ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့ ၊ ဧရာရွှေဝါ ခန်းမတွင်ပြုလုပ်သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့ ၊ ဧရာရွှေဝါ ခန်းမတွင်ပြုလုပ်သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / September 07, 2024
ပုသိမ် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်“ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် မိမိတို့ကိုပေးအပ်ထားသည့် တာဝန်များထမ်းဆောင်ရာတွင် ချမှတ်ထားသည့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည် ဖြစ်ပြီး နိုင်ငံကောင်းမွန်စေရေးအတွက် နိုင်ငံ့အရေးကိုဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် မိမိတို့တာဝန်ကျရာ နေရာများအလိုက် ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို တတ်စွမ်းသရွေ့ ဖော်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ဥပဒေ၏အခြေခံမှာ စည်းကမ်းပင်ဖြစ်ပြီး အခြေခံဥပဒေဆိုင်ရာ အသိ၊ အမြင်ရရှိစေရေး ပညာပေးမှုများနှင့်ထိန်းကျောင်းမှုများကို ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ဥပဒေကို လူတိုင်းသိရှိလိုက်နာရမည်ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအား ဥပဒေအသိ ပညာပေးသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း” အမှာစကားများ ပြောကြား ပြီး သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။
အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၄)ကို ယခုလ (၂)ရက်နေ့မှ (၆)ရက်နေ့အထိ (၅)ရက်ကြာ သင်တန်းချိန် (၂၀)ချိန်ဖြင့် သင်တန်းသားဦးရေ(၁၀၀)ဦးအား နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သော ဥပဒေဘာသာရပ်(၁၇)ခု၊ စီးပွားရေး စာချုပ်စာတမ်း အကြောင်းသိကောင်းစရာများနှင့်စပ်လျဉ်း၍ ဥပဒေအရာရှိ (၉) ဦးက သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
Newspaper - 3044 items
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download