အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက် အစည်းအဝေး ကျင်းပ
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက် အစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / January 22, 2025
နေပြည်တော် ဇန်နဝါရီ ၂၁
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို ဝင်ငွေနည်းပြည်သူများ အာမခံဝန်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် အာမခံဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံအာမခံ ဈေးကွက်အတွင်းရှိ အာမခံလုပ်ငန်းလုပ်ကိုင်သူများ၏ ဘဏ္ဍာရေးခိုင်မာမှုရှိစေရန် လိုက်နာရမည့်ညွှန်ကြားချက်သုံးခုကိုထုတ်ပြန်ခဲ့ကြောင်း၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးနိုင်ရန်အတွက် ကျန်းမာရေးအာမခံ၊ ပြင်းထန်သောရောဂါကုသမှုအာမခံနှင့် လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုအာမခံများ ရောင်းချခွင့်ပြုခဲ့ကြောင်းနှင့် ယနေ့အစည်းအဝေးတွင် တင်ပြသည့်အမှာစာများအပေါ် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးရန် ပြောကြားသည်။
ထို့နောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးက (၃၇) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ယခုအစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ဆွေးနွေးဆုံးဖြတ်ရမည့် အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ်၊ ဖုန်းမျက်နှာပြင် အာမခံအမျိုးအစားသစ်၊ အသေးစား ကျန်းမာရေးအာမခံနှင့် အသက်အာမခံအမျိုးအစားများဖြစ်သော တမူထူးခြားသည့် ထပ်ပေါင်းစုဆောင်းအသက်အာမခံ ၅/၃ အာမခံအမျိုးအစားသစ်၊ ပြင်းထန်ရောဂါထပ်တိုးအစီအစဉ်သစ်နှင့် လုံခြုံချေးငွေအသက်အာမခံအမျိုးအစားသစ် စုစုပေါင်းအာမခံအမျိုးအစားသစ်ခြောက်မျိုးတို့ကို ရှင်းလင်းတင်ပြရာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ အာမခံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံအမျိုးအစား ၆၀ ကိုလည်း ခွင့်ပြုထားပြီး နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံး ၂၉ ခု၊ အာမခံလျော်ကြေးတွက်ချက်သည့် Adjuster & Surveyors ကုမ္ပဏီငါးခု၊ ကော်ပိုရိတ်အာမခံကိုယ်စားလှယ် ၅၈ ခု၊ တစ်ဦးချင်းအာမခံကိုယ်စားလှယ် စုစုပေါင်း ၁၉၂၃၄ ဦး၊ အာမခံကိုယ်စားလှယ် အရည်အချင်းစစ် စင်တာတစ်ခုနှင့် ဌာနတွင်းအာမခံကိုယ်စားလှယ် သင်တန်းကျောင်း ၂၅ ခုတို့ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3053 items
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 19, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ January 19, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download