အစဉ်အလာကောင်းများကိုထိန်းသိမ်း တပ်မတော်၏စွမ်းပကားကိုမြှင့်တင်
အစဉ်အလာကောင်းများကိုထိန်းသိမ်း တပ်မတော်၏စွမ်းပကားကိုမြှင့်တင်
Ministry of Information/ Naypyitaw / December 26, 2025
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်နက်နယ်မြေကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ ရေပြင်ကာကွယ်ရေးစွမ်းပကား၏အရေးပါမှုကို သမိုင်းကြောင်းတစ်လျှောက်တွင် တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ သမိုင်းကြောင်း၌ ကိုလိုနီနယ်ချဲ့တို့က ရေကြောင်းစွမ်းပကားကိုအဓိကအသုံးပြုပြီး ကျူးကျော်နယ်ချဲ့သိမ်းပိုက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံကိုသိမ်းပိုက်ရန်အတွက် စစ်ပွဲသုံးလီဆင်နွှဲခဲ့ရာတွင် ရေကြောင်းစစ်ဆင်ရေးဖြင့် အသာစီးယူခဲ့သည်ကို သင်ခန်းစာယူဖွယ် တွေ့ရသည်။
မျက်မှောက်ကာလတွင် နိုင်ငံအများစုသည် သမားရိုးကျခြိမ်းခြောက်မှုများအပြင် သမားရိုးကျမဟုတ်သော ပင်လယ်ဓားပြမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှု စသည့်ရေကြောင်းဆိုင်ရာလုံခြုံမှုနှင့် ခြိမ်းခြောက်မှုများကို ဖြေရှင်းနေရသည်။ ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ခေတ်မီပြီး အင်အားတောင့်တင်းခိုင်မာသည့် ရေတပ်ရှိရန်လိုအပ်သည်။ သို့မှသာ မိမိတို့၏ပိုင်နက်နယ်မြေ၊ ပင်လယ်သီးသန့်စီးပွားရေးဇုန်၊ ကမ်းရိုးတန်းဒေသများနှင့် တစ်နိုင်ငံလုံးကိုပင် ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်သည်။ နိုင်ငံ၏ရေကြောင်းဆိုင်ရာအကျိုးစီးပွားများကို အပြည်ပြည်ဆိုင်ရာပင်လယ်ပြင်ဥပဒေနှင့်အညီ အပြည့်အဝထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများသည် ပိုင်နက်ပင်လယ်ပြင်၌သာမကဘဲ သီးသန့်စီးပွားရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင်အထိ ကျယ်ပြန့်စွာတည်ရှိနေသဖြင့် တပ်မတော်(ရေ)အနေဖြင့် လွှမ်းခြုံကာကွယ်ပေးနိုင်ရန် လိုအပ်သည်။ ထို့အပြင် ပင်လယ်ပြင်နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံရေတပ်များနှင့်ယှဉ်ပြိုင်နိုင်ရန် စွမ်းဆောင်ရည်မြင့်မားပြီး တိုက်စွမ်းအားကောင်းသည့် စစ်ရေယာဉ်များကို အမျိုးအစားအစုံ အချိုးကျကျဖွဲ့စည်းထားရန်လိုအပ်သည်။ တပ်မတော်ရေကို တိုက်ပွဲဝင်အသင့်ဖြစ်စေရန်အတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့်လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဆိုသည့် အသင့်ဖြစ်မှု (၃) ရပ်နှင့်ပြည့်စုံအောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
