၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်


Ministry of Information/ Naypyitaw / December 04, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသည့် အားကစား ကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

အသက်(၂၀)နှစ်အောက် ဘော်လီဘောပြိုင်ပွဲကျင်းပ

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများဖြစ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၀) နှစ်အောက် ဘော်လီဘောပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို သုံးပွဲ- နှစ်ပွဲဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို သုံးပွဲပြတ် ဖြင့်လည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို သုံး ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ဖူဆယ်ပြိုင်ပွဲများကျင်းပ       

အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့က တစ်ဖက် သုံးဂိုးစီဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို လေးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို ကိုးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို ခြောက်ဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို သုံးဂိုး - တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့က ဂိုးမရှိသရေဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို လေးဂိုး - နှစ်ဂိုးဖြင့်လည်း ကောင်း အနိုင်ရရှိခဲ့ကြသည်။

အသက်(၂၃)နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲကျင်းပ

ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၃) နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ရမှတ် (၈၀-၄၆) မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ် (၉၄-၂၇) မှတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ် (၆၅-၄၃) မှတ်ဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် (၅၈-၄၈) မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရမှတ် (၈၂- ၁၇) မှတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

အလားတူ ပြည်နယ်နှင့်တိုင်း ဒေသကြီး အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း (၃)/(၄) တို့တွင် ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့က တစ်ဖက်တစ်ဂိုးစီသရေဖြင့်လည်း ကောင်း၊ ကယားပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း အနိုင် ရရှိခဲ့ကြသည်။

အသက် (၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပ

ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို မွန်းလွဲပိုင်းတွင် ဘောဂဝတီအားကစားကွင်းနှင့် လယ်ဝေးမြို့နယ်အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

အလားတူ ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲများကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို လေးဂိုး - ဂိုးမရှိဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို သုံးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ယနေ့ ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ထည့်သွင်းကျင်းပသည့် ဝန်ကြီးဌာနအဆင့် အားကစားနည်း ခြောက်မျိုးတွင် ပြေးခုန်ပစ် (အမျိုးသား/ အမျိုး သမီး)၊ ဘောလုံး (အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ ဂေါက်သီး (အမျိုးသား)၊ ပိုက်ကျော်ခြင်း (အမျိုးသား) နှင့် ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲများ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ မျိုးတွင် ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ဘတ်စကက်ဘော (အမျိုးသား)၊ ကြက်တောင် (အမျိုးသား/ အမျိုးသမီး)၊ ဘိလိယက်/ စနူကာ (အမျိုးသား)၊ လက်ဝှေ့ (အမျိုးသား)၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု (အမျိုးသား/ အမျိုးသမီး)၊ ခရစ်ကတ် (အမျိုးသား)၊ ဘောလုံး(အမျိုးသား/ အမျိုးသမီး)၊ ဖူဆယ် (အမျိုးသား/ အမျိုးသမီး)၊ ဂေါက်သီး (အမျိုးသား)၊ ဂျူဒို (အမျိုးသား/ အမျိုးသမီး)၊ ကရာတေး (အမျိုးသား/ အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား/ အမျိုးသမီး)၊ ရေကူး (အမျိုးသား/ အမျိုးသမီး)၊ စားပွဲ တင်တင်းနစ် (အမျိုးသား/ အမျိုးသမီး)၊ တိုက်ကွမ်ဒို (အမျိုးသား/ အမျိုးသမီး)၊ တင်းနစ်(အမျိုးသား)၊ ရိုးရာခြင်းလုံး (အမျိုးသား/ အမျိုးသမီး)၊ မြန်မာ့သိုင်း (အမျိုးသား/ အမျိုးသမီး)၊ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး)၊ ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး)၊ အလေးမ (အမျိုးသား/ အမျိုးသမီး)၊ ဝူရှူး (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများ၊ မသန်စွမ်းအားကစားနည်း လေးမျိုးတွင် ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး)၊ ရေကူး (အမျိုးသား/ အမျိုးသမီး)၊ ထိုင်လျက် ဘော်လီဘောနှင့် မျက်မမြင်စစ်တုရင် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို ထည့်သွင်းကျင်းပလျက်ရှိသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစား ရုံ (A)၌ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို လာရောက်ကြည့်ရှုအားပေး နိုင်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3025 items

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download