ဥပဒေ၊ နည်းဥပဒေနှင့်အညီစုဆောင်း ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း
ဥပဒေ၊ နည်းဥပဒေနှင့်အညီစုဆောင်း ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း
Ministry of Information/ Naypyitaw / January 31, 2025
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်သူလူထုကြားတွင် သတင်းများစွာ ဖြစ်ပေါ်လျက်ရှိသည်။ ထို့အပြင် အွန်လိုင်းမီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့် စပ်လျဉ်းသည့်သတင်းမှန်များနှင့် သတင်းအမှားများစွာတို့ကလည်း ပျံ့နှံ့လျက်ရှိရာ အဆိုပါသတင်းများက ပြည်သူလူထုအတွင်း ရိုက်ခတ်ခြင်းကြောင့်လည်း စစ်မှုထမ်းဆင့်ခေါ်မှု၏ပုံရိပ်ကို ထိခိုက်စေသည်။
ဇန်နဝါရီ ၂၈ ရက်ကကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက အမှာစကားပြောကြားရာတွင် “တာဝန်ရှိသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်မှုများရှိကြောင်း တွေ့ရှိပါက ထိရောက်စွာအရေးယူသွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ မတရားပြုလုပ်ကြောင်း မှန်ကန်သည့်အတွက် ထိရောက်စွာအရေးယူသွားရန်၊ အရေးယူပြီး၊ အရေးယူဆဲ အမှုများလည်းရှိနေကြောင်း၊ အလားတူ ပြည်သူ့စစ်မှုထမ်းရန်ကိစ္စနှင့်ပတ်သက်၍ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများရှိပါက တိကျစွာဖော်ထုတ်၍ အရေးယူသွားရန် လိုအပ်မည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်နှင့်အညီ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ခြင်းသည် ရေရှည်ဆောင်ရွက်သွားရမည့်လုပ်ငန်းဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်/ကျေး၊ မြို့နယ်/ခရိုင် စသည့်အဆင့် ဆင့်သောတာဝန်ရှိသူများ၏ အခန်းကဏ္ဍမှာ အရေးကြီးသည့်အလျောက် မသမာမှု၊ အဂတိလိုက်စားမှုများကင်းရှင်းရန် လိုအပ်မည်ဖြစ်ပြီး မမှန်မကန်ဆောင်ရွက်မှုများ ရှိမည်ဆိုပါက ပြည်သူလူထုအတွင်း ဝေဖန်ပြောဆိုမှုများနှင့် တိုင်တန်းမှုများ ဖြစ်ပေါ်လာနိုင်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် ရွှေဘိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ ငွေကြေးများ တောင်းခံခဲ့ကြသည့်ဝန်ထမ်းများအား အရေးယူခဲ့သည့်ဖြစ်စဉ်မှာ သင်ခန်းစာယူ ဆင်ခြင်ဖွယ်ရာပင်ဖြစ်သည်။
အထူးသဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းအပေါ် အကြမ်းဖက်အဖျက်သောင်းကျန်းသူများနှင့် ပြည်ပလက်ဝေခံ ပြည်ဖျက်မီဒီယာများက မမှန်မကန်အပုပ်ချကာ ပြည်သူများအထင်အမြင်လွဲမှားစေရန်၊ စိတ်ဓာတ်ပျက်ပြားစေရန် ပြုလုပ်လျက်ရှိရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် အဆင့်ဆင့်သောတာဝန်ရှိသူတိုင်းက ပြည်သူကို စည်းရုံးဆောင်ရွက်သည့် နည်းလမ်းကိုကျင့်သုံးကာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး အဂတိလေးပါးလည်း ကင်းရှင်းကြရမည်ဖြစ်သည်။ ယခုအခါ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့်စပ်လျဉ်း၍ မသမာမှုများနှင့် အဂတိမှုများကင်းရှင်းရေး၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီအညွတ် ဖြစ်စေရေး၊ စနစ်တကျဖြစ်စေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်တို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သတင်းတု၊ သတင်းမှားများနှင့် ကောလာဟလများအပေါ် ယုံသင့်မယုံသင့် ချင့်ချိန်ကြရန်လိုသည်။ ထို့အပြင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများအားဖတ်ရှုနိုင်ရန် ဖော်ပြပေးထားသော website နှင့် webportal စာရင်းများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းများပြုလုပ်နိုင်သည့်ဖုန်းနံပါတ်များ စသည်တို့ကို နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြပေးထားရာ လေ့လာဖတ်ရှုမှတ်သား၍ သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် သတင်းပို့ခြင်းတို့လည်း ပြုလုပ်နိုင်သည်။
နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) အထိ တိုင်းစစ်ဌာနချုပ်အသီးသီးတွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများမှာလည်း တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်လျက်ရှိကြရာ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်စုဆောင်းရေးကို စီမံခန့်ခွဲမှုကောင်းမွန်စွာ စနစ်တကျဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ စဉ်ဆက်မပြတ် ပေါ်ထွက်နေမည်သာဖြစ်သည်ဟု ယုံကြည်ပါကြောင်း။ ။
Newspaper - 3062 items
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၂၆ ရက် ၊တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၂၅ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ January 24, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၂၄ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 24, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download