အစိုးရ၏ ရက် (၁၀၀) အတွင်း ဦးစားပေးဆောင်ရွက်မည့်စီမံကိန်းများနှင့် ချိတ်ဆက်အကောင်အထည်ဖော်နိုင်ရေး ရှင်းလင်းမှာကြား


Ministry of Information/ Naypyitaw / April 29, 2026
image_latest


နေပြည်တော် ဧပြီ ၂၈

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့် အစိုးရ၏ ရက် (၁၀၀) အတွင်း ဦးစားပေးဆောင်ရွက်မည့် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃၂) ၌ ကျင်းပသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကျော်ထင်နှင့် ဦးသန့်စင်လွင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစိုးရ၏ ရက် (၁၀၀) အတွင်းဆောင်ရွက်မည့် စီမံကိန်များကို ဒေသန္တရစီမံကိန်း၊ ကဏ္ဍစီမံကိန်းများဖြင့် ချိတ်ဆက်စိစစ်၍ အမျိုးသားစီမံကိန်းပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများနှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်းဥပဒေနှင့် ဒေသန္တရစီမံကိန်းဥပဒေပါ လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများ၏ အကောင်အထည်ဖော်မှု အခြေအနေများကို မြေပြင်ကွင်းဆင်းစိစစ်ပြီး အစီရင်ခံပြုစုတင်ပြခြင်း၊ GDP ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း များအတွက် အသုံးပြုနေသော ငွေလုံးငွေရင်းအသုံးစရိတ်များနှင့်စပ်လျဉ်း၍ စိစစ်ခြင်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးနှင့် ပိုမိုဝင်ရောက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် ဌာန/ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအား အသိပညာ မျှဝေပေးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3510 items

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download