ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်သမ္မတ၏ ရက်(၁၀၀)စီမံချက်အား ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်သမ္မတ၏ ရက်(၁၀၀)စီမံချက်အား ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲသို့တက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / April 24, 2026
ပုသိမ် ဧပြီ ၂၃
နိုင်ငံတော်သမ္မတ၏ ရက်(၁၀၀)စီမံချက်အား ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တစ်ဦးချင်း မိတ်ဆက်တင်ပြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် “ယခုအချိန်ကာလသည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကတစ်ဆင့် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အသီးသီး ဖြစ်တည်လာပြီဖြစ်ပါကြောင်း၊ ထို့အတူ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများ ပြန်လည်ပေါ်ထွန်းလာပြီ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏ ရက်ပေါင်း(၁၀၀)စီမံချက်များကို ရှင်းလင်းခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀)စီမံချက်များကိုရှင်းလင်းခြင်းနှင့် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဌာနဆိုင်ရာများကို တွေ့ဆုံရှင်းလင်းခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ငါးနှစ်တာကာလ တာဝန်ယူဆောင်ရွက်စဉ်အတွင်း တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ အဖက်ဖက်မှ ကဏ္ဍပေါင်းစုံ အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဖြစ်ပါကြောင်း၊ ပြည်သူက ရွေးချယ်လိုက်သည့် ပြည်သူ့အစိုးရဖြစ်သည့်အတွက် ပြည်သူ့ဆန္ဒကို အလေးထား၍ မှန်ကန်မြန်ဆန်သောဝန်ဆောင်မှု များကို ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ပေးရာတွင်လည်း အဂတိ လိုက်စားမှုကင်းအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ လာမည့် ၂၀၂၆-၂၀၂၇ ပညာရေးနှစ်တွင် ပညာရေးစဉ်ဆက်မပြတ်စေရန်၊ ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရန် ကြိုးစားဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး လယ်ယာလုပ်ငန်းနှင့် အသက်မွေးသူများ များပြားပါကြောင်း၊ စားသုံးဆီဖူလုံမှုရှိစေရေး အတွက်လည်း ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးရန် အစီအမံများချမှတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ကျေးလက်၊ မြို့ပြမကျန် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုကို ကြားလပ်မရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍနှင့်ပတ်သက်၍ လူငယ်များအတွက် အားကစားကွင်းများ ဖန်တီးပေးခြင်း၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ပြိုင်ပွဲများအပြင် ရပ်ကျေးအဆင့်အထိ ပြိုင်ပွဲများကျင်းပပေး၍ ထူးချွန်ထက်မြက်သည့် အားကစားသမားများကို ဖော်ထုတ်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေးကိုဆောင်ရွက်ရာတွင် မြို့နယ်အလိုက် စီမံချက်ရေးဆွဲဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လူအများကို ဒုက္ခရောက်စေသည့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်မှုနှင့်ပတ်သက်၍ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ် ပါကြောင်း၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်အလိုက် မူးယစ်ဆေးဝါး အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်၍ သတင်းရယူ ကြိုတင်ထောက်လှမ်း ဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါးကင်းစင်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးဌာနအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့လက်အောက်ဝန်ထမ်းများ၏ စံနမူနာပြများဖြစ်အောင်ပြုမူနေထိုင် ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအေးချမ်းသာယာပြီး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာန ဆိုင်ရာများ အနေဖြင့် ညီရင်းအစ်ကို မောင်ရင်းနှမပမာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း" အမှာစကားပြောကြားခဲ့သည်။
Newspaper - 3505 items
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
