၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / November 14, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၁၃

၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပို့ဆောင် ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဆပ်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အထူးဖိတ်ကြားထားသော လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ယခုကျင်းပမည့် အမျိုးသား အားကစားပြိုင်ပွဲသည် နိုင်ငံတော်အဆင့်ကျင်းပသည့် ပွဲဖြစ်သည့်အတွက် အလေးအနက်ထား ကြိုတင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲတွင် ပါဝင်ဖျော်ဖြေကြသူများကို လေ့ကျင့်ချိန်နှင့် အခမ်းအနားကျင်းပချိန်များတွင် အချိန်မီပို့ဆောင် ရမည်ဖြစ်ကြောင်း၊ အားကစားသမားများနှင့် ဒိုင်/ဂျူရီများကို သက်ဆိုင်ရာနေ့အလိုက် ပြိုင်ပွဲကျင်းပရာသို့ အချိန်မီရောက်ရှိနိုင်ရေး ပို့ဆောင်ရမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးကိစ္စများတွင် အဆင်ပြေချောမွေ့မှုရှိစေရန်နှင့် လုံခြုံစိတ်ချမှုရှိစေရန် အသေးစိတ် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပို့ဆောင်ဆက်သွယ်ရေး ဆပ်ကော်မတီအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူက ဆပ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်ကြသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3024 items

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download