ဟင်္သာတခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ဟင်္သာတခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
Ministry of Information/ Naypyitaw / April 29, 2026
နေပြည်တော် ဧပြီ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့နံနက်ပိုင်းက ဝန်ကြီးဌာနအောက်ရှိ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌တွေ့ဆုံရာ တာဝန်ရှိသူများက ဟင်္သာတခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဟင်္သာတခရိုင်အတွင်း ဒေသနှင့်ကိုက်ညီသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာကြဲပက်ခြင်း ပညာပေးလုပ်ငန်းများ မြို့နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရေး၊ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးခြင်းနှင့်အတူ ပျားမွေးမြူရေးပါတွဲဖက်လုပ်ကိုင်ရေး၊ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အပါအဝင် မျိုးမြှင့်တင်ရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိစေရေး၊ ဒေသတွင်းထွန်ယက်စိုက်ပျိုးနိုင်သည့် စက်ယန္တရားများ လုံလောက်မှုရှိစေရေး၊ အနိမ့်တင်ဆိုလာရေတင်စနစ်များ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးနှင့် မိုးရာသီမတိုင်မီ တာတမံပြုပြင်ခြင်းလုပ်ငန်းများ အလေးထား
ဆောင်ရွက်ရေးဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့ စက်မှုလယ်ယာဦးစီးဌာနအောက်ရှိ အမှတ် (၂) အလတ်စား စက်ပြင်အလုပ်ရုံ၌ စက်ရုံတာဝန်ခံများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ယခုဘဏ္ဍာနှစ်အတွင်း တောင်သူပညာပေးသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ခေတ်နှင့်လျော်ညီစွာ တောင်သူပိုင်လယ်ယာသုံး စက်ကိရိယာများ ပိုမိုပြင်ဆင်နိုင်ရေး ဆွေးနွေးမှာကြားကာ အလုပ်ရုံအတွင်း စက်ကိရိယာပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဇလွန်မြို့နယ် ဧရာဝတီ-ဟင်္သာတ တာမိုင် (၃၅/၃) အနီး တာအိတာလျှောဖြစ်ပွားမှုအား အခိုင်အမာပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီရေးနှင့် မိုးရာသီမတိုင်မီ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဧရာဝတီ - ဟင်္သာတတာသည် တာမိုင်အရှည် အလျား ၈၃ ဒသမ ၈၇ မိုင်ရှိပြီး ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ပန်းတနော်မြို့နယ် လေးမြို့နယ်အတွင်း ရေဘေးကာကွယ်ဧရိယာ ၃၃၉၃၈၁ ဧက ကို ရေကြီးနစ်မြုပ်မှုအန္တရာယ်မှ ကာကွယ်ထားရှိသော တာတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3510 items
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
