အများပြည်သူလူထု ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် သာစည် - ရွှေညောင်ရထားလမ်းပိုင်းအတွင်း အမှတ်(၁၄၁)အဆန်၊ (၁၄၂)အစုန်လူစီးရထားနှင့် အောင်ပန်း - ကလော၊ ကလော-မြင်းဒိုက် Tour Train (RGC)ရထားများ ပြန်လည်ပြေးဆွဲပေးမည်
အများပြည်သူလူထု ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် သာစည် - ရွှေညောင်ရထားလမ်းပိုင်းအတွင်း အမှတ်(၁၄၁)အဆန်၊ (၁၄၂)အစုန်လူစီးရထားနှင့် အောင်ပန်း - ကလော၊ ကလော-မြင်းဒိုက် Tour Train (RGC)ရထားများ ပြန်လည်ပြေးဆွဲပေးမည်
Ministry of Information/ Naypyitaw / January 25, 2025
နေပြည်တော် ဇန်နဝါရီ ၂၄
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ရာဂီစူပါတိုင်ဖွန်းမုန်တိုင်း သဘာဝဘေးဒဏ်ရေကြီးရေလျှံမှုကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ သာစည်-ရွှေညောင်-တောင်ကြီးလမ်းပိုင်းတို့ရှိ အချို့နေရာများတွင် ရထားလမ်းတာပေါင်များ၊ တံတားများပျက်စီးခြင်းနှင့် ကြုံတွေ့ခဲ့ရသော်လည်း မြန်မာ့မီးရထားအနေဖြင့် လမ်းပိုင်းအလိုက် ပျက်စီးမှုများကို ဦးစားပေး၍ပြုပြင်နိုင်ခဲ့သောကြောင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃ ရက်မှစ၍ ရန်ကုန်-မန္တလေး ရထားလမ်းတောက်လျှောက် ပြန်လည်ဖွင့်လှစ်ပြီး လူစီးရထားများနှင့် ကုန်ရထားများကို ပုံမှန်ခရီးစဉ်များအဖြစ် ပြန်လည်ပေးဆွဲပေးနိုင်ခဲ့သည်။
ထို့အတူ သာစည်-ရွှေညောင်လမ်းပိုင်းအတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းပိုင်းအလိုက် ဦးစားပေးပြုပြင်နိုင်ခဲ့သဖြင့် ဇန်နဝါရီ ၂၈ ရက်တွင် လမ်းပိုင်းအားလုံး ပြန်လည်ဖွင့်လှစ်ပေးနိုင်မည်ဖြစ်၍ သာစည်-ရွှေညောင်လမ်းပိုင်းတွင် ပြေးဆွဲပေးခဲ့သော အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင် လူစီးရထားကို ဇန်နဝါရီ ၃၁ ရက်(သောကြာနေ့)တွင်လည်းကောင်း၊ အမှတ်(၁၄၂) အစုန် ရွှေညောင်- သာစည်လူစီးရထားကို ဖေဖော်ဝါရီ ၃ ရက်(တနင်္လာနေ့) တွင်လည်းကောင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အပတ်စဉ်အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင်ရထားကို သောကြာနှင့် အမှတ်(၁၄၂)အစုန် ရွှေညောင်-သာစည်ရထားကို တနင်္လာနေ့များတွင် ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အမှတ် (၁၄၁) အဆန်ရထားသည် သာစည်မှ နံနက် ၆ နာရီထွက်ခွာ၍ ရွှေညောင်သို့ ညနေ ၅ နာရီတွင်လည်းကောင်း၊ အမှတ်(၁၄၂) အစုန်ရထားသည် ရွှေညောင်မှ နံနက် ၇ နာရီ ထွက်ခွာ၍ သာစည်သို့ ညနေ ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ ခရီးစဉ် အစအဆုံးအတွက် လက်မှတ်ခမှာ ရိုးရိုးတန်းငွေကျပ် ၉၀၀၀နှုန်းနှင့်အထက် တန်းလက်မှတ်ခမှာငွေကျပ်၁၂၀၀၀နှုန်းဖြစ်သည်။
ထို့ပြင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများအား ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ရေမြေတောတောင်သဘာဝရှုခင်းများ၊ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ အောင်ပန်း-ကလော (အသွား-အပြန်)ခရီးစဉ်နှင့် ကလော-မြင်းဒိုက်(အသွား-အပြန်)ခရီးစဉ်များကို ခရီးသည် ၁၅ ဦး လိုက်ပါစီးနင်းနိုင်သည့် RGC ရထားစင်းလုံးငှားခရီးစဉ်အဖြစ် ပုဂ္ဂလိကခရီးသွားလာရေးအဖွဲ့များ၊ မိသားစုများ၊ လေ့လာရေးအဖွဲ့များအနေဖြင့် ခရီးစဉ်တစ်ခုအတွက် (အသွား-အပြန်) ကျပ် ၁၂၀၀၀၀ (ကျပ်တစ်သိန်းနှစ်သောင်းတိတိ) နှုန်းဖြင့် စိတ်ပါဝင်စားသည့် မည်သူမဆို ဇန်နဝါရီ ၂၄ ရက်မှစတင်၍ ငှားရမ်းစီးနင်းနိုင်မည်ဖြစ်သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်- မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်း လမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား- မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း-သာရဝေါလမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3067 items
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download