အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)၏ အမှတ်စဉ်(၄၀) စက်မှုကျွမ်းကျင် (၂)နှစ် သင်တန်းနှင့် အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)၏ အမှတ်စဉ်(၁၄) စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)၏ အမှတ်စဉ်(၄၀) စက်မှုကျွမ်းကျင် (၂)နှစ် သင်တန်းနှင့် အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)၏ အမှတ်စဉ်(၁၄) စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Ministry of Industry/ Ministerial Office / January 23, 2025
နေပြည်တော်၊ ဒီဇင်ဘာ (၁၃)
အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)၌ အမှတ်စဉ်(၄၀) စက်မှုကျွမ်းကျင်(၂)နှစ် သင်တန်းနှင့် အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)၌ အမှတ်စဉ်(၁၄) စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းများ၌ အသီးသီးကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ နည်းပြဆရာ/ ဆရာမများ၊ သင်တန်းသား/သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်သည်။ ထို့ပြင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် Virtual စနစ်ဖြင့် တက်ရောက်သည်။
အစီအစဉ်အရ အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)၏ အမှတ်စဉ်(၁၄) စက်မှု ကျွမ်းကျင် (၁)နှစ်သင်တန်း၌ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဘာသာရပ်အလိုက် သင်တန်းဆင်းလက်မှတ်များအား သင်တန်းသား/သူ တစ်ဦးချင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက စံပြဆုနှင့် ဘာသာရပ်အလိုက် ထူးချွန်ဆုရ သင်တန်းသား/သူများကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန်အတွက် လူသားအရင်းအမြစ်သည် အဓိကကျကြောင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေသတွင်းနိုင်ငံများနှင့်လည်း ပိုမိုပေါင်းစည်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ရပ်နားထားသော နိုင်ငံပိုင်စက်ရုံများသာမကလည်ပတ်နေသော နိုင်ငံပိုင်စက်ရုံများအတွက်ပါ ရှင်သန်ရပ်တည်နိုင်ရေး၊ စီးပွားရေးအရ အမြတ်အစွန်းရရှိနိုင်စေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံချက်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ကျွမ်းကျင်လုပ်သားများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု လိုအပ်ချက်များကို စက်မှုဝန်ကြီးဌာနအနေဖြင့် ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းဆင်းမောင်မယ်များအနေဖြင့် စက်မှုသင်တန်းကျောင်းမှ လေ့လာသင်ယူခဲ့ရသည့် အသိပညာ၊ အတတ်ပညာများကို အစိုးရနှင့် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများ၊ မိမိတို့၏လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချပြီး စက်မှုဝန်ကြီး ဌာန၏အကျိုး၊ နိုင်ငံ့အကျိုးကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြမည့် လူငယ်မောင်မယ် များဖြစ်လာစေရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် ကို တည်ဆောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့် အခြေခံလိုအပ်ချက်များကို တစ်ပြိုင်နက်တည်း တည်ဆောက်ရသလို၊ လူသားအရင်းအမြစ် စွမ်းဆောင်နိုင်မှုကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကသော့ချက်ဖြစ်ကြောင်း၊ မောင်တို့မယ်တို့သည် မကြာခင်အချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် မျိုးဆက်သစ်များဖြစ်ပြီး နိုင်ငံ၏အနာဂတ် ကောင်းကျိုးဆိုးကျိုးသည်လည်း မောင်တို့မယ်တို့၏ အရည်အချင်းနှင့် ခံယူချက်များပေါ်တွင် မူတည်နေသဖြင့် ကျောင်းစာတစ်ခုတည်း တော်ရုံတတ်ရုံနှင့် မလုံလောက်ဘဲ သင်ယူထားသည့် အတတ်ပညာကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်အောင်၊ စည်းကမ်းရှိပြီး ကိုယ်ကျင့်တရား ကောင်းမွန်အောင်၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်အောင်၊ အများအကျိုးသယ်ပိုးဆောင်ရွက် လိုသောစိတ်ဆန္ဒရှိအောင် နေထိုင်ကျင့်ကြံမှသာ အရည်အချင်းပြည့်ဝသော လူငယ်များအဖြစ် လူမှုပတ်ဝန်းကျင်၌ လက်ခံလာမည်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာကျွမ်းကျင်မှုနှင့် စိတ်သဘောထားခံယူချက်များ မှန်ကန်ကောင်းမွန်မှုတို့ပါဝင်သော လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်လိမ္မာမှုများရရှိအောင် လေ့လာသင်ယူကြရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများအနေဖြင့် လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုအခြေပြုပညာရေး ဖြစ်လာစေရန်အတွက် ရလဒ်များရရှိအောင် သတ်မှတ်လေ့ကျင့်သင်ကြားပေးသည့် ရလဒ်အခြေပြုပညာရေးကို ချမှတ်၍ စက်မှုသင်တန်းကျောင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း၊ နိုင်ငံတော်တွင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် စက်မှုကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်မွေးထုတ်နိုင်ရေးကို စက်မှု၀န်ကြီးဌာနအနေဖြင့် တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ဆင်တဲ၊ မန္တလေး၊ သာဂရ၊ ပခုက္ကူ၊ မကွေးနှင့် မြင်းခြံမြို့တို့တွင် စက်မှုသင်တန်းကျောင်း (၆) ကျောင်းကို ဖွင့်လှစ်၍ အရည်အချင်းပြည့်ဝသည့် စက်မှုကျွမ်းကျင်လုပ်သားများကို နှစ်စဉ်လေ့ကျင့် မွေးထုတ်ပေးလျက်ရှိပြီး သထုံနှင့်မုံရွာမြို့များတွင်လည်း စက်မှုသင်တန်းကျောင်းအသစ်များ တိုးချဲ့တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် သင်တန်းကျောင်းများအနေဖြင့် one program two certificates စနစ်ဖြင့် MNQF Level-4 နှင့်ညီမျှသော သင်တန်းဆင်းလက်မှတ် (Certificate of Proficiency - COP) ပေးအပ်မည် ဖြစ်၍ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် (Certificate of Competency-COC) ရရှိရေးအတွက်လည်း NSSA မှ ကြီးမှူးပြုလုပ်သော ကျွမ်းကျင်မှုစစ်ဆေးရေး အကဲဖြတ်စာမေးပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရေး စီမံဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရေးအနေဖြင့် လခစားဝန်ထမ်းအဖြစ်သာမက လုပ်ငန်းရှင်ငယ်များအဖြစ်ပါ စွန့်ဦးတီထွင်နိုင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သင်တန်းကျောင်းရှိ ဆရာ/ဆရာမများအနေဖြင့် သင်တန်းသား/သူများကို သင်တန်းကာလများအတွင်းတွင် အထူးပြုဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းသားများအား စက်မှုပညာရပ်သာမက စည်းကမ်းပြည့်ဝရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ ရည်မှန်းချက်ခိုင်မာပြီး ဇွဲစိတ်ဓာတ်ရှိရေး၊ မျိုးချစ်စိတ်နှင့် ထုံးတမ်းစဉ်လာယဉ်ကျေးမှုများ၊ အမျိုးသားရေး လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်ရေး စသည့်အခြေခံကောင်းများကိုပါ လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်၍ လက်တွေ့ဘဝနယ်ပယ် အသီးသီးတွင် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် နည်းပညာများကို ဆက်လက်ဆည်းပူး လေ့လာပြီး စဉ်ဆက်မပြတ်ပြုစုပျိုးထောင်နေကြရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် လေ့လာသင်ယူမှုကို မြတ်နိုးတန်ဖိုးထားသူ၊ အစဉ်လေ့လာသင်ယူသူများဖြစ်အောင် လေ့ကျင့်သွားကြရန်၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် ခေတ်နောက်ကျမကျန်စေရေး အစဉ်လေ့လာသွားကြရန် အလေးအနက်မှာကြားလိုကြောင်း၊ “ကျွမ်းကျင်၊ ရိုးသား၊ စွမ်းရည်မြင့်မား၊ စက်မှုသင်တန်းသား” ဆိုသည့် စက်မှုသင်တန်းကျောင်း၏ ဆောင်ပုဒ်နှင့်အညီ ယခုထက်ပိုမိုကျွမ်းကျင်အောင်၊ မိမိမှာရှိသည့် စွမ်းရည်များအဆင့်ဆင့် ပိုမိုမြင့်မားအောင် ဆက်လက်လေ့လာကြရန်၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တကောင်းမွန်၍ ရိုးသားပြီး အများအကျိုးကို သယ်ပိုးဆောင်ရွက်လိုသော လူငယ်လူရွယ်များဖြစ်အောင် ပြုစုပျိုးထောင်သွားကြရန်၊ တိုင်းပြည်နှင့် လူမျိုးဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရန်အတွက် စိတ်ဓာတ်ကောင်းကောင်း၊ စည်းကမ်းကောင်းကောင်းနှင့် စက်မှုသင်တန်းကျောင်းဆင်းတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အမှတ်စဉ်(၁၄) စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်းတွင် လက်တွေ့ဆောင်ရွက်ခဲ့သည့် သင်တန်းဆင်း Project များအား လှည့်လည်အားပေး ကြည့်ရှုပြီး သင်တန်းဆင်း Project ဆုရ သင်တန်းသား/သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)၏ အမှတ်စဉ်(၄၀)စက်မှုကျွမ်းကျင် (၂)နှစ်သင်တန်း၌ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဘာသာရပ်အလိုက် သင်တန်းဆင်းလက်မှတ်များအား သင်တန်းသား/သူ တစ်ဦးချင်းကိုလည်းကောင်း၊ ဘာသာရပ်အသီးသီးတွင် သင်တန်းသားစံပြဆုနှင့် ထူးချွန်ဆုရ သင်တန်းသား/သူများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင် လက်တွေ့ဆောင်ရွက်ခဲ့သည့် သင်တန်းဆင်း Project များအား လှည့်လည်အားပေးကြည့်ရှုခဲ့ပြီး သင်တန်းဆင်း Project ဆုရ သင်တန်းသား/သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)ကို ၁၉၇၉ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၏ အထောက်အပံ့ဖြင့် စက်မှုဝန်ကြီးဌာနနှင့် ဂျာမနီကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (German Technical Cooperation – GTZ) တို့က ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ) အနေဖြင့် သင်တန်းအမှတ်စဉ်(၃၉)ခု ဖွင့်လှစ်၍ သင်တန်းသား/သူ စုစုပေါင်း (၄၆၃၃)ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိသူ (၄၄၆၃)ဦးရှိသဖြင့် ၉၆.၃၃ % အလုပ်အကိုင်ရရှိခဲ့ပါသည်။ ယခု အမှတ်စဉ်(၄၀) သင်တန်းတွင် Electrical Fitter ၊ Machine Tool Operator ၊ Information Technology ၊ Tool & Die Maker ၊ Machinery Fitter ၊ Mechanical Draughtsman ၊ Motor Vehicle Mechanic နှင့် Pattern Maker ဘာသာရပ်တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းသား(၁၂၇)ဦးနှင့် သင်တန်းသူ(၂၇)ဦး၊ စုစုပေါင်း (၁၅၄)ဦးတို့ကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်နိုင်ခဲ့ပါသည်။
အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)ကို ၂၀၀၉ ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် စက်မှုဝန်ကြီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency- KOICA) တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ) အနေဖြင့် သင်တန်းအမှတ်စဉ် (၁၃)ခု ဖွင့်လှစ်၍ သင်တန်းသား/သူ စုစုပေါင်း (၁၆၀၃)ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိသူ (၁၅၆၇)ဦးရှိသဖြင့် ၉၇.၇ % အလုပ် အကိုင်ရရှိခဲ့ပါသည်။ ယခု အမှတ်စဉ်(၁၄) သင်တန်းတွင် Machinery, CAD/CAM, Electrical, Electronics နှင့် Foundry ဘာသာရပ်တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းသား(၃၅)ဦး နှင့် သင်တန်းသူ (၅၀)ဦး၊ စုစုပေါင်း (၈၅)ဦးတို့ကို သင်တန်းဆင်းလက်မှတ်များပေးအပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
Newspaper - 3067 items
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download