သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်


Ministry of Information/ Naypyitaw / November 11, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၀

ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Horizon Lake View ဟိုတယ်၌ ကျင်းပသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးနှင့် ရောဂါနှိမ်နင်းရေးတပ်နှင့် အမှတ်(၂) တပ်မတော် သားဖွားမီးယပ်နှင့် ကလေးဆေးရုံတို့မှ တာဝန်ရှိသူများ၊ နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံကြီးမှဆေးရုံအုပ်ကြီး၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ တာဝန်ရှိသူများ၊ EPI Focal များ၊ WHO နှင့် UNICEF တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သော အမျိုးသမီးများတွင် တတိယမြောက်အဖြစ် အများဆုံးကင်ဆာဖြစ်ကြောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါအားလုံးအနက် ၇၀ ရာခိုင်နှုန်းသည် HPV ပိုးအမျိုးအစား (၁၆)နှင့် (၁၈) ကူးစက်ခံရခြင်း ကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိထိုးနှံလျက်ရှိသည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးတွင် HPV ပိုး အမျိုးအစားလေးမျိုးဖြစ်သည့် (၆)၊ (၁၁)၊ (၁၆)၊ (၁၈)တို့ကို ကာကွယ်နိုင်သော ကာကွယ်ဆေးဖြစ်သည့်အတွက် အဆိုပါသားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု အများဆုံးဖြစ်စေသည့် ပိုးအမျိုး အစား(၁၆)နှင့်(၁၈)ကူးစက်ခံရခြင်းမှ ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည့်အပြင် ပိုးအမျိုးအစား(၆)နှင့်(၁၁)ကိုပါ ကာကွယ်ပေးနိုင်မည်ဖြစ်၍ ကြွက်နို့ဖြစ်ပွားခြင်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲအနေဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအနေဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု ၉၀ ရာခိုင်နှုန်းရရှိသည်အထိ အောင်မြင်ခဲ့ပြီး ကျောင်းပြင်ပမိန်းကလေးငယ်များကို ဆက်လက်ထိုးနှံရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့ဖြစ်၍ ယခုအစည်းအဝေးကို ဆောင်ရွက်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လဆန်းမှစတင်၍ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အသက်ကိုးနှစ်မှ ၁၁ နှစ်အတွင်းရှိ ကျောင်းပြင်ပမိန်းကလေးငယ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းမှရရှိသည့် အတွေ့အကြုံ၊ အခွင့်အလမ်းများကိုအသုံးချပြီး လာမည့် ၂၀၂၆ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် အသက်ကိုးနှစ်မှ ၁၈ နှစ်အရွယ်အထိ မိန်းကလေးငယ်များကို အသက်အပိုင်းအခြားတိုးမြှင့်၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း (HPV MAC-HPV Multi- Age Cohorts Vaccination)ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိထိုးနှံ ပေးလျက်ရှိသည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများကို ကမ္ဘာ့ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာမိတ်ဖက်အဖွဲ့အစည်း (GAVI Alliance for Vaccines and Immunization-GAVI)မှ ပံ့ပိုးပေးလျက်ရှိပြီး နိုင်ငံတော်မှလည်း GAVI အဖွဲ့နှင့် အချိုးကျထည့်ဝင်၍ (Co-financing) အစီအစဉ်ဖြင့် ဝယ်ယူကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံထားပါက အသက် ၁၃ နှစ်မှ ၁၉ နှစ်အတွင်း ရှိသည့် မိန်းကလေးများတွင် ကင်ဆာဖြစ်စေသည့် သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ပြီး အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ် မိန်းကလေးများတွင် အဖြစ်များသည့် ကနဦးကင်ဆာဖြစ်ပွားမှုနှုန်းကို ၃၁ ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3345 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download