၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ထံမှ ပေးပို့သည့် သဝဏ်လွှာ
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ထံမှ ပေးပို့သည့် သဝဏ်လွှာ
Ministry of Information/ Naypyitaw / June 26, 2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူနိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြ ပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းလိုက်ပါသည်။
၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှ ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည့် အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလာခဲ့သည်မှာ (၃၆)ကြိမ်မြောက် ရှိပြီဖြစ်ပါသည်။
ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါး ပြဿနာသည် လူသားမျိုးနွယ်စုအပေါ် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ဆုတ်ယုတ်ပျက်စီးစေသည့်အပြင် နိုင်ငံ့လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာထိခိုက်စေပါသည်။
နိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသကဲ့သို့ အခြားတစ်ဖက်မှလည်း နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် မူးယစ် ဆေးဝါး ပြဿနာကို ထိန်းချုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဘိန်းစိုက်ပျိုးမှုပြဿနာ၊ လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှု ပြဿနာများ နှင့် ရင်ဆိုင်နေရပြီး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့် နိုင်ငံတော်ကိုယ်စားပြု ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ လုပ်ငန်းအဖွဲ့အသီးသီးကို စနစ်တကျဖွဲ့စည်း၍ အလေးထားဆောင်ရွက်လျက်ရှိပါသည်။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းကို နိုင်ငံတော်အစိုးရအဆက်ဆက် အမျိုး သားရေးတာဝန်အဖြစ် သတ်မှတ်၍ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ စိုက်ပျိုးသူများ၊ ထုတ်လုပ်သူများ၊ သယ်ဆောင်သူများ၊ ဖြန့်ဖြူး ရောင်းချသူများ အများအပြားကို ဖော်ထုတ်ဖမ်းဆီးရမိ အရေးယူခဲ့သော်လည်း မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုများ လျော့နည်းသွားခြင်းမရှိကြောင်းကိုလည်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂကွန်ဗင်းရှင်း ၃ ခုတွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂ အပါအဝင် ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများနှင့် ရန်ကုန်မြို့အခြေစိုက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် UNODC ၊ ဩစတြေးလျ နိုင်ငံ AFP ၊ အမေရိကန်နိုင်ငံ DEA ၊ တရုတ်နိုင်ငံ NNCC ၊ ထိုင်းနိုင်ငံ ONCB တို့နှင့်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာ စီမံချက် ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက်များရေးဆွဲကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော် အစိုးရမှလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို ခေတ်မီစက်ပစ္စည်းကိရိယာများ တပ်ဆင်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများကို ဖော်ထုတ်အရေးယူ လျက်ရှိပါသည်။
နိုင်ငံတော်၏အစီအစဉ်ဖြင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျှော့ချနိုင်ရန် အစားထိုးဖွံ့ဖြိုးမှု အကောင် အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၊ သီးနှံများ အစားထိုးစိုက်ပျိုးရေးအဖွဲ့နှင့် မွေးမြူရေးအဖွဲ့တို့မှ အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပြီး အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် ခြင်းဖြင့် ဘိန်းစိုက်ပျိုးမှုကို တဖြည်းဖြည်း လျှော့ချလျက်ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်ဆောင်ရွက်လျက်ရှိပြီး ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်မှုနှင့် လမ်းလွဲမရောက်ရှိ စေရေး ဓာတုပစ္စည်းအသုံးပြုသည့် လုပ်ငန်းရှင်များ၊ ဓာတုပစ္စည်းနှင့်သက်ဆိုင် သည့်ဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ထိန်းချုပ်ဓာတုပစ္စည်းများဆိုင်ရာ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့် မူဝါဒများဆိုင်ရာ အသိပညာပေးခြင်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
