အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် အလေးထားဆောင်ရွက်လျက်ရှိ
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် အလေးထားဆောင်ရွက်လျက်ရှိ
Ministry of Home Affairs/ နေပြည်တော် / June 04, 2026
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများသည် မြန်မာနိုင်ငံနယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားစိုးမိုးလျက်ရှိသည့် ရှမ်းပြည်နယ်၊ နန်းခမ်း၊ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ပန်ဆန်း၊ မိုင်းလားနှင့် တာချီလိတ်အစရှိသည့် မြန်မာ-တရုတ် နယ်စပ်ဒေသများနှင့် ကရင်ပြည် နယ်၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် ဘုရားသုံးဆူ အစရှိသည့် မြန်မာ-ထိုင်းနယ်စပ်ဒေသများတွင် အခြေပြုလုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများသည် နိုင်ငံတော်လုံခြုံရေးကိုခြိမ်းခြောက်သော (National Security Threat) ရာဇဝတ်မှုခင်းများဖြစ်သည့်အပြင် ယင်းရာဇဝတ်မှုများသည် လူအများစုအပေါ် ကျူးလွန်သော ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး ထွက်ပေါ်လာသောရလဒ်နှင့် ဆိုးကျိုးများကို နိုင်ငံအသီးသီးက ပြင်း ထန်စွာခံစားနေရပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံတကာနှင့်တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး လုပ် ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ထိုသို့ တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိ နှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အများဆုံး ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၆ ခုနှစ်၊ မေ ၂၈ ရက်အထိ မြန်မာနိုင်ငံနယ်စပ်ဒေသများအတွင်းသို့ တရားမဝင် ဝင်ရောက်၍ အွန်လိုင်းလိမ်လည်မှုပြုလုပ်ခြင်း၊ ကာစီနိုကစားဝိုင်းများ ပြုလုပ်ခြင်း၊ အနှိပ်ခန်းနှင့် တရားမဝင် ပြည့်တန်ဆာလုပ်ငန်းများ ပြုလုပ်ခြင်းနှင့် စားသောက်ဆိုင်လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်သူများစသည့် အထောက်ထားမဲ့ ဝင်ရောက်လာသူ တရားမဝင် နိုင်ငံခြားသား ၇၂,၆၁၉ ဦးတို့အား ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား လူသားချင်းစာနာထောက်ထားမှုနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတို့အား ရှေးရှုကာ ပြည်တွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမပြုဘဲ သက်ဆိုင်ရာနိုင်ငံအသီး သီးသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထိုသို့လွှဲပြောင်းခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၆ ခုနှစ်၊ မေ ၂၈ ရက်အထိ ရှမ်းပြည်နယ်အတွင်း၌ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများအပါအ ဝင် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၅၆,၉၁၈ ဦးတို့အား မုံးအတံတား၊ ရန်လုံကျိုင်းဂိတ်၊ ဘီပီ-၅၈၊ ဘီပီ-၁၂၅၊ နန့်ဖာဟော်ဂိတ်၊ မန်းဝိန်းဂိတ်၊ ပန်ဝိုင်မြို့၊ ရုံဟယ်ဂိတ်၊ တာလော့ဂိတ်၊ ဘီပီ-၂၄၀၊ မယ်ဆိုင်ဂိတ်၊ တာချီလိတ် အမှတ်(၁)တံတား၊ တာချီလိတ် အမှတ်(၂)တံတား၊ လာအိုနိုင်ငံ၊ မိုင်းမောဆိပ်ကမ်းနှင့် ဝမ်ပုံဆိပ် ကမ်းတို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
ထို့အတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်ခဲ့သော နိုင်ငံခြားသားများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ စတင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးထိန်းသိမ်း/လွှဲပြောင်းခဲ့မှုများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ မေ ၂၆ ရက်အထိ တရားမဝင် နိုင်ငံခြားသား ၁၄,၆၈၅ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ၁၃,၅၂၁ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ခဲ့သဖြင့် လွှဲပြောင်းရန် ၁,၁၆၄ ဦး ကျန်ရှိသည်။
အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို့တွင် ပါဝင်ပတ်သက် ကျူးလွန်နေကြသည့် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများအား ဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက် အထိ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့၌ အမှုပေါင်း(၁၅)မှုမှ မြန်မာနိုင်ငံသား ကျား ၄၉ ဦး၊ မ ၆၃ ဦး၊ နိုင်ငံခြားသား ကျား ၇ ဦးတို့အား လည်းကောင်း။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ အမှုပေါင်း(၆၆)မှုမှ မြန်မာနိုင်ငံသား ကျား ၄၃၁ ဦး၊ မ ၃၂၇ ဦး၊ နိုင်ငံခြားသား ကျား ၇၆၁ ဦး၊ မ ၂၆ ဦးတို့အား လည်းကောင်း။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ အမှုပေါင်း(၄၁)မှုမှ မြန် မာနိုင်ငံသား ကျား ၂၃၂ ဦး၊ မ ၁၈၀ ဦး၊ နိုင်ငံခြားသား ကျား ၃၇၀ ဦး၊ မ ၂၀ ဦးတို့အား လည်းကောင်း။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ မေ ၂၈ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ အမှုပေါင်း(၂၃)မှုမှ မြန်မာ နိုင်ငံသား ကျား ၂၁၄ ဦး၊ မ ၂၄၄ ဦး၊ နိုင်ငံခြားသား ကျား ၄၄၇ ဦး၊ မ ၆၂ ဦးတို့အား လည်းကောင်း အသီးသီး ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၀၂၆ ခုနှစ် မေ ၂၈ ရက်အထိ ကာလအတွင်း အမှုပေါင်း (၁၄၅)မှုမှ မြန်မာနိုင်ငံသား ကျား ၉၂၆ ဦး၊ မ ၈၁၄ ဦး၊ ပေါင်း ၁,၇၄၀ ဦး၊ နိုင်ငံ ခြားသား ကျား ၁,၅၈၅ ဦး၊ မ ၁၀၈ ဦး၊ ပေါင်း ၁,၆၉၃ ဦး၊ စုစုပေါင်း ၃,၄၃၃ ဦးတို့အား ဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ခဲ့ပါ သည်။
