အိန္ဒိယနိုင်ငံ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီတွင် မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် သတ္တမအကြိမ် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းတက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သင်တန်းသား ၄၀ ထွက်ခွာ


Ministry of Information/ Naypyitaw / November 23, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၂

အိန္ဒိယနိုင်ငံ မတ်ဒရာပရာဒက်ရှ်ပြည်နယ် ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy-NJA)တွင် နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိဖွင့်လှစ်မည့် မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် သတ္တမအကြိမ် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း တက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သင်တန်းသား ၄၀ သည် ယနေ့တွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

အဆိုပါသင်တန်းသည် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရား စီရင်ရေး အကယ်ဒမီတို့အကြား လက်မှတ်ရေးထိုးထားသည့် မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် အိန္ဒိယနိုင်ငံတွင် သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ တရားစီရင်ရေးစနစ်များကို ယှဉ်တွဲလေ့လာခွင့်ရပြီး နှစ်နိုင်ငံအကြား တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း ခိုင်မာလာစေရန် အထောက်အကူဖြစ်စေသည့်အပြင် မြန်မာတရားသူကြီးများနှင့်တရားရေး အရာရှိများ၏ စွမ်းရည်မြှင့်တင်မှုအတွက်လည်း အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

သင်တန်းတွင် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်နှင့် ပညာရပ် ဆိုင်ရာကျွမ်းကျင်မှု၊ တရားရုံးနှင့်မှုခင်းစီမံခန့်ခွဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဆိုင်ရာတရားစီရင်ရေး၊ တရားစီရင်ရေး နှင့် သတင်းမီဒီယာ၊ သက်သေခံဥပဒေ၊ မှုခင်းဆေးပညာသက်သေခံချက်၊ အငြင်းပွားမှုများအား အခြားနည်းဖြင့် ဖြေရှင်းခြင်း၊ ကျားမတန်းတူညီမျှ သောလူ့အဖွဲ့အစည်း အစရှိသည့် အကြောင်းအရာများအား အိန္ဒိယနိုင်ငံမှ တရားသူကြီးများ၊ တက္ကသိုလ် ပါမောက္ခများနှင့် ဥပဒေပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များက သင်တန်းသားများနှင့် အတွေ့အကြုံများ အပြန်အလှန်လဲလှယ်၍ ဆွေးနွေးပို့ချကြမည် ဖြစ်သည်။ ထို့အပြင် သင်တန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ဘိုပါးမြို့ရှိ တရားရုံးများနှင့် ထင်ရှားသော နေရာများသို့ သင်တန်းသားများက သွားရောက်လေ့လာခွင့်လည်း ရရှိကြမည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တရားရုံးများမှ ခရိုင်အဆင့်တရားသူကြီးများ၊ မြို့နယ်အဆင့် တရားသူကြီးများနှင့် တရားရေးအရာရှိများ စုစုပေါင်း ၄၀ တက်ရောက်ကြမည်ဖြစ်သည်။

သတင်းစဉ်

Newspaper - 3358 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download