တပ်မတော်(ရေ)ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တပ်မတော်(ရေ)၏ ကဏ္ဍကြီး (၄) ရပ်ကို ထမ်းဆောင်ရာတွင် စစ်ရေးကဏ္ဍအနေဖြင့် တိုက်စွမ်းရည်နှင့်တိုက်စွမ်းအား ဟန်ချက်ညီတိုးတက်မှသာ တိုက်ပွဲဝင်အသင့်ဖြစ်သည့် တပ်ဖွဲ့တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ တိုက်စွမ်းအားရရှိရန်အတွက် စစ်ဆင်မှုနယ်ပယ်(၄)ရပ်တွင် စစ်ဆင်နိုင်မည့်ခေတ်မီ Platform များ၊ စွမ်းရည်မြင့်လက်နက်နှင့် လက်နက်စနစ်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ကိရိယာများကို ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ယနေ့အချိန်တွင် ရေပြင်သွားစစ်ရေယာဉ်ကြီးများသာမက ရေငုပ်သင်္ဘောများကိုပါ ရရှိပိုင်ဆိုင်လာခဲ့ပြီး သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ်အဖြစ် ရောက်ရှိနေပြီဖြစ်ကြောင်း” ပြောကြားခဲ့သည်။
စစ်ရေယာဉ်များကို တည်ဆောက်တပ်တော်ဝင်သည့်နေရာတွင် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သည့် ခြိမ်းခြောက်မှုများကို တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိရန် ဖရီးဂိတ်စစ်ရေယာဉ်မှအစ မြစ်တွင်းအမြန်သွားတိုက်ရေယာဉ်များအဆုံး၊ အထောက် အကူပြုရေယာဉ်များပါမကျန် အမျိုးအစားစုံလင်စွာ ဖြည့်ဆည်းပေးလျက်ရှိသည်။ တပ်မတော်(ရေ)သည် အရွယ်အစားကြီးမားသည့် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက်တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေခဲ့သည်။ မြန်မာ့ရေပြင်ပိုင်နက် စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်စေခဲ့သည်။ “ရေတပ်၏တိုက်စွမ်းအားသည် စစ်ရေယာဉ်ဖြစ်သည်” ဆိုသည်နှင့်အညီ ခေတ်မီစစ်ရေယာဉ်များသာမက မြစ်တွင်းသွားဘက်စုံသုံး စစ်ရေယာဉ်များကိုပါ ကိုယ်တိုင်တည်ဆောက်နိုင်ခဲ့သည်။
ဖရီးဂိတ်စစ်ရေယာဉ်ကြီးများကို ကိုယ်တိုင်တည်ဆောက် အသုံးပြုနိုင်သည့်အတွက်ရေပြင်စစ်ဆင်ရေး၊ ဝေဟင်စစ်ဆင်ရေး၊ ရေအောက်စစ်ဆင်ရေး၊ အီလက်ထရောနစ်စစ်ဆင်ရေးစသည့် စစ်ဆင်မှုနယ်ပယ် (၄) ရပ်စလုံးတွင် တိုက်ပွဲဝင်နိုင်စွမ်းရှိသဖြင့် နောင်တွင် ရေတပ်၏အခန်းကဏ္ဍကြီး (၄) ရပ်ဖြစ်သည့် စစ်ရေးကဏ္ဍ၊ သံတမန်ရေးရာကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍနှင့် စာနာအကူအညီပေးရေးကဏ္ဍများကိုလည်း ပိုမိုထိရောက်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သည်။ ရေကြောင်းစစ်ဆင်ရေးသည် ဘက်စုံအသွင်ဆောင်သည့် သဘောသဘာဝရှိပြီးမျက်မှောက်ခေတ်ရေကြောင်း စစ်ဆင်ရေးကဏ္ဍကို ထိရောက်အောင်မြင်စွာ စစ်ဆင်နိုင်ရန်အသင့်ဖြစ်မှု ၃ ရပ်နှင့် ဟန်ချက်ညီညီ ပေါင်းစပ်စစ်ဆင်ရန်လိုအပ်သည်။
သို့ဖြစ်ရာ ကမ္ဘာတည်သရွေ့မြန်မာနိုင်ငံတော်တည်ရှိရမည်၊ မြန်မာနိုင်ငံတော်တည်ရှိနေသရွေ့ မြန်မာ့တပ်မတော်တည်ရှိရမည်၊ မြန်မာ့တပ်မတော် တည်ရှိနေသရွေ့ တပ်မတော်(ရေ)လည်းတည်ရှိရမည်။ တပ်မတော်(ရေ)အနေဖြင့်ရှိပြီးဖြစ်သည့် ကောင်းမွန်သောအစဉ်အလာများကို စဉ်ဆက်မပြတ်ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်းကာ တပ်မတော်(ရေ)နှင့်တပ်မတော်၏ဂုဏ်ကို ထိန်းသိမ်းမြှင့်တင်သွားမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3391 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
