အမျိုးသမီးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ရရှိသောငွေကြေးအကျိုးအမြတ်ကို ခေါင်းပုံဖြတ် ရယူဆောင်ရွက်သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်


Ministry of Information/ Naypyitaw / April 02, 2026
image_latest


နေပြည်တော် ဧပြီ ၁

အမျိုးသမီးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ရရှိသောငွေကြေးအကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူဆောင်ရွက်သူက လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဒညင်းကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို တစ်ရပ်ကွက်တည်းနေ မသီတာမိုး (ခ)ချယ်ရီက ကျိုင်းတုံမြို့ရှိ KTV ဆိုင်တွင် အလုပ်ရှိကြောင်း၊ တစ်လလျှင် ငွေကျပ်သိန်း ၃၀ ခန့်ရရှိမည်၊ လုပ်ကိုင်လိုပါက သွားရောက်မည့်နေ့တွင် လက်ကိုင်ဖုန်းဝယ်ပေးပြီး ကျိုင်းတုံမြို့သို့ရောက်သည်အထိ တာဝန်ယူ ပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုသဖြင့် သဘောတူခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ကျိုင်းတုံမြို့သို့ သွားရောက်ရမည်ဖြစ်၍ အောင်မင်္ဂလာအဝေးပြေးကားဝင်း သို့ လိုက်ပါပို့ဆောင်ကာ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေငါးသောင်းကျပ်ပေးပြီး ကျိုင်းတုံမြို့သို့ရောက်လျှင် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးကာ ကားပေါ်တင်ပေး၍ ပြန်သွားခဲ့ကြောင်း။

ကျိုင်းတုံမြို့သို့ရောက်ရှိ၍ သဲအိဖြူကိုင်ဆောင်သည့် ဖုန်းနံပါတ်သို့ဆက်သွယ်ခဲ့ရာ အငှားကားတစ်စီးလွှတ်ပေးထားရှိပြီး ၎င်းကားနှင့်လိုက်ခဲ့ရန်ပြောဆိုသဖြင့် လိုက်ပါခဲ့ကြောင်း၊ ၆ နာရီခန့်အကြာတွင် သဲအိဖြူနေထိုင်သည့် ပန်ဆန်းမြို့ရှိ တရုတ်စာတမ်းများရေးသားထားသည့် “ဖန်ကျွမ်းလိုင် ဆိုသည့် ဆိုင်သို့ရောက်ရှိခဲ့ပြီး သဲအိဖြူကိုတွေ့ရှိခဲ့ကြောင်း၊ သဲအိဖြူက မှတ်ပုံတင်အား သိမ်းဆည်းပြီးနောက်နေ့တွင် အမျိုးသားဖောက်သည်များနှင့် ဆက်ဆံရမည်ဟုပြောဆိုသဖြင့် ပြည့်တန်ဆာအလုပ် မလုပ်နိုင်ကြောင်း၊ ပြန်လိုကြောင်းပြောဆိုခဲ့ရာ ပြန်လိုပါက မသီတာမိုး(ခ)ချယ်ရီကို ထုတ်ပေးထားသည့် ငွေကျပ်သိန်း ၃၀ ပြန်ပေးပါက ပြန်လို့ရကြောင်း၊ မပေးနိုင်ပါက ပြည့်တန်ဆာအလုပ်လုပ်ကိုင်ရမည်၊ထွက်ပြေးပါကလိုက်၍ သတ်ခိုင်းမည်ဟု ခြိမ်းခြောက်ပြောဆိုကာ ပြည့်တန်ဆာအလုပ်အား အဓမ္မခိုင်းစေသဖြင့် လုပ်ကိုင်ခဲ့ရကြောင်း၊ သဲအိဖြူကရရှိသည့်ငွေကို တစ်ဝက်ပေးမည်ဟု ပြောခဲ့သော်လည်း မရရှိခဲ့ကြောင်း။

ယင်းမှ ဆက်လက်မလုပ်ကိုင်လိုတော့၍ ဧည့်သည်အမျိုးသားတစ်ဦးကို အကူအညီတောင်းခံခဲ့ရာ ကျိုင်းတုံမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ အင်းစိန်မြို့မရဲစခန်း(ပ)၃၉/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်နေ့တွင် အင်းစိန်ခရိုင်တရားရုံးမှ မသီတာမိုး(ခ)ချယ်ရီအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ် နှင့် ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3488 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download