အေးအတူပူအမျှ ထာဝရချစ်ကြည် ကမ္ဘာတည်သရွေ့ မြန်မာတည်တံ့စေရမည်


Ministry of Information/ Naypyitaw / February 03, 2026
image_latest


အခါတစ်ပါးတွင် မြတ်စွာဘုရားသည် ဝေသာလီပြည် သာရန္ဒဒစေတီ၌ သီတင်းသုံးနေတော်မူစဉ် လိစ္ဆဝီမင်းတို့အား မဆုတ်ယုတ်ကြောင်းတည်းဟူသော အပရိဟာနိယတရား ခုနစ်ပါးအကြောင်းကို ဟောကြားတော်မူသည်။ တိုင်းပြည်နိုင်ငံတစ်ခုကြီးပွားကြောင်း၊ မဆုတ်နစ်ကြောင်းကိုဖြစ်စေသည့် ရာဇအပရိဟာနိယတရား ခုနစ်ပါးဟောတော်မူသည့်အကြောင်းကို အင်္ဂုတ္တရနိကာယ်၊ ဝဇ္ဇိသတ္တကဝဂ်၊ သာရန္ဒဒသုတ်တွင် ဖော်ပြပါရှိသည်။ ထိုနည်းတူစွာပင် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈဂုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အားလည်း မဆုတ်ယုတ်ကြောင်းဖြစ်သော အပရိဟာနိယတရားခုနစ်ပါးတို့ကို ဟောတော်မူခဲ့သည်။ ထိုအကြောင်းကို အင်္ဂုတ္တရနိကာယ်၊ ဝဇ္ဇိသတ္တကဝဂ်၊ ပဌမသတ္တကသုတ်တွင်ဖော်ပြထားသည်။

 မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် အထက်ဖော်ပြပါ အပရိဟာနိယတရားတို့အရ နိုင်ငံတစ်နိုင်ငံဖြစ်စေ၊ သံဃာ့အဖွဲ့အစည်းအစရှိသော အဖွဲ့အစည်းတစ်ရပ်ဖြစ်စေ တိုးတက်ကြီးပွားစေရန်၊ မဆုတ်ယုတ်စေရန် အရေးကြီးဆုံးသောအချက်မှာ စည်းလုံးညီညွတ်မှုပင်ဖြစ်သည်ဟု သိရှိရသည်။ မြတ်စွာဘုရား၏ အဆုံးအမအရ နိုင်ငံတစ်နိုင်ငံဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ မပြတ်စည်းဝေး၊ အကြိမ်များစွာစည်းဝေးနေကြသမျှ ကာလပတ်လုံးကြီးပွားရန်သာရှိ၏။ ဆုတ်ယုတ်ရန် မရှိ။ အညီအညွတ် တိုင်ပင်စည်းဝေးကာ အညီအညွတ် အစည်းအဝေးမှထကြလျက် (အညီအညွတ်ဆုံးဖြတ်ကြလျက်) တိုင်းရေးပြည်ရာကိစ္စ၊ အဖွဲ့အစည်းရေးရာကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်နေကြသမျှ ကာလပတ်လုံး ကြီးပွားရန်သာရှိ၏။ ဆုတ်ယုတ်ရန်မရှိ။ ဟူသည်ကို မမေ့မလျော့ သတိချပ်လျက် လိုက်နာဆောင်ရွက်နိုင်ကြမည်ဆိုလျှင် တိုင်းနိုင်ငံ၊ အဖွဲ့အစည်းတို့မှာ တိုးတက်ခိုင်မာကြီးပွားချမ်းသာကြမည်သာဖြစ်သည်။

မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်အတိုင်း ဝဇ္ဇီတိုင်းကိုအုပ်ချုပ်သည့် ဝဇ္ဇီမင်းတို့သည် အပရိဟာနိယတရားကို အညီအညွတ်ကျင့်သုံးနေထိုင်ကြရာ တိုင်းပြည်မှာကြီးပွားတိုးတက်ပြီး အခြားတစ်ပါးသော တိုင်းနိုင်ငံတို့က ကျူးကျော်ထိပါး၍မရ။ မဂဓတိုင်းပြည်၏ ရှင်ဘုရင်အဇာတသတ်မင်းသည် ဝဇ္ဇီတိုင်းကို သိမ်းပိုက်လိုသည့်အခါ စည်းလုံးညီညွတ်နေသည့် တိုင်းပြည်ကို စစ်ပြုကာမျှဖြင့် မသိမ်းပိုက်နိုင်ခြင်းကြောင့် ဥပါယ်တံမျဉ်ကိုသုံး၍ စိတ်ဝမ်းကွဲမှုကို ဖြစ်စေခဲ့သည်။ မဂဓတိုင်း အမတ်ကြီးဝဿကာရပုဏ္ဏားသည် တညီတညွတ်တည်းရှိကြသည့် ဝဇ္ဇီမင်းတို့ကြားသို့ဝင်၍ သံသယမီးကိုမွှေးပေးပြီး တစ်စတစ်စနှင့် ပိုမိုတောက်လောင်စေကာ ညီညွတ်မှုပြိုကွဲအောင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။ အချင်းချင်းတို့ကြားတွင် ဘေးပယောဂဖြစ်သော သံသယကြီးထွားလာပြီး ယုံကြည်မှုကင်းမဲ့လာကြခြင်းက ပျက်စီးခြင်း၏ အစပင်ဖြစ်သည်။ ညီညွတ်မှုမရှိသည့်အခါ အင်အားလည်းယုတ်လျော့လာခြင်းကြောင့် တိုင်းတစ်ပါးက အလွယ်တကူပင် ချင်းနင်းဝင်ရောက် ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့သည်။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးတို့ ပြည်ထောင်စုတစ်ဝန်းလုံးတွင် ပေါင်းစည်းနေထိုင်ကြသည့် နိုင်ငံဖြစ်သည်။ နှစ်ပရိစ္ဆေဒ ရှည်ကြာပြီဖြစ်သည့် သမိုင်းစဉ်တစ်လျှောက် တစ်မြေတည်းနေ တစ်ရေတည်းသောက် ညီအစ်ကိုမောင်နှမများအဖြစ် အတူတကွ နေထိုင်ခဲ့ကြရာတွင် ပြည်ထောင်စုဖွား သွေးချင်းများဖြစ်သည်ဟူသော အသိစိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး တန်ဖိုးထားလေးစားကာ စည်းလုံးညီညွတ်မှုဖြင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံနှင့်လူမျိုးတို့၏ လွတ်လပ်ရေးကို တိုင်းရင်းသားစည်းလုံးညီညွတ်မှုအင်အားဖြင့် ရယူနိုင်ခဲ့ပြီး လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံကိုလည်း စည်းလုံးညီညွတ်စွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရခြင်းဖြစ်သည်။ သို့ရာတွင် နိုင်ငံကို ပြိုကွဲပျက်စီးစေနိုင်သည့် အဖျက်အင်အားတို့ကလည်း ခေတ်အဆက်ဆက်တွင် ကွယ်ပျောက်မသွားဘဲရှိနေခဲ့ရာ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အနှောင့်အယှက်၊ အတားအဆီးတို့ဖြစ်ပေါ်စေခဲ့သည်။ မိမိတို့တိုင်းရင်းသား လူမျိုးအားလုံးပိုင်ဆိုင်ကြသည့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးမှာ ပြည်တွင်းပြည်ပမှ ဘေးရန်တို့ ကင်းရှင်းဖို့လိုသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသူနိုင်ငံသားတိုင်းက မိမိနိုင်ငံနှင့်လူမျိုးကို အစဉ်စောင့်ရှောက်ခြင်း၊ အမျိုးဂုဏ်ဇာတိဂုဏ်နှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဟူသော ဝံသာနုရက္ခိတတရားကို အခြေခံကာ အေးအတူပူအမျှရင်းနှီး ချစ်ကြည်စွာ ပူးပေါင်းနေထိုင်သွားကြရပါမည့်အကြောင်း။ ။

Newspaper - 3455 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download