သတိထားရှောင်ကြဉ်ကြရမည့် အသွင်သစ် မူးယစ်ဆေးများအန္တရာယ်


Ministry of Information/ Naypyitaw / February 20, 2026
image_latest


မူးယစ်ဆေးပြဿနာသည် ရှေးကတည်းကပင်ရှိခဲ့ပြီး ခေတ်ကာလပြောင်းလဲသည်နှင့်အမျှ မူးယစ်ဆေးတို့ကလည်း ပုံသဏ္ဌာန်အမျိုးမျိုး လိုက်ပါပြောင်းလဲလာသည်။ မည်သို့ပင် ပြောင်းလဲ သည်ဖြစ်စေကာမူ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ကိုယ်ကျင့်သိက္ခာအရ ထိခိုက်ဆုံးရှုံးမှုများအပြင် အလွန်အကျွံသုံးစွဲမိခြင်းနှင့် အခြားသော အကြောင်းအမျိုးမျိုးတို့ကြောင့် ရုတ်တရက်သေဆုံးမှုမျိုးအထိ အန္တရာယ်ရှိခြင်းတို့မှာမူ ခေတ်တိုင်းတွင် အတူတူသာလျှင်ဖြစ်သည်။

မျက်မှောက်ကာလတွင် လူငယ်လူရွယ်များအတွင်း ခေတ်ရေစီးကြောင်းအရ အပြောင်းအလဲများကို လက်ခံကျင့်သုံး လာကြသည်။ ပါတီများ၊ ဘားများ၊ နေ့/ညကလပ်များ၊ ကေတီဗွီများ၊ အုပ်စုလိုက်ချိန်းဆိုတွေ့ဆုံပွဲများ စသည်ဖြင့် မိန်းကလေးရော ယောက်ျားလေးပါ စိတ်ပျော်ရွှင်ရာ ရှာဖွေကြခြင်းဖြစ်သည်။ ယင်းနှင့်အတူအများအားဖြင့် တွဲလျက်ပါရှိတတ်သည်မှာ မူးယစ်သောက်စားမှုဖြစ်ပြီး သာမန်အားဖြင့် အရက်အပြင်း၊ အပျော့တို့မျှသာမက အီး၊ ကေ၊ ဟက်ပီးဝါးတား စသည့် ပုံပြောင်းမူးယစ်ဆေးဝါးများပါ သုံးစွဲကြခြင်းဖြစ်သည်။ ဆူညံမြူးကြွသည့် တေးသီချင်းများနှင့်အတူ နေ့လုံးပေါက်၊ ညလုံးပေါက် မနားတမ်းကခုန်မြူးထူးနိုင်ရန် ၎င်းမူးယစ်ဆေးများက အထောက်အကူပေးသည်။ မိတ်ဆွေအပေါင်းအသင်းများ၊ သူငယ်ချင်းများတွေ့ဆုံကြချိန်တွင် အတုမြင်အတတ်သင်ဆိုသလို စမ်းသပ်သုံးစွဲခြင်း၊ ဆွဲဆောင်စည်းရုံးမှုကြောင့် သုံးစွဲခြင်းတို့မှအစပြုကာ တစ်စတစ်စနှင့် စွဲလမ်းသည့်ဘဝသို့ ရောက်သွားကြခြင်းဖြစ်သည်။

အီး ခေါ် Ecstasy သည် စိတ်ကြွဆေးတစ်မျိုးဖြစ်ပြီး အချို့သော စိတ်ရောဂါများကုသခြင်း၊ စိတ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းတို့၌ အသုံးပြုသည်။ ပါကင်ဆန်ရောဂါနှင့် အဆစ်အမျက်နာကျင်မှုတို့ကို သက်သာစေနိုင်သည်။ သို့ရာတွင် Ecstasy ကို လိုအပ်သည့် ပမာဏထက်ပိုမိုသုံးစွဲပါက နှလုံး၊ ကျောက်ကပ်၊ အသည်း၊ ဦးနှောက်တို့ကို ထိခိုက်စေနိုင်ပြီး အခန့်မသင့်ပါက သေဆုံးစေနိုင်သည်။ ဆေးဝါးအဖြစ်အသုံးပြုသည့် အီးကို အလွန်အကျွံသုံးစွဲပြီး အလွဲသုံးစားပြုလုပ်ခြင်းမှာ အန္တရာယ်မကင်းသည့် အပြုအမူဖြစ်သည်။

