွန်မြူနစ်တို့နှင့် အတူတူပင်ဖြစ်သည်။ နိုင်ငံနှင့်ပြည်သူအပေါ် စေတနာမှန်ကန်သူတို့မှာ နောင်တစ်ချိန်တွင် သမိုင်းတင်ကျန်ခဲ့မည်ဖြစ်ပြီး စေတနာ မမှန်သူတို့မှာ သမိုင်း၏ ဗီလိန်နေရာတွင် မှတ်တမ်းဝင်လိမ့်မည်ဖြစ်သည်။
မိမိတို့ပြည်သူများအနေဖြင့်မူ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၊ သက်ဆိုင်ရာမဲရုံများတွင် ကပ်ထားကြေညာထားသည့် မဲစာရင်းများကို သွားရောက်ကြည့်ရှုကြရန်၊ မိမိမဲစာရင်း အမှတ်စဉ်ကိုမှတ်သားကာ ရွေးကောက်ပွဲကျင်းပသည့်နေ့မဲရုံ၌ မဲစာရင်းစိစစ်လက်မှတ်ရေးထိုးချိန်တွင် အချိန်မကြန့်မကြာ မြန်ဆန်စွာမဲပေးနိုင်ရေးကိုသာ ကူညီဆောင်ရွက်ကြရန် နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။
Newspaper - 3388 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
