အမြင့်ဆုံးအောင်ပွဲများရယူ၍ အမိနိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်
အမြင့်ဆုံးအောင်ပွဲများရယူ၍ အမိနိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်
Ministry of Information/ Naypyitaw / November 22, 2025
ထိုင်းနိုင်ငံတွင်ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား နိုင်ငံတော်အကြီးအကဲကိုယ်တိုင် အောင်နိုင်ရေးအလံကို အပ်နှင်းလိုက်ပြီဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများပါဝင်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြရာတွင် အနိုင်မခံအရှုံးမပေး သံမဏိစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကြကာ နိုင်ငံ့ဂုဏ်ကိုဆောင်ကြရေးအတွက် နိုင်ငံတော်က တာဝန်ပေးအပ်လိုက်ခြင်းလည်းဖြစ်သည်။
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ မြို့သုံးမြို့တွင် လာမည့်ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲစတင်ကျင်းပရန် ရက်အနည်းငယ်မျှသာ ကျန်ရှိနေပြီဖြစ်သည်။ အားကစားနည်း ၅၄ မျိုး ထည့်သွင်းကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၃၈ မျိုး၌ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ခဲ့ကြပြီး ယခုအချိန်တွင် ယှဉ်ပြိုင်ရန် အသင့်အနေအထားသို့ ရောက်ရှိနေကြပြီဟု ဆိုရမည်ဖြစ်သည်။
“အားကစားမောင်မယ်တို့အတွက် ယခုပြိုင်ပွဲကြီးသည် နိုင်ငံတော်အတွက် ဆုတံဆိပ်များ ဆွတ်ခူးပြီး အားကစားလူချွန် လူကောင်းများဖြစ်သည်ကို လက်တွေ့ပြသနိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်လည်းဖြစ်ကြောင်း၊ အဆိုပါအခွင့်အလမ်းကြီးကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်သွားနိုင်ကြမည်ဟုလည်း နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက ယုံကြည်မျှော်လင့်လျက်ရှိကြောင်း၊ ထိုသို့ နိုင်ငံတော်နှင့် မိဘပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်များကို အကောင်အထည်ဖော်ရန် မောင်တို့မယ်တို့အနေဖြင့် ရေကုန်ရေခန်းအားထုတ်ကြိုးပမ်းသွားကြမည်ဟုလည်း အလေးအနက်ယုံကြည်ကြောင်း” နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောင်နိုင်ရေးအလံအပ်နှင်းပွဲအခမ်းအနား အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံအလိုက်ယှဉ်ပြိုင်ကြသည့် အားကစားပြိုင်ပွဲများသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို ဖော်ကျူးပြီး တစ်မျိုးသားလုံး၏ အားမာန်ကို လှုံ့ဆော်ပေးနိုင်စွမ်းရှိကြသည်။ နိုင်ငံကို ကိုယ်စားပြုသည့် အားကစားအသင်း၊ နိုင်ငံကို ကိုယ်စားပြုသည့် အားကစားသမားကို စိတ်ရောကိုယ်ပါ တက်ကြွစွာ အားပေးကြရာတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့မှာ ပရိသတ်ကောင်းများ ဖြစ်ကြသည်။ မိမိတို့၏ အားကစားအသင်း၊ အားကစားသမားများ အောင်ပွဲရရှိစေလိုသည့် စိတ်ဆန္ဒပြင်းပြသလောက် မျှော်လင့်ချက်များလည်း အမြင့်မားဆုံးထားရှိကာ တက်ကြွစွာအားပေးတတ်ကြသည့် မြန်မာပရိသတ်တို့မှာ အခြားနိုင်ငံများအလယ်တွင် ထင်ရှားသည့် ပရိသတ်များဖြစ်သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သည် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အောင်ပွဲများရယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး ပြိုင်ပွဲမှ ထွက်ပေါ်လာသည့် မျိုးဆက်သစ်အားကစားသမားများဖြင့် ပိုမိုအားဖြည့်ထားသည့် မြန်မာ့အားကစားအဖွဲ့ကို အဘက်ဘက်မှ ဖြည့်ဆည်း၍ ပြင်းပြင်းထန်ထန်အားကြိုးမာန်တက် အချိန်ယူလေ့ကျင့်ခဲ့ခြင်းဖြစ်ရာ အောင်ပွဲကို ရယူရေးအတွက် ပြိုင်ပွဲဝင်စိတ်ဓာတ်များ အမြင့်မားဆုံးတွင် ရောက်ရှိနေကြမည်ဟု ယုံကြည်သည်။
ပြီးခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် မြန်မာအသင်းသည် အားကစားနည်း ၁၉ နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂၁ ဆု၊ ငွေတံဆိပ် ၂၅ ဆု၊ ကြေးတံဆိပ် ၆၈ ဆု စုစုပေါင်း ၁၁၄ ဆု ရရှိခဲ့သည်။ ယခု (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၃၈ နည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ယှဉ်ပြိုင်မှု နှစ်ဆတိုးတက်လာခြင်းဖြစ်ပြီး အောင်ပွဲတွင်လည်း နှစ်ဆပိုမိုရရှိစေရန် နိုင်ငံတော်က မျှော်လင့်ထားခြင်းလည်း ဖြစ်သည်။ ယခုပြိုင်ပွဲကြီးမှ ပေါ်ထွက်လာမည့် အားကစားအောင်မြင်မှုများကို နိုင်ငံတော်က ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ရာ မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ကို အရင်းတည်၍ ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ကာ အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်ခြင်းဖြင့် ပြိုင်ပွဲတိုင်းတွင် အမြင့်ဆုံးအောင်ပွဲခံနိုင်ရေး၊ အမိနိုင်ငံတော်၏ဂုဏ်ကိုမြှင့်တင်ရေး တာဝန်ကြီးကို ကျေပွန်ကြရပါမည့်အကြောင်း။ ။
Newspaper - 3357 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