ထို့အတူ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေးအတွက် တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့များဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း အွန်လိုင်းလောင်းကစား ပြုလုပ်သည့် အဆောက်အအုံများအား အများဆုံးတွေ့ရှိရပြီး အဆိုပါအဆောက်အအုံများအား ဥပဒေနှင့်အညီ ဖောက်ခွဲဖျက်ဆီးခြင်း၊ စက်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင် ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အတွင်း တရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အအုံ ၃၀၈ လုံး၊ ကရင်ပြည်နယ်အတွင်း ၇၈၂ လုံး၊ စုစုပေါင်း ၁,၀၉၀ လုံးရှိပြီး အဆိုပါ အဆောက်အအုံများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်မှ ၂၀၂၆ ခုနှစ်၊ မေ ၂၈ ရက်အထိ ဖျက်ဆီးခဲ့ရာ ၉၆၂ လုံး ဖျက်ဆီးပြီးဖြစ်၍ ကရင် ပြည်နယ်အတွင်း ကျန်ရှိသည့် အဆောက်အအုံ ၁၂၈ လုံးအား ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်သည်။
ရှမ်းပြည်နယ်အတွင်း မိုင်းရယ်၊ တန့်ယန်း၊ မိုင်းနောင်၊ ကွန်ဟိန်း၊ ကျေးသီး၊ လဲချား၊ ကာလိ၊ မိုင်းပေါက်၊ မိုင်းကိုင်၊ နမ့်ဆန်၊ မူဆယ်၊ တာချီလိတ်၊ မက်မန်း၊ မိုင်းခတ်နှင့် မိုင်းရှူးမြို့နယ်၊ စုစုပေါင်း မြို့နယ် ၁၆ မြို့နယ်အတွင်းမှ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ကိုင်သည့် အဆောက်အအုံ ၃၀၈ လုံးအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါ ရီ ၅ ရက်မှ ၂၀၂၆ ခုနှစ်၊ မေ ၂၈ ရက်အထိ ဖျက်ဆီးခဲ့ပြီး ဖြစ်ပါသည်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KK Park အတွင်း၌ တရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အအုံ ၆၃၄ လုံးအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်အထိ အပိုင်း(၃)ပိုင်းခွဲ၍ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် စက်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ အပိုင်း(၁) တွင် အဆောက်အအုံ ၁၄၇ လုံးအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ လည်းကောင်း၊ အပိုင်း(၂)တွင် အဆောက်အအုံ ၆၂ လုံးအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၈ ရက်အထိ လည်းကောင်း၊ အပိုင်း(၃)တွင် အဆောက်အအုံ ၄၂၅ လုံးအား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်အထိ လည်းကောင်း ဖျက်ဆီးခဲ့ပါသည်။
ထို့အတူ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ကျေးရွာ၌ အွန်လိုင်းလောင်းကစား လုပ်ကိုင်ရန် တရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အအုံ ၇၇ လုံးရှိပြီး အဆိုပါအဆောက်အအုံများအား စနစ်တကျ ဖျက်ဆီးခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇွန် ၂ ရက်အထိ အဆောက်အအုံ ၂၇ လုံး ဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် အဆောက်အအုံ ၅၀ လုံးအား ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ပါသည်။
အလားတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ စတင်၍ ရွှေကုက္ကိုလ်မြိုင်ကျေးရွာ ပတ်ဝန်းကျင်ရှိ လုပ်ငန်းဆိုဒ်များမှ စစ်ဆေးတွေ့ရှိခဲ့သည့် ကွန်ပျူတာ၊ မော်နီတာ ၃,၃၁၀ လုံး၊ မိုဘိုင်းဖုန်းဟန်းဆက် ၂၁,၈၇၀ လုံး၊ StarLink စက် ၁၀၂ လုံး၊ ကာစီနိုလောင်းကစားခုံ၊ Router ၂၂ လုံးတို့နှင့် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြဝတီ-မဲ့ထော်သလေးသွားကားလမ်းဘေးရှိ 69 KTV ခြံဝင်းအတွင်းမှ သိမ်းဆည်းရရှိခဲ့သည့် ကွန်ပျူတာ ၈၂ လုံး၊ မိုဘိုင်းဖုန်း ၉၂ လုံးတို့အား ဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပါသည်။
အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကြောင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် ထိခိုက်နစ်နာမှုများဖြစ်ပေါ်လျက်ရှိသဖြင့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများကို ဆိုက်ဘာလုံခြုံရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး ယင်းတို့နှင့်ဆက်စပ်ဖြစ်ပွားသော လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှုများကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကိုလည်း ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် ၂၀၂၆ ခုနှစ်၊ မေ ၁၄ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများအား ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင် ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Newspaper - 3546 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