ကေ ခေါ် Ketamine မှာ ဆေးကုသမှုအချို့တွင် မေ့ဆေးအဖြစ်လည်းကောင်း၊ တိရစ္ဆာန်ဆေးကုရာတွင် အသုံးပြုခြင်း ဖြစ်သော်လည်း မူးယစ်ဆေးဝါးအဖြစ် တလွဲအသုံးပြုသည့်အခါ အန္တရာယ်ရှိလာသည်။ ကေကိုအသုံးပြုခြင်းကြောင့် မျောလွင့်နေသည့် ခံစားမှုမျိုးကို စွဲလမ်းမိပြီး ပမာဏများစွာသုံးစွဲပါက အသက်ရှူနှေးခြင်း၊ ကြွက်သားများအားနည်းခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အမြင်အာရုံပျက်ယွင်းခြင်း၊ အာရုံရှုပ်ထွေးမှုများဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်စေနိုင်ပြီး အခြားမူးယစ်ဆေးများနှင့် တွဲ၍သုံးစွဲမိပါက ပို၍အန္တရာယ်ကြီးမားစေသည်ဟု သိရသည်။

Happy water မှာ အက်စ်တာစီ၊ ကတ်တမင်း၊ မက်သာ ဖက်တမင်း၊ ထရာမဒေါလ်၊ ဒိုင်ယာဇီပင်၊ ကဖင်းစသည်တို့ ရောနှောပေါင်းစပ်ထားပြီး အရောင်မရှိ၊ အနံ့မရှိသောအရည် သို့မဟုတ် အမှုန့်ပုံစံဖြင့် ထုတ်လုပ်ရောင်းချသည်။ မူးယစ်ဆေးပေါင်းစုံကို ပေါင်းစပ်ထားခြင်းဖြစ်ရာ အာနိသင်ပေါင်းစုံ ပါဝင်နေပြီး ဆေးသုံးစွဲထားချိန်တွင် ပင်ပန်းမှုမသိ၊ နာကျင်ကိုက်ခဲမှုမသိဘဲ အချိန်ကြာမြင့်စွာ ကနိုင်ခုန်နိုင်ကြသည်။ ဆေးကို အချိန်ကြာမြင့်စွာနှင့် ပမာဏများစွာသုံးစွဲပါက ထင်ယောင်ထင်မှား အကြားအမြင်များ ဖြစ်လာခြင်း၊ အိပ်မပျော်ခြင်း၊ ထိမှုနာကျင်မှုတို့ကို မခံစားရခြင်း၊ မိမိဖြစ်ခဲ့သမျှတို့ကို မမှတ်မိခြင်းတို့ ဖြစ်နိုင်သည့်အတွက် အမျိုးသမီးများ၏ အရှက်နှင့်သိက္ခာအတွက် အန္တရာယ်ကြီးသည့် မူးယစ်ဆေးဖြစ်သည်။

ပုံစံသစ်နှင့် အသွင်ပြောင်းလာသည့် မူးယစ်ဆေးများမှာ လူငယ်လူရွယ်များ၊ အချို့လူကြီးများသာမက အသက်ငယ်ရွယ်သေးသည့် ကျောင်းသား ကျောင်းသူကလေးများ၏ အနီးဝန်းကျင် သို့ပင် ရောက်ရှိနေတတ်သည်။ ပြောင်းလဲလာနေသည့် ခေတ်ရေစီးကြောင်းနှင့်အတူ လိုက်ပါစီးမျောပျော်ရွှင်မှု ရှာဖွေကြရာတွင် အပျော်မှသည် ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်နစ်နာမှုသို့ ရောက်ရှိမသွားစေရန် ထိန်းကျောင်းကြဖို့လိုသည်။ အထူးသဖြင့် စိတ်ပြောင်းမူးယစ်ဆေးများမှာ တရားမဝင် မှောင်ခိုဆေးဝါး များဖြစ်သည့်အလျောက် ၎င်းတို့တွင် မည်သည့်အဆိပ်အတောက်များ၊ မည်သို့ပြင်းထန်သည့် ဓာတုဒြပ်ပေါင်းများ မည်မျှပါဝင်နေမည်ကို မည်သူမျှမသိနိုင်ကြရာ လွန်စွာအန္တရာယ်ကြီးသည်။ မူးယစ်ဆေးသုံးစွဲမှု သဘာဝအရ စိတ်ရောကိုယ်ပါ စွဲလမ်းလာသည့်အခါတွင် ဖြတ်တောက်နိုင်ရန် ခက်ခဲလှပြီး မိမိတို့၏ လူမှု စီးပွားဘဝများကို ပျက်စီးစေနိုင်သည်။ ထို့အပြင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိခြင်း သို့မဟုတ် သုံးစွဲခြင်းတို့မှာ ဥပဒေကြောင်း အရလည်း ပြစ်ဒဏ်များ ကျခံရနိုင်သည်။ သို့ဖြစ်ရာ ပုံစံသစ်နှင့် အသွင်ပြောင်းလာသည့် မူးယစ်ဆေးများအန္တရာယ်မှ ရှောင်ရှားနိုင်ရေး၊ မိမိပတ်ဝန်းကျင်နှင့် မိမိမိသားစုဝင်များ လမ်းမှားသို့ မရောက်ရှိရေး သတိထားနိုင်ကြစေရန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါကြောင်း။ ။

Newspaper - 3447 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download