၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားတက်ရောက်ရန် သက်ကြီးအနုပညာရှင်များ နေပြည်တော်သို့ ရောက်ရှိ
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားတက်ရောက်ရန် သက်ကြီးအနုပညာရှင်များ နေပြည်တော်သို့ ရောက်ရှိ
Ministry of Information/ Naypyitaw / February 10, 2025

နေပြည်တော် ဖေဖော်ဝါရီ ၉
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်အပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန-၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပြီးဖြစ်သည်။
အဆိုပါအခမ်းအနားတက်ရောက်ရန် သက်ကြီးအနုပညာရှင် ၂၇ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်၏ စီစဉ်ပေးမှုဖြင့် ရန်ကုန်မြို့မှ တပ်မတော်လေယာဉ်ဖြင့် ထွက်ခွာလာကြပြီး နေပြည်တော်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြပြီး(အောက်ပုံ)ခေတ္တတည်းခိုနေထိုင်ကြမည့် နေရာများသို့ လိုက်လံပို့ဆောင်ပေးကြသည်။
ယခုကဲ့သို့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ စိတ်အေးချမ်းသာစွာဖြင့် အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ရန် စီစဉ်ပေးမှုအပေါ် ဒါရိုက်တာ ဦးအောင်မြင့်မြတ်က “နိုင်ငံတော်အနေနဲ့ ကျွန်တော်တို့လို အနုပညာရှင်တွေကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတက်ရောက်ဖို့ သေချာလေးစီစဉ်ပေးတဲ့အတွက် ဝမ်းသာမိပါတယ်။ အကယ်ဒမီပွဲဆိုတာ တစ်နှစ်မှာ တစ်ခါပဲကျင်းပတဲ့ပွဲဖြစ်တဲ့အတွက် အနုပညာရှင်တိုင်းတက်ရောက်ချင်ကြပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လို အသက်ကြီးတဲ့ သူတွေက ကျန်းမာမှပဲ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အခုလိုတက်ရောက်ခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်မိသလို ထူးချွန်ဆုတွေရရှိကြမယ့် အနုပညာ ရှင်တွေကိုလည်း အားပေးသွားမှာ ဖြစ်ပါတယ်။ အခုလို အကယ်ဒမီပေးပွဲကြီးကို အဆင်ပြေစွာ တက်ရောက်နိုင်ဖို့စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်”ဟု ပြောသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့ တက်ရောက်လာသည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေစီကျော်ဝင်းကလည်း “၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို တက်ရောက်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ဒီအကယ်ဒမီဆုပေးပွဲကို စိတ်အေးချမ်းသာစွာနဲ့ အဆင်ပြေပြေတက်ရောက်နိုင်ဖို့ လေယာဉ်နဲ့စီစဉ်ပေးတဲ့အတွက် နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်။ ဆုပေးပွဲကြီးကလည်း အလွန်ကိုခမ်းနားထည်ဝါစွာ စီစဉ်ဆောင်ရွက်ထားတယ်လို့လည်း သိရှိရပါတယ်။ နိုင်ငံတော်အနေနဲ့ အနုပညာရှင်တွေအပေါ် ဂရုတစိုက်ဝိုင်းဝန်းပံ့ပိုးပေးတဲ့အတွက် ပိုပြီးဝမ်းသာပီတိဖြစ်မိပါတယ်” ဟု ပြောသည်။
ဒါရိုက်တာ မောင်နှင်းမိုးကလည်း“ အခုကျင်းပတဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်ခွင့်ရဖို့အတွက် နိုင်ငံတော်အစိုးရကနေ လိုအပ်သမျှအကုန်စီစဉ် ဆောင်ရွက်ပေးပါတယ်။ အခုအကယ်ဒမီပေးပွဲအခမ်းအနားကို တက်ရောက်မယ့် သက်ကြီးအနုပညာရှင်တွေကို စုစည်းပြီးတော့ ရန်ကုန်ကနေလေယာဉ်နဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။ ဒီကိုရောက်တော့လည်း အကျွေးအမွေးကအစအားလုံးစီစဉ် ဆောင်ရွက်ပေးကြပါတယ်။ အကယ်ဒမီပေးပွဲဆိုတာ ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေ တက်ရောက်ချင်ကြတဲ့ပွဲကြီးလည်း ဖြစ်တဲ့အတွက် ရုပ်ရှင်သမားတိုင်း တက်ရောက်ချင်ကြသလို အကယ်ဒမီဆုကိုလည်း အလွန်ကိုလိုချင်ကြပါတယ်။ ဒီနှစ်မှာလည်း အကယ်ဒမီ ဆုတွေရရှိကြမယ့် သရုပ်ဆောင်တွေကို အားပေးရင်းတက်ရောက်ခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးကြသူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်” ဟု ပြောသည်။
သတင်းစဉ်



Newspaper - 3105 items

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download