အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် အဆောက်အဦဖြစ်သည့် စာဆိုဗိမာန်ကို စနစ်တကျဖြစ်စေရန် ညှိနှိုင်းဆောင်ရွက်


Ministry of Information/ Naypyitaw / September 12, 2024
image_latest


ရန်ကုန် စက်တင်ဘာ ၁၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စာဆိုဗိမာန်အဆောက်အဦ သုံးထပ်(RC)တည်ဆောက်မည့်မြေနေရာ၌ ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး ကြိုတင်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ Myanmar Land & Development Ltd., မှ Project Director ဒေါ်ယုယုနိုင်က စာဆိုဗိမာန်အဆောက်အဦတည်ဆောက်ရေးစီမံကိန်း မြေနေရာချထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက စာဆိုဗိမာန်အဆောက်အဦဝင်း အတွင်း၊ အပြင် သာယာလှပစေရန် သစ်ပင်၊ ပန်းမန်အလှပင်များ စနစ်တကျစိုက်ပျိုးထားရှိရေး၊ ပန္နက်တင်အခမ်းအနားအတွက် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် ဆက်လက်တည်ဆောက်သွားမည့် အဆောက်အဦပုံစံငယ်များကို ပြသနိုင်ရေး၊ စာဆိုဗိမာန်တွင် ပေ၊ ပုရပိုဒ်များကို ထည့်သွင်းထားရှိမည်ဖြစ်သည့်အတွက် နိုင်ငံတကာပြတိုက်စံနှုန်းများနှင့်အညီ စနစ်တကျဖြစ်စေရန် တည်ဆောက်ရေး၊ တည်ဆောက်ရာတွင် စံချိန်စံနှုန်းပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အသုံးပြုဆောင်ရွက်ရေး၊ နိုင်ငံတော်အဆင့် အဆောက်အဦဖြစ်သည့်အပြင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အဆောက်အဦဖြစ်သည့်အတွက် စာဆိုဗိမာန်ကို စနစ်တကျဖြစ်စေရန် ညှိနှိုင်းဆောင်ရွက်သွားရေး၊ စာဆိုဗိမာန်တွင် မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားခဲ့သည့် ခေတ်သုံးခေတ်မှ စာဆိုတော်ကြီးများ၊ တစ်သက်တာစာပေဆု ရရှိခဲ့ကြသည့် စာပေပညာရှင်များနှင့်  ကဗျာဆရာများ၏ ရုပ်တုများ ထားရှိရေးတို့ကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စာဆိုဗိမာန်တည်ဆောက်မည့် မြေနေရာနှင့် ယခင်ဂိမ်းစီးတီးသုံးထပ်အဆောက်အဦဟောင်းအား အဆင့်မြှင့်တင်ပြင်ဆင်ဆောင်ရွက်ကာ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ် ပြုပြင်ဆောင်ရွက်သွားမည့် အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။

အဆိုပါ စာဆိုဗိမာန်အဆောက်အဦကို အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စာဆိုဗိမာန် အဆောက်အဦ သုံးထပ် (RC) အကျယ်အဝန်းမှာ အလျား ပေ ၁၆ဝ x အနံ ပေ ၁၄၀ x အမြင့် ၅၇ ပေ ရှစ်လက်မ သုံးထပ် (RC)အဆောက်အဦဖြစ်ပြီး ၅၂၁၂၈ စတုရန်းပေဖြစ်သည်။

နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံ၌ ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြုချီးမြှင့်ရာရောက်စေမည့် စာဆိုဗိမာန်တစ်ခု အောင်မြင်စွာ ပေါ်ပေါက်ဖြစ်ထွန်းလာစေရေးသက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ စာပေအနုပညာဆိုင်ရာပုဂ္ဂိုလ်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် လမ်းညွှန်မှုပြုခဲ့သည့်အတွက် စာဆိုဗိမာန်တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းကို ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စား ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက် အဆောက်အဦကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ မြေတိုင်းရပ်ကွက် (၁၈-အေ)၊ မြေကွက်အမှတ်(၂၉ ၏ တစ်စိတ်တစ်ဒေသ) အခမဲ့မြေကွက် အမျိုးအစားဖြစ်သော မြေဧက ၂ ဒသမ ၁၈ ဧက ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။

စာဆိုဗိမာန်အဆောက်အဦ ဒီဇိုင်းပုံစံကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရေးဆွဲပေးပြီး အဆောက်အဦ၏ ခန့်မှန်းတန်ဖိုးကို အဆောက်အဦ ဦးစီးဌာနက တာဝန်ယူတွက်ချက်ပေးခဲ့သည်။

စာဆိုဗိမာန်အဆောက်အဦကို နှစ်နှစ်စီမံကိန်းအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3500 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download