အမျိုးသားအားကစားဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်


Ministry of Information/ Naypyitaw / September 11, 2024
image_latest


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အချက်ကိုချမှတ်ထားသည်။ နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍမှတစ်ဆင့် လူငယ်လူရွယ်ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးသာမက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေးတို့ကိုပါ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၌ အားကစားကဏ္ဍကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိရာတွင် နှစ်အလိုက်၊ ရာသီအလိုက်၊ ကဏ္ဍအလိုက် အားကစားပြိုင်ပွဲအမျိုးမျိုးကို အဆက်မပြတ်ကျင်းပပေးလျက်ရှိသည်။ အားကစားအမျိုးအစား တစ်ခုချင်းအလိုက်ပြိုင်ပွဲ၊ ကျောင်းသားအားကစားပြိုင်ပွဲ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အားကစားပြိုင်ပွဲ၊ ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲ၊ နိုင်ငံတကာပြိုင်ပွဲစသည်ဖြင့် အားကစားပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကျင်းပပေးလျက်ရှိရာ ထူးချွန်သောအားကစားသမားများ၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ အဆက်မပြတ်ပေါ်ထွက်ပြီး အားကစားကဏ္ဍကို မြှင့်တင်ပေးနိုင်ခဲ့သည်။

အားကစားကဏ္ဍ၌ ပြိုင်ပွဲအားလုံး၏အမြုတေသည် အမျိုးသားအားကစားပြိုင်ပွဲဖြစ်ပေသည်။ အားကစားပြိုင်ပွဲအမျိုးအစားများ၊ ပြိုင်ပွဲဝင်အားကစားသမားအရေအတွက် အများဆုံးပါဝင်ယှဉ်ပြိုင်နိုင်သဖြင့် အမျိုးသားအားကစားပြိုင်ပွဲဟု ခေါ်ဆိုထိုက်ပေသည်။ အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် ရန်ကုန်မြို့တွင်စတင်ကျင်းပခဲ့ရာ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ်ကျင်းပခဲ့သည်။ ထို့နောက် အခက်အခဲအကြောင်းအမျိုးမျိုးတို့ကြောင့် ဆက်လက်ကျင်းပနိုင်ခြင်းမရှိဘဲ ၁၈ နှစ်တာကြာမြင့်ပြီးနောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ စတုတ္ထအကြိမ် အမျိုးသားအားကစားပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ခဲ့ပါသည်။

ထို့နောက် အမျိုးသားအားကစားပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ခြင်းမရှိဘဲ ၁၀ နှစ်ခန့်ကြာမြင့်သည့် ၂၀၂၄ ခုနှစ်ကုန်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်၌ကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ စတုတ္ထအကြိမ် အမျိုးသားအားကစားပြိုင်ပွဲတွင် အားကစားပွဲအမျိုးအစား ၃၄ မျိုး (အားကစားနည်း ၂၇ နည်း) ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုမှ အမျိုးသားအားကစားသမား ၂၈၉၅ ဦး၊ အမျိုးသမီးအားကစားသမား ၁၄၆၆ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်အပြင် အားကစားနည်းခုနစ်နည်းဖြင့် မသန်စွမ်းအားကစားပြိုင်ပွဲများလည်း ပါဝင်ကျင်းပနိုင်ခဲ့သည်။

စတုတ္ထအကြိမ် အမျိုးသားအားကစားပြိုင်ပွဲသည် ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်မည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် အမျိုးသားအားကစားပြိုင်ပွဲသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်မည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်မှန်းထားသည်။

အားကစားသမားများကို ခေတ်အဆက်ဆက် အားပေးဂုဏ်ပြုချီးမြှင့်လျက်ရှိသကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင်လည်း ထူးခြားစွာ မြှင့်တင်အားပေးပြီး ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်။ မြန်မာအားကစားသမားများသည် အာရှနှင့်အရှေ့တောင်အာရှအဆင့် အားကစားပြိုင်ပွဲကြီးများအပါအဝင် နိုင်ငံတကာအားကစားပြိုင်ပွဲပေါင်း ၂၂ ခုသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ် ၇၇ ခု၊ ငွေတံဆိပ် ၈၇ ခုနှင့် ကြေးတံဆိပ် ၁၅၉ ခု ရရှိအောင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ဆုကြေးငွေကျပ် ၇၄၅၂၃ သိန်းနှင့် အမေရိကန်ဒေါ်လာ ၁၃၃၉၀၀ ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့သည်။

ထိုသို့ချီးမြှင့်ပေးခြင်းသည် မျိုးဆက်သစ်လူငယ်များအနေဖြင့် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်လိုသည့်စိတ် ပေါ်ပေါက်လာစေရန်ရည်ရွယ်ပြီး ချီးမြှင့်ပေးခြင်းဖြစ်သည်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှတစ်ဆင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွက်လာနိုင်ပြီး နိုင်ငံတော်အဆင့်၊ အာဆီယံအဆင့်၊ နိုင်ငံတကာအဆင့်အားကစားသမားများ ပေါ်ထွက်လာနိုင်သည်။ လက်ရှိတွင် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွက်လာအောင် ဆောင်ရွက်နေပြီဖြစ်၍ ထူးချွန်အားကစားသမားများ ရေရှည်ရပ်တည်နိုင်ရန် အားပေးမြှင့်တင်ပံ့ပိုးပေးနိုင်ရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်မည့်အားကစားသမားများ ပေါ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3488 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download