အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်၊ ဥတ္တရသီရိရေလှောင်တမံနှင့် အလုပ်သမားဝန်ကြီးဌာန ရုံးပတ်လမ်း၊ မြေထိန်းနံရံပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / July 15, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၅

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်၊ ဥတ္တရသီရိရေလှောင်တမံနှင့် အလုပ်သမားဝန်ကြီးဌာနရှိ ရုံးပတ်လမ်း၊ မြေထိန်းနံရံများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဥတ္တသီရိမြို့နယ် ကျောက်အိုးချောင်းပေါ်တွင် တည်ရှိသည့် ဥတ္တသီရိရေလှောင်တမံသို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆည်အတွင်း ရေဝင်ရောက်ရာလမ်းကြောင်းများ၊ တမံပြန်လည်ပြုပြင်ရန်အတွက် ဘူမိဗေဒတိုင်းတာခြင်း မြေစမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ရေလှောင်တမံရေထုတ်ပြွန်မှ ရေယိုစိမ့်မှုနှင့် မြေသားတမံ၏ ဖို့မြေထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီးလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေလှောင်တမံအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရေလယ်အဆောက်အအုံအား ဖယ်ရှားရှင်းလင်းနေမှု၊ အရန်အရေးပေါ်ရေပိုလွှဲအား ရေတံခါးတပ်ဆင်၍ ရေလွှဲပေါက်တစ်ခုအဖြစ် ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ ရေလှောင်တမံတွင် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအနေဖြင့် အရန်ရေပိုလွှဲလမ်းကြောင်းဖော်ထုတ်ခြင်း၊ တမံအတွင်းရေဝင်လမ်းကြောင်းကို ချောင်းမကြီးဆည်ဘက်သို့ ပေ(၁၃၅၀) တူးဖော်ခြင်း၊ ပင်မရေပိုလွှဲတွင် ရေဝပ်နေရာကို ကွန်ကရစ်လောင်းခြင်း၊ ယာယီရေတားတမံနှင့် မူလတမံကြားရှိ ရေနှင့်သဲနုန်းများ စုပ်ထုတ်ရှင်းလင်းခြင်းနှင့် Tower အတွင်း ရေမဝင်အောင် Ring Bund ပတ်၍ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကွန်ကရစ် Tower အား ဖြိုဖျက်ခြင်းနှင့်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေတံခါးဖြုတ်ခြင်း၊ ငလျင်ဒဏ်ကြောင့် ပေါက်ပြဲပျက်စီးခဲ့သည့် ရေထုတ်ပြွန်ကို ကွန်ကရစ်ဖြင့် အပြီးပိတ်ခြင်း၊ ရေလုံမြေဖြင့်ဖို့၍ ရေရှည်တမံကြံ့ခိုင်မှုရှိစေရန် တမံအရှေ့ဘက်မှ Banquette ဖို့ခြင်း၊ တမံအောက်ဘက် Downstream ဘက်ခြမ်းထူးပေါက်နှင့် မြေကျွံကျမှုဖြစ်ပေါ်ခဲ့သော နေရာများမှ မြေသားများအား ဖယ်ရှားရှင်းလင်းပြီး တမံဖို့ရန်သတ်မှတ်ထားသည့် မြေအမျိုးအစားဖြင့် သတ်မှတ်ပုံစံအတိုင်း ပြန်လည်ကြိတ်ဖို့ခြင်း၊ ရေလွှဲမြောင်း Diversion Channel နေရာတွင် ၆ပေ x ၈ ပေ အရွယ် ရေတံခါးတစ်ခုကို ကွန်ကရစ်ဖြင့်တည်ဆောက်ခြင်း၊ ကွန်ကရစ်ပိုက်အတွင်း ကွန်ကရစ်လောင်းရန် Conduit ပိုက်အား အပေါက်ဖောက်ခြင်း၊ ပိတ်ဆို့ရမည့်နေရာ တပ်ဆင်နိုင်ရန် Socket ပြုလုပ်ခြင်းနှင့် ရေလွှဲကြောင်းအား ရေတံခါးတပ်ဆင်ရန်အတွက် ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများကို အမြန်ဆုံးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဥတ္တရသီရိရေလှောင်တမံသည် ရေဆင်းဧရိယာ ဧက ၁၅၀၀ ၊ တမံအမြင့်ပေ ၆၀၊ တမံအလျားပေ ၁၁၂၀ ရှိ မြေသားတမံအမျိုးအစားဖြစ်ပြီး ဥတ္တသီရိမြို့နယ်အတွင်းရှိ ပြည်သူများသောက်သုံးရေဖူလုံစွာ ပေးဝေနိုင်ရေးအတွက် ၂၀၀၈-၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ရာ သက်တမ်းအားဖြင့် ၁၇ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အလုပ်သမားဝန်ကြီးဌာနသို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးချစ်ဆွေနှင့် ဦးမျိုးသန့်တို့က ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံနှင့် ရုံးပတ်လမ်းပြန်လည်တည်ဆောက်ရန်အတွက် မြေသားစမ်းသပ်ခြင်း၊ ကွန်ကရစ်လမ်း နိမ့်ကျွံကွဲအက်ပျက်စီးခဲ့သောနေရာတွင် ၁၂ ပေအကျယ် မြေသားလမ်းခင်းခြင်း၊ သံကူကွန်ကရစ်နှင့် Bored Pile ကျောက်စီမြေကာနံရံ အသစ်တည်ဆောက်ခြင်း၊ ယာယီရေထုတ်မြောင်း တည်ဆောက်ခြင်းနှင့် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် RC မြေထိန်းနံရံများတည်ဆောက်ရန်အတွက် Bored Pile တူးဖော်နေမှု၊ ရုံးဝင်းအတွင်း Prefabricated Office ( ၄၀ ပေ x ၄၀ ပေ ) နှင့် ( ၄၀ ပေ x ၆၀ ပေ ) များဖြင့် ယာယီရုံးခန်းများဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3225 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download