၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ နေပြည်တော်အစီရင်ခံစာ ထုတ်ပြန်


Ministry of Information/ Naypyitaw / May 08, 2026
image_latest


နေပြည်တော် မေ ၇

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ နေပြည်တော်အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီမှ စာရင်းအင်းဆိုင်ရာဆက်စပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် အောင်မြင်စွာကောက်ယူခဲ့ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရှေ့ပြေးလူဦးရေစာရင်း၊ သန်းခေါင်စာရင်းပင်မအစီရင်ခံစာဖြစ်သည့် ပြည်ထောင်စုအစီရင်ခံစာ၊ အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းအင်းအသုံးပြုသူများအတွက် စာရင်းဇယားများပါဝင်သည့် အစီရင်ခံစာများကို သတ်မှတ်ကာလ များအတွင်း တစ်ဆင့်ပြီးတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစီရင်ခံစာများကို ဆက်လက်ရေးသားပြုစုခဲ့ရာ သန်းခေါင်စာရင်း ရာနှုန်းပြည့်ကောက်ယူနိုင်ခဲ့သည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရာနှုန်းပြည့်နီးပါး ကောက်ယူနိုင်ခဲ့သည့် ပဲခူးတိုင်းဒေသကြီးတို့၏ အစီရင်ခံစာများကို ဦးစားပေးရေးသားပြုစုခဲ့သည့်အတွက် ယခုအခါ နေပြည်တော်အစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့ပြီဖြစ်ပါကြောင်း။

နေပြည်တော်အစီရင်ခံစာတွင် နေပြည်တော်၏ လူဦးရေဆိုင်ရာအချက်အလက်များအပြင် ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြောင်းအရာ စသည့်အခန်းကဏ္ဍများ စုံစုံလင်လင်ပါဝင်ပါကြောင်း၊ ယင်းအချက်အလက်များသည် ဒေသတွင်း၌ လက်ရှိဖြစ်ပေါ်နေသည့် လူဦးရေပြောင်းလဲလာမှုနှင့် မြို့ပြနှင့် ကျေးလက်အလိုက် လူဦးရေအခြေအနေ၊ ပညာရေးအဆင့်အတန်း၊ လုပ်သားအင်အားအခြေအနေနှင့် အလုပ်လုပ်ကိုင်မှု၊ ရွှေ့ပြောင်းသွားလာမှုနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း စသည့် လက်ရှိကာလအခြေအနေကို ဖော်ပြနေပါကြောင်း၊ သန်းခေါင်စာရင်းမှဖော်ထုတ်ရရှိသည့် အချက်အလက်များသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် အမျိုးသားရေးရည်မှန်းချက်များအတွက် လမ်းပြမြေပုံအဖြစ် ပေးစွမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို ဖော်ဆောင်ရာတွင်လည်း မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုနိုင်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံစာရင်းအင်းကဏ္ဍနှင့် နိုင်ငံတကာ စာရင်းအင်းကဏ္ဍများအတွက်လည်း မိမိတို့နိုင်ငံ၏ အချက်အလက်များကို ပံ့ပိုးပေးနိုင်မည် ဖြစ်သကဲ့သို့ အမျိုးသားညွှန်းကိန်း မူဘောင်အတွက်လည်း အညွှန်းကိန်းများကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ယနေ့ထုတ်ပြန်သည့် နေပြည်တော် သန်းခေါင်စာရင်းအစီရင်ခံစာသည် နေပြည်တော်၏ စာတတ်မြောက်မှုနှုန်း၊ ပညာရည်အဆင့်အတန်း၊ ကျောင်းဆက်မတက်သည့် အခြေအနေများအပေါ် သုံးသပ်၍ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် လိုအပ်သည့်အစီအမံများရေးဆွဲနိုင်ရေး ညွှန်ပြပေးသကဲ့သို့ လုပ်သားအင်အား၊ အလုပ်အကိုင်အခြေအနေနှင့် အလုပ်လက်မဲ့နှုန်းတို့ကလည်း နေပြည်တော်တွင်ရှိသည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သန်းခေါင်စာရင်းအချက်အလက်များကိုအသုံးချ၍ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ နေပြည်တော်အစီရင်ခံစာထုတ်ပြန်နိုင်မှုနှင့် အစီရင်ခံစာပါအချက်အလက်များကို အခြေခံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်မည့် လုပ်ငန်းအခြေအနေကိုလည်းကောင်း၊ ဒုတိယဝန်ကြီး က သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိနိုင်မည့် အချက်အလက်များအပေါ်အခြေခံကာ မူဝါဒများ၊ စီမံကိန်းများရေးဆွဲချမှတ်နိုင်ရေးနှင့် နေပြည်တော်အစီရင်ခံစာနှင့်ပတ်သက်၍ ဖော်ထုတ်ရရှိနိုင်မည့် အခြေအနေကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းဆိုင်ရာ နေပြည်တော်အစီရင်ခံစာများကို လွှဲပြောင်းပေးအပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3519 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download