ကျောင်းသားလူငယ်များအတွက် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဗဟုသုတများကို အဆင့်မြင့်နှင့် အခြေခံပညာကျောင်းများ၊ ကျောင်းပြင်ပစခန်းများ အားလုံးသို့ ဖြန့်ဝေပေးလျက် ရှိပါသည်။ ကျောင်းအခြေပြုပညာပေးလုပ်ငန်းစဉ် (၇)ရပ်တွင်လည်း မူးယစ်ဆေးဝါး အန္တရာယ် ကင်းစင်ပပျောက်ရေးကို ဦးစားပေးလုပ်ငန်းစဉ်(၁)အဖြစ် ထည့်သွင်းထားပြီး ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
မူးယစ်ဆေးစွဲသူများ ဆေးကုသမှုခံယူနိုင်စေရေးနှင့် နောက်ဆက်တွဲ အန္တရာယ်များလျှော့ချနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ မူးယစ် ဆေးစွဲ ရောဂါကုသရေးဌာနကြီး၂၉ ခု၊ ဌာနငယ် ၅၆ ခုနှင့် မက်သာဒုံး ဆေးခန်း ၈၆ ခု ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
မူးယစ်ဆေးဖြတ်ပြီးသူများ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည် ဝင်ဆံ့နိုင်ရေးအတွက်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ပြန်လည်ထူထောင်ရေး စခန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယနေ့မျက်မှောက်ခေတ်ကာလ၌ မူးယစ်ဆေးဝါးပြဿနာအား ရှုမြင်သုံးသပ်ရာတွင် တားဆီး နှိမ်နင်းရေးနှင့် ထိရောက်သောတရားစီရင်ရေး ကဏ္ဍတစ်ခုတည်း ဆောင်ရွက်၍မရဘဲ ပြည်သူ့ ကျန်းမာရေး၊ လူမှုဘဝမြင့်မားရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ဖွံ့ဖြိုးရေး၊ အခြေခံ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာကဏ္ဍများမှ ဘက်ပေါင်းစုံချဉ်းကပ်မှုပုံစံဖြင့် ပြဿနာ၏ အရင်းအမြစ်တစ်ခုလုံးကို လွှမ်းခြုံ၍ အပြန်အလှန် အမှီသဟဲပြုဆောင်ရွက်ရန် လိုအပ်လာကြောင်း တွေ့ရှိရပါသည်။
မူးယစ်ဆေးဝါးသုံးစွဲမှုကို ပြစ်မှုအဖြစ်သတ်မှတ်ခြင်းမပြုတော့ဘဲ ဆေးကုသမှုခံယူနိုင်ရေး နိုင်ငံတော်အစိုးရနှင့် လူမှုအဖွဲ့အစည်းများမှ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်းခြင်းနှင့် ကုသရေးအစီအစဉ်များကို လူထုအတွင်းရောက်ရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်လာကြပြီး ဆေးရုံဆေးခန်းအခြေပြု ဆေးကုသရေးလုပ်ငန်းများအပြင် လူထုအခြေပြု ဆေးကုသရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လာခဲ့ကြသည်ကို တွေ့ရှိရပါသည်။
နိုင်ငံတော်အနေဖြင့် အသစ်ပေါ်ပေါက်လာသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ရှေ့ပြေးဓာတုပစ္စည်းများကို ဥပဒေနှင့်အညီ အမိန့် ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ကာ ထိန်းချုပ်သွားမည်ဖြစ်သည့်အပြင် တိုးတက် ခေတ်မီသည့် မူးယစ်ဆေးဝါးရှာဖွေသည့်ကိရိယာများ၊ မူးယစ်ဆေးဝါး ဆိုင်ရာမှုခင်းများ စုံစမ်းဖော်ထုတ်သည့် ပစ္စည်းကိရိယာများ၊ နည်းပညာ များကိုအသုံးပြုလျက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်း များကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မူးယစ်ဆေးဝါးကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများသို့ပါ သယ်ဆောင်ရောင်းချခြင်းနှင့် ဝယ်ယူ ခြင်းများအား လျော့နည်းပပျောက်စေရန်အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ နှင့် ပူးပေါင်းကာ ကုလသမဂ္ဂကွန်ဗင်းရှင်းများတွင်ပါရှိသော ပြဋ္ဌာန်းချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အနေဖြင့်လည်း ပြောင်းလဲ လာသည့် မူးယစ်ဆေးဝါးပြဿနာများအပေါ် သုံးသပ်ပြီး မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက် နေသည့်အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးမှလည်း ပါဝင်ကူညီပေးကြရမည်ဖြစ်ပါသည်။
သို့ဖြစ်၍ ယခုနှစ် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ ပေးပို့သောဆောင်ပုဒ် "People first: stop stigma and discrimination, strengthen prevention" “ခွဲခြားနှိမ့်ချ ကင်းစင်ဝေး၊ ကာကွယ်ရေးကို အလေးပေး၊ လူသားအားလုံး ကျန်းမာရေး” ဆို သည့်အတိုင်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော် ၏ နိုင်ငံရေးဦးတည်ချက်ဖြစ်သည့် “ပြည်ထောင်စုတစ်ဝန်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး” အတွက် အဟန့်အတားဖြစ်စေသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို အားလုံးအတူတကွ ပူးပေါင်းတိုက်ဖျက်သွားကြရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။
Newspaper - 3520 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
