အစဉ်အလာကောင်းများကိုထိန်းသိမ်း နိုင်ငံတော်နှင့် တပ်မတော်ဂုဏ်မြှင့်တင်


Ministry of Information/ Naypyitaw / March 17, 2026
image_latest


တပ်မတော်၏ အဓိကတာဝန်သည် ပြည်ပရန်ကာကွယ်ရေးဖြစ်သော်လည်း နိုင်ငံတွင်ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာအခြေအနေများအရ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကို ဝင်ရောက်ထိန်းသိမ်းနေရခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်ကောင်းရာကောင်းကျိုးကို အစဉ်အဆက်လက်ဆင့်ကမ်းတာဝန် ထမ်းဆောင်လျက်ရှိသည်။ တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် (Standard Army) ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထားပြီး ဖွဲ့စည်းတည်ဆောက်လျက်ရှိသည်။

တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ဖွဲ့စည်းတည်ဆောက်ဖြစ်ပေါ်လာခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ သောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်ရေး၊ ပြည်ပကျူးကျော်မှုများကို တွန်းလှန်ကာကွယ်ရေးစသည်တို့ကို တပ်မတော်၏ ရှိသမျှအင်အားများကိုစုစည်း၍ ကာကွယ်စောင့်ရှောက်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သောင်းကျန်းမှု၊ KNDO သောင်းကျန်းမှု၊ တရုတ်ကူမင်တန်ကျူးကျော်မှု စသည့်စစ်ဆင်ရေးများကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည်။ မျက်မှောက်ကာလတွင် တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် ခြေလျင်တပ်ရင်းတပ်ဖွဲ့များသာမက တပ်မတော် (ရေ)၊ တပ်မတော် (လေ) နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့များ၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံအတွင်းရှိ အမျိုးသမီးစွမ်းပကားကို အကျိုးရှိရှိ အသုံးပြုနိုင်ရေးအတွက် အမျိုးသမီးစစ်မှုထမ်းများကို ၂၀၁၄ ခုနှစ်မှစ၍ အမှုထမ်းခွင့်ပြုခဲ့သည်။ ယခင်က တပ်မတော်တွင် အမျိုးသမီးများကို ဆေးဝန်ထမ်းတပ်ဖွဲ့၌ ဆရာဝန်၊ သူနာပြုများအဖြစ်သာ ခန့်အပ်ခဲ့ရာမှ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း၊ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေးသင်တန်း၊ အမျိုးသမီးစစ်သူနာပြုသင်တန်းနှင့် အမျိုးသမီးတပ်သားသစ်သင်တန်းတို့ကိုခေါ်ယူပြီး အမျိုးသမီးများ၏ စွမ်းအားများကိုအကျိုးရှိရှိ အသုံးချနိုင်ခဲ့သည်။ လက်ရှိအချိန်တွင် အမျိုးသမီးအရာရှိနှင့် အခြားအဆင့် ၅၀၀၀ ကျော်အနေဖြင့် အမျိုးသားများနှင့်တန်းတူ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြပြီဖြစ်သည်။ ထူးခြားမှုအနေဖြင့် အမျိုးသမီးလေသူရဲ၊ လေယာဉ်မှူးများကို မွေးထုတ်ပေးနိုင်ခဲ့သည်မှာ မှတ်ကျောက်တင်ဂုဏ်ယူစရာဖြစ်သည်။

ထို့အပြင် နိုင်ငံတော်၌ ရိုသေခံ့ညားလောက်သည့် ကာကွယ်ရေးစွမ်းပကား၊ လုံခြုံရေးစွမ်းပကားရရှိနိုင်ရန်အတွက် ၁၉၅၉ ခုနှစ်ကတည်းကရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြင်ဆင်ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းကာ အာဏာတည်စေခဲ့ပြီး အကောင်အထည်ဖော်ကျင့်သုံးခဲ့သည်။ ပြည်သူ့စစ်မှုထမ်းများအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အသက်သွေးချွေးများပေးဆပ်၍ တစ်ထောင့်တစ်နေရာမှ ပါဝင်ထမ်းဆောင်လျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းများ၏ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေမှုများကို နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့် အသိအမှတ်ပြုလျက်ရှိသကဲ့သို့ လိုအပ်သည့် ထောက်ပံ့မှုများနှင့် ရပိုင်ခွင့်များကို ဆောက်ရွက်ပေးလျက်ရှိသည်။

ခေတ်မီတပ်မတော်တည်ဆောက်ရေးအတွက် ရေငုပ်သင်္ဘောတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းတည်ဆောက်နိုင်ခဲ့ပြီး ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲသင်္ခသူနှင့် မင်းရဲကျော်ထင်တို့ကို တပ်တော်ဝင်အသုံးပြုနိုင်ခဲ့ပြီဖြစ်သည်။ စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ထုတ်လုပ်နိုင်သည့် ဒေသတွင်းရှိ တစ်ခုတည်းသော တပ်မတော်ဖြစ်သည်။ မကြာမီက တပ်တော်ဝင်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ် (သာလွန်မင်း)သည် နိုင်ငံ၏ကိုယ်ပိုင်ဒီဇိုင်းဖြင့် ပြည်တွင်း၌တည်ဆောက်သည့် သင်္ဘောများတွင် အကြီးဆုံးဖြစ်သည်။ စစ်ရေယာဉ်များကို ပြည်တွင်း၌ တည်ဆောက်နိုင်ခြင်းကြောင့် နိုင်ငံ၏ရေပြင်ပိုင်နက်ကို ပိုမိုစိုးမိုးကာကွယ်နိုင်မည်ဖြစ်သည်။ တပ်မတော် (လေ) နှင့်ပတ်သက်၍လည်း လိုအပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်များကို ဖြည့်တင်းဆောင်ရွက်နိုင်ခဲ့သည်။ ပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေးလေယာဉ်၊ ရဟတ်ယာဉ်များကို နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး တပ်မတော်ကိုအထောက်အကူပြုလျက်ရှိသည်။

သို့ဖြစ်ရာ တပ်မတော်ကို ခေတ်မီတပ်မတော် တည်ဆောက်ရေးအတွက် ခြေလျင်တပ်ရင်းတပ်ဖွဲ့များသာမက တပ်မတော် (ရေ)၊ တပ်မတော် (လေ) နှင့် လက်ရုံးတပ်ဖွဲ့များတွင်လိုအပ်သည့် လက်နက်စနစ်များအပြင် အခြားလိုအပ်သည့် ဆက်စပ်ပစ္စည်းများဖြည့်တင်းခြင်း၊ ကိုယ်ပိုင်ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ တပ်မတော်တပ်ဖွဲ့များအားလုံး၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားများကို အစဉ်မြှင့်တင်ဆောင်ရွက်လျက်ရှိသဖြင့် တပ်မတော်၏မွန်မြတ်သည့်အမွေ အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး တပ်မတော်နှင့်နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်ပေးလျက်ရှိပါကြောင်း။ ။

Newspaper - 3472 items

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download