အခြေခံကောင်းများကို ကောင်းစွာအသုံးချ ထုတ်ကုန်ပို့ကုန်များ တိုးမြှင့်အောင်ဆောင်ရွက်
အခြေခံကောင်းများကို ကောင်းစွာအသုံးချ ထုတ်ကုန်ပို့ကုန်များ တိုးမြှင့်အောင်ဆောင်ရွက်
Ministry of Information/ Naypyitaw / November 01, 2024
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ထိုနိုင်ငံရှိ ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုအပေါ်တွင် အဓိကတည်မှီလျက်ရှိပြီး ယင်းသို့ကြိုးပမ်းအားထုတ်မှုများအတွက် လမ်းဖွင့်ပေးမည့် အခြေအနေနှင့် အခွင့်အလမ်းများဖန်တီးပေးရန်လိုအပ်သည်ဟု နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသီများက ဆိုသည်။ ကမ္ဘာ့နိုင်ငံများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကွာခြားရခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံ၏တည်နေရာနှင့် ပတ်ဝန်းကျင်ကြောင့်၊ လူမျိုးတို့၏ ဗီဇနှင့်စွမ်းရည်ကွာခြားမှုကြောင့်၊ နိုင်ငံတစ်နိုင်ငံချင်းစီ၏ သမိုင်းရေးရာအခြေအနေများကြောင့်၊ သဘာဝသယံဇာတအရင်းအမြစ် ကွာခြားချက်ကြောင့် စသည်ဖြင့် အကြောင်းအရင်းများကို လေ့လာရာတွင် အဆုံးသတ်ကောက်ချက်သည် လူတို့ကြိုးပမ်းအားထုတ်ပါက မည်သည့်အခြေအနေမှပင်မဆို ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်းပင်ဖြစ်သည်။
မိမိတို့နိုင်ငံသည် ယေဘုယျအားဖြင့် သယံဇာတအရင်းအမြစ် ပေါကြွယ်ဝသည့် နိုင်ငံအဖြစ် ဆိုနိုင်သည်။ သယံဇာတအရင်း အမြစ်ဆိုသည်မှာ စီးပွားရေးအရအသုံးဝင်ပြီး လူသားတို့က ဖန်တီးသောအရာမဟုတ်သည့် ရုပ်ဝတ္ထုအားလုံးကို ခေါ်ဆိုခြင်းဖြစ်သည်။ သယံဇာတသဘာဝအရင်းအမြစ်များတွင် ရေနံ၊ သတ္တု၊ သဘာဝဓာတ်ငွေ့စသည့် မြေအောက်သယံဇာတများ၊ ရေ၊ မြေ၊ တော၊ တောင်၊ မြစ်ချောင်း၊ အင်းအိုင်များ စသည့်မြေပေါ်သယံ ဇာတများနှင့် ရာသီဥတုအခြေအနေ၊ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်မှုများ စသည်ဖြင့် အခြေအနေကောင်းများစွာကို မိမိတို့နိုင်ငံက ပိုင်ဆိုင်ထားသည်။ သို့ရာတွင် အဆိုပါသယံဇာတအရင်း အမြစ်များသည် လူတို့၏လုပ်အားနှင့် ကြိုးပမ်းအားထုတ် ဖန်တီးမှုများမပါရှိဘဲ ဘာမှမဖြစ်လာနိုင်။ သယံဇာတအရင်းအမြစ် ချို့တဲ့သော်ငြားလည်း နိုင်ငံသားတို့၏ လုံ့လဝီရိယအပြည့်ဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ် အလုပ်လုပ်မှုများကြောင့် ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ ရောက်ရှိနေကြသည့် နိုင်ငံအများအပြား ရှိနေကြသည်ကို သာဓကအဖြစ် တွေ့မြင်နိုင်သည်။
“မိမိတို့တွင် ပိုင်ဆိုင်ထားသည့် ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြရန်လိုကြောင်း၊ ရေကိုအကျိုးရှိစွာ အသုံးချနိုင်ရမည်၊ မြေကိုစနစ်တကျပြုပြင် ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နေကြသည့် ပြည်ပနိုင်ငံများ၏ နည်းစနစ်များကိုလည်း လေ့လာအတုယူဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ပ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက်လည်း အသီးအနှံများ ပိုမိုထုတ်လုပ်တင်ပို့နိုင်ရေးအတွက် အားပေးဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိတို့တွင်ရှိသည့် အခြေခံကောင်းများကို ကောင်းစွာအသုံးချ နိုင်ခြင်းသည် နိုင်ငံ၏အားပင်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ထုတ်ကုန်များနှင့် ပို့ကုန်များတိုးမြှင့်လာအောင် ဆောင်ရွက်ကာ ကမ္ဘာပေါ်တွင် စားရေရိက္ခာကို ထုတ်လုပ်သည့်နိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူနိုင်ရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၄)တွင် ပြောကြားခဲ့ရာ နိုင်ငံကပိုင်ဆိုင်ထားသည့် ရေ မြေ သယံဇာတများအပေါ်တွင် လူတို့၏ ကြိုးပမ်းအားထုတ်မှုများဖြင့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ကြဖို့ပင်ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ပြီးကာလတွင် လွတ်လပ်ရေးရခဲ့ကြသည့် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံများ၊ ယင်းကာလအတွင်း စတင်ထူထောင်ခဲ့ကြသည့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ အသီးသီးတို့မှာ နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း ဆင်းရဲနွမ်းပါးမှုနွံတွင်းမှ ရုန်းထွက်ကာ ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းပေါ်သို့ တက်ရောက်နေကြပြီဖြစ်သည်။ နိုင်ငံဖွံ့ဖြိုး ရေးအတွက် တစ်ခုတည်းသောလမ်းကြောင်းမှာ အဆပေါင်းများစွာ တိုးတက်ကြိုးပမ်း အလုပ်လုပ်ကြရန်ပင်ဖြစ်ပြီး ထိုသို့လုပ်နိုင်ကိုင်နိုင်၊ ကြိုးပမ်းနိုင်ရန်အတွက် အခွင့်အလမ်းများ ဖော်ထုတ်ဖန်တီးပေးရန်ပင် ဖြစ်သည်ဟု နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။
Newspaper - 2969 items
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်၊ နိုဝင်ဘာ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့၊ အောက်တိုဘာ ၃၁ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၂၉ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download