အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / October 11, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၁၀

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများမှ တာဝန်ရှိများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက “၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်” ဂုဏ်ပြုတေးသီချင်းဖြင့်အခမ်းအနားကို စတင်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို ယခုနှစ်တွင် “Fund Resilience, Not Disasters” “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်သည် အပူဆုံးနှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သဘာဝဘေးဖြစ်ပွားမှုကို လေ့လာရာတွင် ရေဘေးခံစားရနိုင်ခြေရှိသည့် လူဦးရေသည် ၁၉၇၀ ပြည့်နှစ်တွင် ၂၈ ဒသမ ၁ သန်းမှ ၂၀၂၀ ပြည့်နှစ် တွင် ၃၅ ဒသမ ၁ သန်းထိ ၂၄ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ မိုးခေါင်ရေရှားဘေးသည် လွန်ခဲ့သည့်နှစ် ၂၀ ကျော်အတွင်း ၂၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြောင်း၊ အပူပိုင်းမုန်တိုင်းကြောင့် နှစ်စဉ်ခန့်မှန်းခြေဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၉ ဘီလီယံဖြစ်ကြောင်း။

လက်တွဲညီစွာဖြင့် ဆောင်ရွက်

မြန်မာနိုင်ငံတွင်လည်း ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ နေအိမ်၊ စာသင်ကျောင်းတို့အပြင် လျှပ်စစ်၊ ပို့ဆောင်ဆက်သွယ်ရေး စသည့် ကဏ္ဍပေါင်းစုံတွင် ထိခိုက်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ် ၇၉၇၉ ဘီလီယံကျော်ရှိခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်လမ်းညွှန်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ငလျင်ဘေးအရေးပေါ် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ၊ ပြည်သူများ လက်တွဲညီစွာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေ ညွှန်းကိန်းအရ ထိခိုက်ဆုံးရှုံးနိုင်ခြေ အမြင့်မားဆုံးနိုင်ငံ ၁၀ နိုင်ငံအနက် ဆဋ္ဌမမြောက်နေရာတွင် ပါဝင်နေသဖြင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အနေဖြင့် အစဉ်တစိုက် အလေးထားလုပ်ဆောင်ကြရန် အလွန်အရေးကြီးကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို ထူထောင်ရာတွင် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍများသာမက ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတိုင်းသည် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အစီအမံများတွင် ရန်ပုံငွေကို ပိုမိုထည့်သွင်းရင်းနှီးမြှုပ်နှံကြခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုကို လျော့နည်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူတာရက်စ်၏ သတင်းစကားရုပ်သံနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် သဘာဝဘေးစီမံခန့်ခွဲမှု မှတ်တမ်းတင်ဗီဒီယိုတို့ကို ပြသသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့က အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3376 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download